ရွှေမန်း
၂၀၂၅ ခုနှစ် ကြံရာသီ သကြားစက်များ ဇန်နဝါရီလ ဆန်း ပိုင်းရက်များမှ စတင်ကာ လည်ပတ်ထုတ်လုပ်နေကြောင်း သိရသည်။
၂၀၂၄-၂၀၂၅ ခုနှစ်ထုတ် ပြည်တွင်းသကြားများ ဈေးနှုန်း တည်ငြိမ်နေပြီး တစ်ပိဿာလျှင် ငွေကျပ် ၄၈၀၀-၅၁၀၀ ပေါက် ဈေးရှိနေသည်။ ယခုနှစ် ကြံတစ် တန်ပေါက်ဈေးမှာ ငွေကျပ် ၁၈၀၀၀၀-၂၀၀၀၀၀ ပေါက်ဈေး ကို စက်ရုံအသီးသီးမှ ဝယ်ယူ လျက်ရှိပြီး ဇန်နဝါရီလဆန်းပိုင်း ရက်များတွင် စတင်လည်ပတ် နေခြင်းဖြစ်သည်။
“ စစ်ကိုင်းတိုင်းအထက်ပိုင်း မောင်းကုန်း သကြားစက်၊ MEC သကြားစက်၊ Ever Green သကြားစက်၊ ရှမ်းမြောက် ဒေသ ငွေရည်ပုလဲ သကြားစက်၊ ရှမ်း တောင်ဒေသ မြဘုရင် သကြား စက်များ အပြည့်အဝ လည်ပတ် ကြိတ်ဝါးမည်ဖြစ်ပါတယ်။ ဒါ ကြောင့် ပြည်တွင်းသကြား အထွက်နှုန်း လျော့ကျစရာမရှိ၊ သကြားအထွက်တိုးလာပါမယ်၊ လက်ရှိ ပြည်တွင်းသကြားဈေးက မြင့်နေပြီး ပြည်ပသကြားဈေးက မြင့်နေလို့ ဈေးကွက်အတွင်း သကြားပိုလျှံမှု ဖြစ်နိုင်ပါတယ်၊ နိုင်ငံခြားသကြားပေါက်ဈေးက နိမ့်နေလို့ သကြားတင်ပို့မှုလည်း လျော့ကျနိုင်ပါတယ်´´ ဟု မြန်မာ နိုင်ငံ ကြံနှင့်ကြံထွက်ပစ္စည်း လုပ်ငန်းရှင်များအသင်း တာဝန် ရှိသူတစ်ဦးက ပြောသည်။
လက်ရှိ ပြည်တွင်းသကြား အရောင်းအဝယ်မှာ ဈေးကျဆင်းမှု မရှိဘဲ တည်ငြိမ်နေပြီး နောက်လ များတွင်သကြား အသစ်များထွက် ရှိလာချိန်တွင် ပြည်တွင်းသကြား ဈေးအနည်းငယ် ကျဆင်းလာနိုင် ကြောင်း ကုန်သည်များက သုံး သပ်ထားသည်။
ပြည်တွင်းသကြားသုံးစွဲမှု မှာလည်း လျော့ကျနေပြီး ပြည်ပ တင်ပို့နိုင်မှုလည်း လျော့ကျနေ ချိန်ဖြစ်သည်။
ယခင်နှစ် ကြံရာသီက ထွက်ရှိလာသော သကြားများ အနက် တန်ချိန် ၅၀၀၀၀- ၆၀၀၀၀ ခန့်သာ တင်ပို့နိုင်ခဲ့ပြီး လက်ရှိနိုင်ငံတကာ သကြားပေါက် ဈေးမှာ တစ်တန်လျှင် အမေရိကန် ဒေါ်လာ ၅၄၀ ပေါက်ဈေးရှိနေပြီး ပြည်တွင်းသကြားပေါက်ဈေးထက် လျော့ကျနေကြောင်း သကြား ကုန်သည်များက ပြောသည်။
လာမည့် ၂၀၂၅ ခုနှစ်အတွင်း နိုင်ငံခြားသို့ ပြည်ပတင်ပို့မှု လျော့ ကျနိုင်သလို ပြည်တွင်းသကြား ဈေးကွက်မှာလည်း သကြားပိုလျှံ မှုများကြောင့် သကြားဈေး ဆက် လက်တည်ငြိမ်နေပြီ ဖြစ်သည်။
သကြားစက်ရုံများမှ ထွက်ရှိ သည့် ပို့ကုန်အရည်အသွေးရှိ သကြားအဖြူ၊ ပြည်တွင်းသုံး သကြားညို၊ သကာရည်များကို ပြည်တွင်းထုတ်စားသောက်ကုန် နှင့် အဖျော်ယမကာထုတ်လုပ် သည့် လုပ်ငန်းများတွင် စက်မှု ကုန်ကြမ်းအဖြစ် သုံးစွဲနေခြင်း ဖြစ်သည်။
ယခုနှစ် ကြံစိုက်တောင်သူ များအနေဖြင့် စိုက်ပျိုးစရိတ် ကြီး မြင့်ခြင်း၊ စက်သုံးဆီသွင်းအားစု များ သုံးစွဲရာတွင် ဈေးကြီးမြင့် ခြင်း၊ လုပ်သားရှားပါးခြင်းများ ကြောင့် ပြီးခဲ့သည့် ကြံသစ်စိုက် ပျိုးမှုများ လျော့ကျခဲ့ကြောင်း သိရသည်။
Leave a Reply