ရွှေမန်း

လာမည့် ၂၀၂၃ ခုနှစ်မှာ မြန်မာ့ပဲတီစိမ်းတန်ချိန် ၁၀,၀၀၀ ကျော်ကို ဥရောပသမဂ္ဂနိုင်ငံတွေဆီ တင်ပို့သွားမည်ဖြစ်ကြောင်း စားသုံးသူရေးရာဦးစီးဌာနမှ သိရသည်။

“ဥရောပသမဂ္ဂနိုင်ငံတွေက မြန်မာ့ပဲတီစိမ်းဝယ်ယူရာမှာ သတ်မှတ်ထားတဲ့ Guide Line တွေရှိပါတယ်။ အရည်အသွေးကောင်းမွန်မှု ရှိ/မရှိ၊ ဝယ်ယူထုတ်ပိုးသိုလှောင်တာကအစ သတ်မှတ်ထားတဲ့ စံချိန်စံညွှန်းတွေကို လိုက်နာရတယ်။ သူတို့ဘက်က အသိအမှတ်ပြုထားတဲ့အဖွဲ့အစည်းတွေကတစ်ဆင့် လာရောက်စစ်ဆေးပြီး တင်ပို့ရတာဖြစ်ပါတယ်” ဟု စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

မြန်မာ့ပဲတီစိမ်းကို ဥရောပသမဂ္ဂနိုင်ငံတွေကို တင်ပို့ရာမှာ အဓိအားဖြင့် နယ်သာလန်၊ အိုင်ယာလန်၊ အင်္ဂလန်၊ ဂျာမနီစတဲ့နိုင်ငံတွေကိုတင်ပို့နေပြီး အဲ့ဒီနိုင်ငံတွေက အခြားသော ဥရောပကုန်သည်တွေနဲ့ ချိတ်ဆက်ကာ ပြန်လည်ဖြန့်ဖြူးနေတာဖြစ်ကြောင်း သိရသည်။

Leave a Reply

Your email address will not be published.