“၂၀၂၀ ဒီဇင်ဘာလဆန်းပိုင်းမှာစားသောက်ဆိုင်၊လက်ဖက်ရည်ဆိုင်များကို ကိုဗစ်စည်းကမ်းနဲ့အညီ ဖွင့်ခွင့်ပြုမည်”

မကွေးနိဝင်ဘာ ၃၀ “

မကွေးမြို့မှာ လာည့် ၂၀၂၀ ဒီဇင်ဘာလဆန်းပိုင်းရက်တွင် စားသောက်ဆိုင်၊လက်ဖက်ရည်ဆိုင်များကို ကိုဗစ်စည်းကမ်းနဲ့အညီ ဖွင့်ခွင့်ပြုဖို့စီစဥ်နေကြောင်း မြို့နယ်စည်ပင်သာယာရေးကော်မတီမှ သိရသည်။ဥက္ကဌဦးဖိုးနီကပြောပါတယ်။ “ကိုဗစ်ဒုတိယလှိုင်းစဖြစ်ပြီး စက်တင်ဘာ၁၄ရက်နေ့မှစတင်ကာ မ​ကွေးမြို့ရှိ စားသောက်ဆိုင်တွေကို ပါဆယ်စနစ်နဲ့သာရောင်းချခွင့်ပြုခဲ့ပြီး ၂လကျော်ပြီးကာမှဆိုင်ထိုင်စနစ်နဲ့ ပြန်လည်ရောင်းချခွင့်ပြုမှာပါ၊ ဆိုင်ထိုင်စနစ်နဲ့ ရောင်းချခွင့်ပြုရာတွင်ကိုဗစ်စည်းကမ်း၁၄ချက်ကို ဆိုင်ရှင်တွေအနေနဲ့ လိုက်နာရမှာဖြစ်ပါတယ်၊ ဆိုင်တွေပြန်လည်ဖွင့်လှစ်နိုင်ဖို့ တိုင်းအစိုးရအဖွဲ့ထံတင်ပြထားပြီး ဖွင့်ခွင့်ရခဲ့ရင်လည်းစည်းကမ်းလိုက်နာမှုရှိမရှိ ကိုစစ်ဆေးတာတွေလုပ်ဆောင်သွားမယ်ဟု မကွေးမြို့နယ်စည်ပင်သာယာရေးကော်မတီအဖွဲ့ ဥက္ကဌဦးဖိုးနီကပြောသည်။ “ဆိုင်များဖွင့်ခွင့်မပြုခင်မှာ မြို့နယ်စည်ပင်၊ စားသုံးသူရေးရာ၊ အထွေထွေအုပ်ချုပ်ရေးဌာန၊ ကျန်းမာရေးဌာနနှင့်အခြားတာဝန်ရှိသူများက စစ်ဆေးသွားမည်ဖြစ်ပြီး စည်းကမ်းချက်များနှင့် ကိုက်ညီသည့်ဆိုင်များကိုသာ ဖွင့်ခွင့်ပြုသွားမည်ဖြစ်သည်။ “ဆိုင်တွေမှာ ကျန်းမာရေးဌာနကထုတ်ပြန်ထားတဲ့ စည်းကမ်းချက်တွေပါဝင်တဲ့ ကိုဗစ်စည်းကမ်းတွေနဲ့အညီ လုပ်​ဆောင်ရမှာဖြစ်ပြီး လက်ရှိဆိုင်ဖွင့်ခွင့်ရရင်လည်းအလုပ်သမားရှာမရတဲ့ အခက်အခဲတွေရှိနေတယ်ဟု လက်ဖက်ရည်ဆိုင်ပိုင်ရှင်ဒေါ် စိန်​​မြင့်က ပြောသည်။ “မကွေးမြို့မှာ စားသောက်ဆိုင်နှင့်လက်ဖက်ရည်ဆိုင် (၂၅၀) ဝန်းကျင်ရှိပြီး ကိုဗစ်ဒုတိယလှိုင်းမှာ မ​ကွေးတိုင်းအတွင်းပိုးတွေ့လူနာများလာသည့်အတွက် ပါဆယ်စနစ်နှင့်ရောင်းချခွင့်ကိုပြုခဲ့ပြီး ဆိုင်တွေဖွင့်ခွင့်ရခဲ့ရင်လည်း ကိုဗစ်စည်းကမ်းနဲ့အညီလိုက်နာပြီး လုပ်ဆောင်ဖို့ မြို့နယ်စည်ပင်ဥက္ကဌက တိုက်တွန်းပြောဆိုထားသည်။

သက်မှူးအိမ်(မကွေးဂျာနယ်)

Leave a Reply

Your email address will not be published.