၂၁ ရာစု ပင်လုံညီလာခံ စတုတ္ထ အစည်းအဝေးမှပြည်ထောင်စု သဘောတူညီချက် အစိတ်အပိုင်း ၃ စာချုပ်ကိုပြည်ထောင်စု လွှတ်တော်အစည်းအဝေးတွင်ကန့်ကွက်သူမရှိ အတည်ပြု

မကွေးဂျာနယ် ြသဂုတ်လ(၂၆)ရက်

            ကျင်းပလျှက်ရှိသော ပြည်ထောင်စု လွှတ်တော်အစည်းအဝေးတွင် ၂၁ ရာစု ပင်လုံညီလာခံ စတုတ္ထ အစည်းအဝေးတွင်သဘောတူ လက်မှတ်ရေးထိုးခဲ့သည့် ပြည်ထောင်စု သဘောတူညီချက် အစိတ်အပိုင်း ၃ စာချုပ်ကိုကန့်ကွက်သူမရှိ အတည်ပြုခဲ့သည်ဟု သိရသည်။

            နိုင်ငံတော်သမ္မတက ပေးပို့တဲ့ ပြည်ထောင်စု သဘောတူညီချက် အစိတ်အပိုင်း ၃ စာချုပ်ကို အတည်ပြုပေးဖို့ ပြည်ထောင်စု ရှေ့နေချုပ် ဦးထွန်းထွန်းဦးမှ ပြည်ထောင်စု လွှတ်တော်တွင် တင်ပြခဲ့ခြင်း ဖြစ်သည်။

            သြဂုတ်လ ၁၉ ရက်နေ့ကနေ ၂၁ ရက်နေ့အထိ သုံးရက်ကြာကျင်းပခဲ့သည့် ၂၁ -ရာစုပင်လုံ ပြည်ထောင်စုြငိမ်းချမ်းရေးညီလာခံတွင် အစိုးရ၊ တပ်မတော်၊ လွှတ်တော် အစုအဖွဲ့၊ အပစ်ရပ်ထား သည့်တိုင်း ရင်းသား လက်နက်ကိုင်အဖွဲ့(EAOs) ကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီအစုအဖွဲ့မှ ကိုယ်စား လှယ် များနှင့်အသိသက်သေများကက သဘောတူ လက်မှတ်ရေးထိုးခဲ့ကြသည်။

            ပြည်ထောင်စု သဘောတူညီချက် အစိတ်အပိုင်း ၃ စာချုပ်တွင်အပိုင်း ၁ (က) NCA အကောင်အထည်ဖော်မှုဆိုင်ရာ မူဘောင်သဘောတူညီချက် ၁၅ ချက်၊ အပိုင်း ၂ တွင် ၂၀၂၀ အလွန် အဆင့်လိုက် လုပ်ငန်းစဉ်များနှင့်အဆင့်လိုက် အကောင်အထည်ဖော်မှု ဇယား ၁ ၊ အပိုင်း ၃ တွင် ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စု တည်ဆောက်ရေးဆိုင်ရာ လမ်းညွှန်အခြေခံမူ ငါးချက်တို့ ပါဝင်သည်။

Leave a Reply

Your email address will not be published.