နယ်စုံမှအသစ်ဝင်ပဲများ ဝင်ရောက်မှုများလာပြီး အရောင်းအဝယ်သွက်နေ

ရွှေမန်း

ပို့ကုန်ပဲများနှင့် ပြည်တွင်းသုံး ပဲမာလိုင်းများအားလုံး မတ်လဆန်း ပိုင်းတွင် နယ်စုံမှ အသစ်ဝင်ပဲများ ဝင်ရောက်မှုများလာပြီး အရောင်း အဝယ်သွက်နေကြောင်း ပဲ၊ နှမ်းကုန်သည်များထံက သိရ သည်။

ဖေဖော်ဝါရီလကုန်များက ပြည်တွင်းသုံးကုလားပဲများ ပမာဏ များများ ဝင်ရောက်မှုရှိလာသော် လည်း ဈေးကျဆင်းမှုမရှိဘဲ ဈေးကောင်းနေသလို လက်ရှိ မှာလည်း ပဲမာလိုင်းများ နယ်စုံ မှ ဝင်ရောက်လာမှုရှိလာရာ ပဲ၊ နှမ်းဈေးကွက်မှာ အရောင်းအဝယ် မြိုင်ဆိုင်နေသည့် ကာလဖြစ် ကြောင်း၊ ယခင်နှစ်များလို ပဲ အသစ်တွေ အဝင်များချိန် ဈေးကျ ဆင်းလေ့ရှိသော်လည်း ယခုနှစ် တွင် ပဲတီစိမ်း၊မတ်ပဲမှာ ပဲထွက်ရှိမှု နည်းပါးခြင်းနှင့် မိုးလေ၀သမမှန် တာကြောင့် အချို့တောင်သူတွေ ပဲထွက်ချိန် နှစ်ပိုင်းကွဲသလို ဖြစ် ခဲ့တာကြောင့်လည်း ပဲအသစ်ဝင် ရောက်မှုက အချိန်ခွဲဝင်ရောက် လာသလိုဖြစ်တာကြောင့်လည်း ဈေးကွက်မှာ ရှေ့၊နောက်ချိတ်ဆက် အဝယ်ကောင်းနေခြင်းဖြစ်ကြောင်း ပဲကုန်သည်များက သုံးသပ်ထား သည်။

ထို့ပြင် အိန္ဒိယနိုင်ငံ၏ ပဲ လိုအပ်ချက်မြင့်မားမှုကို အဝယ် ကုန်သည်များ ပါးနပ်စွာ ထိန်းထိန်း သိမ်းသိမ်းဝယ်နေတာကြောင့်လည်း ပို့ကုန်ပဲများမှာ ယခင်နှစ်များထက် အမြင့်ဈေးဖြစ်လာသော်လည်း တဖြည်းဖြည်း မြင့်တက်လာသည့် ပုံစံဖြင့်သာ အရောင်းအဝယ်ကောင်း နေခြင်းဖြစ်ကြောင်း၊ အလားတူ တရုတ်လိုင်းအဝယ်ရှိသည့် ပဲတီစိမ်း မှာလည်း နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းက တင်ပို့မှုထက် ပုံမှန်ကုန်သွယ်ရေးသင်္ဘောတင်လိုင်း က ပိုမိုအဆင်ပြေတာကြောင့်လည်း ပေါက်ဈေးက အမြင့်ဈေးနဲ့ ခပ်ငြိမ် ငြိမ်လေးသွားနေကြောင်း ပဲကုန် သည်များက ပြောသည်။

မတ်လဆန်းပိုင်းတွင် ပဲစင်းငုံ ပေါက်ဈေးက အိန္ဒိယနိုင်ငံ၏ ပဲ လိုအပ်ချက်သတင်းများနှင့် ပြည်တွင်း အထွက်နှုန်းကျဆင်းခြင်းကြောင့် ဆက်တိုက်မြင့်တက်လာပြီး မတ်ပဲ ဈေးကတော့ ကျလိုက်တက်ဈေး အနည်းငယ် ဈေးကစားမှုရှိနေသည်။ ပို့ကုန်ပဲများ အထွက်နှုန်းကျဆင်း သလို ပြည်တွင်းသုံးကုလားပဲများ ယခုနှစ် အထွက်နှုန်းကောင်းကောင်း ရရှိကြကြောင်း၊ ပဲမာလိုင်းများမှာ မြေထောက်ပဲတစ်မျိုးသာ ဈေး အကောင်းဆုံး ရရှိနေခြင်းဖြစ်ပြီး အခြားပဲမာလိုင်းများလည်း ယခင် နှစ်ကာလတူထက် ဈေးကောင်းရှိ နေကြောင်း ဦးကျော်သွင်(ရွှေစင် သိန်း) ပွဲရုံက ပြောသည်။

“ မတ်ပဲဈေးကတော့ အနည်း ငယ် ပြန်အေးချင်တယ်။ ပဲစင်းငုံက ဝယ်လိုအားရော ဈေးရော ကောင်း နေပါတယ်။ပိဿာ ၆၀ အိတ်တစ် အိတ်လျှင် ကျပ် ၂၀၆၀၀၀ လောက် ပဲ ဝယ်ချင်တယ်။ ဈေးကတော့ သိပ်တက်မလာတော့ဘူး။ မတ်ပဲ ဆိုရင် ငွေကျပ် ၁၈၁၀၀၀-၁၈၂၀၀၀ လောက် ပေါက်ဈေးရှိနေပါတယ်။ ပြည်တွင်းသုံး ကုလားပဲအုပ်စုက တော့ ဖေဖော်ဝါရီလကုန်ရက်တွေ က ဈေးအနည်းငယ်ကျဆင်းသွား ရာကနေ ဈေးပြန်မြင့်တက်လာလို ဠ၂ ကုလားပဲ၅၄ပိဿာတစ်အိတ် လျှင်ငွေကျပ်၁၉၃၀၀၀ထိ ပေါက် ဈေးရှိပါတယ်။ လက်ရှိအခြေအနေ ကတော့ ဈေးမတက်နိုင်သလို ဈေး ကျဆင်းမှုလည်း မရှိနိုင်ဘူး။ တက်နည်းနည်း ကျနည်းနည်းနဲ့ သွားလိမ့်မယ်။ မြေထောက်ပဲက တော့ ထိပ်စဈေးတစ်အိတ်ငွေကျပ် ၂၈၅၀၀၀ ဈေး အကောင်းဆုံးဖြစ် နေပါတယ်။ ပြည်တွင်းဒေါ်လာငွေ ဈေးကလည်း အတက်ဘက်မပါ တော့ ထူးထူးခြားခြားဈေးအပြောင်း အလဲမရှိပါဘူး။ မတ်လဆန်းပိုင်း မှာ ပဲမျိုးအသစ် အစုံအလင် နယ်စုံ ကနေ ဝင်ရောက်လာသလောက် အရောင်းအဝယ်ကောင်းတဲ့ အခြေ အနေပါ။ ပဲနှမ်းဈေးကွက်တစ်ခုလုံး အရောင်းအဝယ် ခပ်သွက်သွက်ဖြစ် နေတယ်။ လက်ရှိ ပဲ၊နှမ်း ပေါက် ဈေးကလည်း အမြင့်ဈေးမှာ ရှိနေ တာပါ´´ဟု ၎င်းက ပြောသည်။

မတ်လ ၂ ရက်တွင် ပဲတီ စိမ်းရွှေဝါ တစ်အိတ်လျှင် ငွေကျပ် ၂၃၀၀၀၀၊ လမ်းပဲ(ဒိုက်ဦး)လက်ခူး ပဲတစ်အိတ်လျှင် ငွေကျပ်၂၁၅၀၀၀- ၂၁၇၀၀၀၊ပြွန်တန်ဆာပဲတစ်အိတ် လျှင် ငွေကျပ်၂၀၈၀၀၀၊ ညောင် လေးပင်ပဲ တစ်အိတ်လျှင် ငွေကျပ် ၁၉၇၀၀၀-၁၉၈၀၀၀ အရည် အသွေးအလိုက် ပေါက်ဈေး ကွာခြားသွားကြောင်း သိရသည်။

ပဲတီစိမ်းဈေးကွက်မှာ မန္တလေးဈေးကွက်နှင့် ရန်ကုန် ဈေးကွက်နှစ်ခုလုံး အရောင်းအဝယ် ကောင်းနေကြောင်း သိရသည်။ ပဲတီစိမ်းအထွက်နှုန်းက ပုံမှန် အထွက်နှုန်းအတိုင်း ထွက်ရှိလာမည် ဖြစ်သော်လည်း ရာသီဥတုကြောင့် ယခင်နှစ်တွေလို တပြိုင်တည်း ထွက်လာတာမျိုးမဟုတ်ဘဲ၊ရှေ့ ထွက်၊ နောက်ထွက်နှင့် ချိတ်ဆက် ထွက်ရှိနေတာကြောင့်လည်း ဈေး ကျဆင်းတာမျိုးမရှိဘဲ ဈေးကွက် အတွင်း အရောင်းအဝယ်ပုံမှန်ရှိနေ ကြောင်း မန္တလေးပဲကုန်သည် ဦးသိန်းဇံက ပြောသည်။

Leave a Reply

Your email address will not be published.