အောက်တိုဘာမှစပြီး ပြည်ပသို့ ဆန်တင်ပို့မှု အားကောင်းမည်ဟု မြန်မာနိုင်ငံဆန်စပါးအသင်းဆို

ရွှေမန်း

လာမည့် အောက်တိုဘာလမှ စတင်ပြီး ပြည်ပဈေးကွက်ထံ မြန်မာ့ဆန်တင်ပို့မှု ပြန်လည်အား ကောင်းလာမည်ဖြစ်ကြောင်းမြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်(MRF) တာဝန်ရှိသူက ပြောသည်။

“တကယ်တင်ပို့မယ့် အချိန် ကတော့ အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာ၊ ဇန်နဝါရီ၊ ဖေဖော်ဝါရီ၊ မတ်၊ ဒီ ၆ လက ဆန်စပါး တင်ပို့ မယ့် အားအကောင်းဆုံး အချိန် ကာလပဲ ဖြစ်ပါတယ်´´ဟု (MRF) ဥက္ကဋ္ဌ ဦးရဲမင်းအောင်က ပြော သည်။

လက်ရှိ မိုးတွင်းကာလမှာ ဆန်ပြည်ပတင်ပို့မှု လျော့နည်း နေပြီး တစ်ဖက်မှာလည်း သင်္ဘော တင်ဖြစ်သလို သိုလှောင်မှုအပိုင်း မှာလည်း အစိုဓာတ်ဖြစ်ပေါ်မှုတွေ ရှိနေသည်။

၂၀၂၃ ခုနှစ် မေ၊ ဇွန်၊ ဇူလိုင်၊ ဩဂုတ်မှာတော့ ဆန်၊ ဆန်ကွဲ တန်ချိန် ၃ သိန်းကျော်၊ ၄ သိန်း နီးပါး တင်ပို့ထားကြောင်း သိရ သည်။

မြန်မာနိုင်ငံဆန်စပါးအသင်း ချုပ်က ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် အတွင်း ပြည်ပနိုင်ငံတွေထံ ဆန်၊ ဆန်ကွဲ တန်ချိန် ၂ ဒသမ ၅သန်း ရောင်းချနိုင်ဖို့ ရည်မှန်းထားပြီး အဲ့ဒီကနေ ပို့ကုန်ဝင်ငွေ အမေ ရိကန်ဒေါ်လာ တစ်ဘီလီယံရရှိဖို့ မျှော်လင့်ထားသည်။

အိန္ဒိယ၏ ကမ္ဘာ့ဈေးကွက်ထဲ ဆန်ရောင်းချမှု ကန့်သတ်လိုက် ခြင်းကြောင့် ထိပ်တန်းဆန်တင်ပို့ သူတွေဖြစ်တဲ့ ထိုင်းနဲ့ ဗီယက်နမ် အပါအဝင် မြန်မာ့ဆန်ဈေးနှုန်း တွေလည်း မြင့်တက်လာခဲ့ခြင်း ဖြစ်သည်။

စီးပွားကူးသန်းက ပြည်ပ တင်ပို့မည့် ဆန်နှင့် ဆန်ထွက် ပစ္စည်းတွေကို ကြိုတင်စိစစ်ပြီး ၁၀၀ ရာခိုင်နှုန်းအသင့်ရှိမှ ပို့ကုန် လိုင်စင် ခွင့်ပြုတဲ့စနစ်ကို ကျင့်သုံး နေကြောင်း ဖြစ်သည်။

Leave a Reply

Your email address will not be published.