ရွှေမန်း
အိန္ဒိယမှ ၂၀၂၄ ခုနှစ် ပဲသစ် ရာသီတွင် ပေါ်လာသည့် မတ်ပဲ၊ ပဲစင်းငုံကို နှစ်လအတွင်း တန်ချိန် အများအပြား ဝယ်ယူမည့် အခြေ အနေများရှိတာကြောင့် မတ်ပဲ ပေါက်ဈေးမှာ ဆက်လက်မြင့် တက်လာကြောင်း ပဲကုန်သည် များက သုံးသပ်ထားသည်။
ထို့အပြင် အခွန်ကင်းလွတ် ခွင့်ဖြင့် တင်ပို့ခွင့်ကို မတ်လအထိ တိုးမြင့်လိုက်တာကြောင့်လည်း မတ်ပဲဈေးက အတက်ဘက်တွင် ရှိနေခြင်းဖြစ်သည်။
ယခင်နှစ်ဒီဇင်ဘာလအတွင်း က မတ်ပဲတစ်တန်လျှင် ငွေကျပ် သိန်း ၃၀ ကျော်အထိ ပေါက်ဈေး မြင့်တက်ခဲ့သော်လည်း ဇန်နဝါရီ လဆန်းပိုင်းတွင် အနည်းငယ် ဈေးပြန်ကျခဲ့ပြီး လက်ရှိအချိန်တွင် တစ်တန်လျှင် ငွေကျပ် သိန်း ၃၀ အထက်မှာ ဆက်လက်တည်ရှိနေ သည်။
အိန္ဒိယ၏ မတ်ပဲတန်ချိန် အများအပြားဝယ်ယူရန် ရှိနေ ခြင်းကြောင့် မတ်ပဲအသစ် ဈေးက ၂၀ ပိဿာ တစ်တင်းလျှင် အနိမ့် ဆုံးဈေး ငွေကျပ် ၉ သောင်း အောက် ကျဆင်းစရာမရှိဟု ပွဲရုံပိုင်ရှင်တစ်ဦးက သုံးသပ်သည်။
မန္တလေးဈေးကွက်တွင် ဇန်န ဝါရီပထမသီတင်းပတ်က မတ်ပဲ သုံးတင်းဝင် တစ်အိတ်လျှင် ငွေ ကျပ် ၂၈၅၀၀၀ ပေါက်ဈေးရှိနေ ပြီး ပဲအရည်အသွေးအလိုက် ဈေး နှုန်းအနည်းငယ်အပြောင်းအလဲ ရှိသည်။
မတ်ပဲကို အဓိကစိုက်ပျိုး သည့် ဧရာ၀တီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးတို့တွင် မတ်ပဲ တစ်တင်းလျှင်၈၉၀၀၀- ၉၀၀၀၀ ကြား ပေါက်ဈေးရှိပြီး ပဲပေါ်ပေါ် ချင်း တောင်သူများအတွက် ဈေး ကောင်းရသည့် နှစ်တစ်နှစ်ဖြစ်လာ သည်။
Leave a Reply