ရွေးကောက်ပွဲ အရှုပ်တော်ပုံများ

မန်မာနိုင်ငံအတွက် ပထမအကြိမ် ပါလီမာန်လွှတ်တော် အထွေထွေရွေးကောက်ပွဲကို၁၉၅၁-၁၉၅၂ မှာ

 (၃)ကြိမ်ခွဲပြီး လုပ်ခဲ့ပါတယ်။ လုံခြုံရေးအခြေအနေအရ တစ်ပြိုင်တည်းမကျင်းပနိုင်ခြင်းဖြစ်တယ်။

ရွေးကောက်ပွဲ ၀င်တဲ့ပါတီတွေကတော့ အာဏာရ ဖဆပလအဖွဲ့ချုပ်ဝိဓူရသခင်ချစ်မောင်၊ သခင်လွင်တို့ရဲ့

 (ဆိုရှယ်ဦး) ဗမာပြည်အလုပ်သမားလယ်သမားပါတီ၊ ဗိုလ်ချုပ် အစ်ကိုဦးအောင်သန်းရဲ့ပြည်သူ့ငြိမ်းချမ်းရေး

အဖွဲ့ပေါင်းစုံ၊ဗိုလ်ထွန်းစိန်ရဲ့ပြည်သူ့ငြိမ်းချမ်းရေးအဖွဲ့ပေါင်းစုံ၊၊ သခင်မစိန် ရဲ့ ဗမာပြည် ဒီမိုကရက်

တစ်ပါတီ၊ဒေါက်တာဘမောင်ရဲ့ မဟာဗမာအဖွဲ့၊ ဘကြီး ဘဘေရဲ့ပြည်ချစ်မဟာမိတ် အဖွဲ့၊ ရခိုင်အမျိုးသားအဖွဲ့၊ရှမ်း၊ မွန်၊ ကချင်ဒေသခံများပါတီ၊ မဟာမူဆလင်ကွန်ကရာဇ်၊ ဗိုလ်ချုပ်အောင်ဆန်းအဖွဲ့၊

အောင်ပါတီ၊အင်ဒီပင်းဒင့်ပါတီစတဲ့ပါတီများ ယှဉ်ပြိုင်ကြရတယ်။

လွှတ်တော်အမတ်(၂၃၃)နေရာမျာ အာဏာရ ဖဆပလ (၁၈၀)နေရာ အတိုက်အခံတွေက(၅၃)နေရာ ရတယ်လို့ စာနယ်ဇင်မှတ်တမ်းများအရ သိရပါတယ်။ ဘားအံအမတ်လောင်း ဦးဘဆက်၊ရွှေဘိုက ကိုယ်စားလှယ်၊ ပခုက္ကူအတိုက်အခံ ကိုယ်စားလှယ် (၂)ယောက်၊ မိတ္ထီလာအတိုက်အခံ (၇)ယောက်၊

အင်းစိန် အမတ်လောင်း ဦးထွန်းမြင့်၊ ရခိုင်အမတ် ဦးဘစိန်တို့ အသတ်ခံရတယ်။

ဧပြီ(၁)ရက်နေ့ မြို့တော်ခန်းမရှေ့မှာ “မတရားရွေးကောက်ပွဲ”ကွန်ဖရန့်ကိုကျင်းပခဲ့တယ်။

အဲဒီမှာ မဲရှုံးပါတီတွေက ခေါင်းဆောင်တွေဖြစ်တဲ့ဒေါက်တာဘမော်၊ ဦးအောင်သန်း၊သခင်ချစ်မောင်၊

 သခင်လွင်၊ ဦးဘငြိမ်းစတဲ့သူတွေ အာဏာရပါတီ အသိုင်းအ၀ိုင်းရဲ့မတရားသဖြင့် ရွေးကောက်ပွဲကျင်း

ပပုံကို ရှင်းပြကြတယ်။

ဒုတိယအကြိမ်ရွေးကောက်ပွဲကို ၁၉၅၆-ခုနှစ် ဧပြီလ(၂၇)ရက်နေ့မှာကျင်းပတယ်။လက်ဝဲမတ်(၁၀)၀ါဒီ ပါတီတွေဟာ မဟာမိတ်ဖွဲ့လို့“ပြည်ထောင်စုမြန်မာနိုင်ငံအမျိုးသားညီညွတ်ရေးတပ်ပေါင်းစုံ (ပမညတ)

ကိုထူထောင်ကြတယ်။ ပမညတ သဘာပတိအဖွဲ့မှာ အလှည့်ကျဥက္ကဋ္ဌတွေနဲ့ လည်ပတ်ခဲ့တယ်။

ဝိသူရသခင် ချစ်မောင်၊ ဦးသိန်းဖေမြင့်၊ ဦးအောင်သန်း၊ သခင်လွင်၊ဒေါက်တာ ဦးအေးမောင်တို့က

ထိပ်သီးခေါင်းဆောင်တွေ ပါရွေးကောက်ပွဲမှာ ဖဆပလက (၁၄၄)နေရာ၊ပမညတက(၄၇)နေရာနိုင်ကြတယ်။

 တိုင်းရင်းသားပါတီအချို့ လည်း အနိုင်ရပါတယ်။

ပမညတ သခင်လွင်နဲ့ ဦးအောင်သန်းတို့ မင်းလှကိုအလာရှေ့ပြေးဂျစ်ကားမှာပါတဲ့ကိုယ်စားလှယ်(၄)ဦး မင်းလှတာဆုံမှာ ပစ်ခတ်သတ်ဖြတ်ခံရတယ်။ပြူစောထီးတွေထက်ဝက်ခန့်ဆိုပါတယ်။ ၀န်ကြီးချုပ် ဦးနုရဲ့ အာဏာရ ဖဆပလအဖွဲ့ကြီးလူထုထောက်ခံမှုကျဆင်းလာတယ်။ အာဏာအလွဲသုံးစားမှုလုပ်တယ်။ အဂတိ လိုက်စားမှု လူထုအပေါ်အနိုင်ကျင့်မှုလုပ်တယ်ဆိုကြတယ်။ ဆိုရှယ်လစ်အုပ်စု၊ ဒုဝန်ကြီးချုပ် ဦးဗဆွေနဲ့ ဦးကျော်ငြိမ်းတို့ကပမညတ အတိုက်အခံတွေကိုတောတွင်း ကွန်မြူနစ်သူပုန်တွေက ခြိမ်းခြောက်မဲပေးခိုင်း

တယ်လို့ စွပ်စွဲကြတယ်။ ၁၉၅၈-ခုနှစ် ဖဆပလ သန့်ရှင်းတည်မြဲနှစ်ခြမ်းကွဲတယ်။အတိုက်အခံတွေကို

လူထုထောက်ခံ မှုမြင့်တက်လာခဲ့တယ်။

ပမညတ မဲ(၄၄)မဲ အထောက်အကူနဲ့ ဦးနုရဲ့သန့်ရှင်းဖဆပလအစိုးရဖွဲ့နိုင်တယ်။ပြည်ထဲရေး၊ကာကွယ်ရေး

ကို ကိုင်ခဲ့ဘူးတဲ့ ဦးဘဆွေ၊ ဦးကျော်ငြိမ်းတို့အုပ်စု အာဏာမဲ့သွားတယ်။ပမညတတွေ လွှတ်တော်ထဲရာက်

လာတော့မြေပေါ်ကွန်မြူနစ်တွေလို့ တည်မြဲနဲ့စစ်တပ်ကခေါ်ကြတယ်။ ကသိကအောင့် များစွာနဲ့ ဗိုလ်ချုပ်နေ၀င်းကို အိမ်စောင့်အစိုးရ၀န်ကြီးချုပ်အာဏာလွှဲလို့ (၆)လအကြာမှာရွးကောက်ပွဲလုပ်ပေးဖို့ ဦးနုက ကတိပြုစေခဲ့တယ်။ဥပဒေပုဒ်မ ၁၁၆ ကို လွှတ်တော်မှာ ပြင်ဆင်ပြီး ဗိုလ်ချုပ်နေ၀င်းက (၁၈)လအုပ်ချုပ်

ခဲ့တယ်။

၁၉၆၀-ပြည့်နှစ် ဖေဖော်ဝါရီလ(၆)ရက်နေ့မှာ ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲကျင်းပတယ်။ သန့်ရှင်း၊ တည်မြဲ၊ ပမညတတွေ အပြိုင်အဆိုင် စည်းရုံးကြတာ၊တိုင်းပြည်မှာတော့ ၀က်ဝက်ကွဲစည်ကားခဲ့တယ်။ ပါတီ အချင်းချင်း အပုတ်ချကြတယ်။ ဦးဘဆွေရဲ့“နိုင်ရင်လည်းနိုင်ရမယ်၊ ရှုံးရင်လည်းနိုင်ရမည်”စကားကြောင့် စစ်တပ်ကို အားကိုးတယ်ဆိုပြီးတည်မြဲမဲရှုံးခဲ့ရတယ်။ သန့်ရှင်းအုပ်စု စည်းရုံးရေးမှူး(၆)ဦးကို စစ်ကိုင်းတိုင်း၊

ငန်းဇွန်းမြို့နယ်မှာ လက်နက်ကိုင်တစ်စုကို သတ်ဖြတ်မှုက နာမည်ကြီးတယ်။နောက် မြိတ် မပိုသတ်မှု၊

ဆီတောင် အိုင်သတ်မှုတွေဖြစ်ခဲ့တယ်။ ပါတီစုံခေတ်ရဲ့ ဆိုးဝါးချက်တွေကိုအလိုတော်ရီးသတင်းစာတွေ

ကရေးကြတယ်။ ဦးနေ၀င်းအကြိုက်တွေရေးလို့၁၉၆၂-ခုနှစ် မတ်လ(၂)ရက်နေ့မှာ ပါတီစုံခေတ်ကြီး ချုပ်ငြိမ်းလို့ မဆလတပါတီစနစ်ထူထောင်လိုက်တယ်။

၁၉၆၀-ပြည့်နှစ်ရွေးကောက်ပွဲမှာ သန့်ရှင်းက (၁၅၉)ဦး၊ တည်မြဲက (၃၉)ဦး၊ပမညတက ရေးမြို့နယ်မှာ (၁)ဦး၊ တစ်သီးပုဂ္ဂလ(၄၂)ဦးနိုင်ကြတယ်။ လုံခြုံရေးအရ(၁၀)နေရာမရွေးချယ်နိုင်ခဲ့ဘူး။ သန့်ရှင်း ဖဆပလက ပြည်ထောင်စုပါတီအမည်ပြောင်းပြီး(၂၃)လအုပ်ချုပ်ခဲ့တယ်။ လူတည်မြဲ မဲ သန့်ရှင်းဆိုတာ ဦးနုရဲ့ နည်းပညာ ဖြစ်တယ်။

တစ်ပါတီ မဆလခေတ်ကိုကျော်လွှားလိုက်တော့ ၁၉၉၀-ပြည့်နှစ်မှာ န၀တကပါတီဆုံရွေးကောက်ပွဲ ကျင်းပပေးခဲ့တယ်။ (၁၃၈)ပါတီ ထိအောင် ထူထောင်ကြတယ်။(၇၃)ပါတီပြိုင်တယ်။ရွေးကောက်ပွဲကော်မရှင်

 က ဦးဘဌေး၊ ဦးစောကြာဒိုး၊ ဆရာချယ်၊ဦးစန်းမောင်၊ ဦးကျော်ညွန့်စတဲ့နိုင်ငံရေးသမားမဟုတ်သော ဂုဏ်သရေ ရှိလူကြီးတွေကိုလုပ်စေခဲ့တယ်။

လွတ်လပ်မျှတသော (FREE AND FAIR) ရွေးကောက်ပွဲဖြစ်တယ်။ရွေးကောက်ပွဲကို မသမာမှု

ထောက်ပြစရာမရှိအောင်ဖြစ်တယ်။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က တောင်ပြိုကမ်းပြိုအနိုင်ရပြန်တော့

 အာဏာမလွဲဘူးဖြစ်ပြန်တယ်။ အနိုင်ရပါတီကို အာဏာလွှဲပြီးစစ်တန်းလျားပြန်မယ်ဆိုတဲ့ န၀တ

 ဥက္ကဋ္ဌဗိုလ်ချုပ် စောမောင် ဂတိမတည်နိုင်ပဲ အကြပ်တွေ့ခဲ့တယ်။ဗိုလ်ချုပ် သန်းရွှေ နဲ့ လူလဲပြီး နအဖအသစ် ထူထောင်တယ်။

၁၉၉၃-ခုနှစ်မှာ အမျိုးသားညီလာခံကို NLD နဲ့ SNLD ကျားခေါင်းအဖွဲ့တွေသပိတ်မှောက်တယ်။ နအဖ က တစ်ဖက်က အာဏာတွေမြှင့်ခဲ့ပြီး ပြည်ခိုင်ဖြိုးအသင်းကိုတည်ထောင်တယ်။ ၂၀၀၈-ခုနှစ် အခြေခံဥပဒေကို (၁၃)နှစ်ခွဲ စိတ်တိုင်းကျရေးဆွဲခဲ့တယ်။ ၂၀၁၀-ပြည့်နှစ်ရွေးကောက်ပွဲအမှီ ဒီပဲယင်းအရေးအခင်း၊ NLD ပါတီ မြို့နယ်ရုံးများပိတ်သိမ်းရေးတွေလုပ်ခဲ့တယ်။ ၂၀၁၀-ပြည့်နှစ်မှာပြည်ခိုင်ဖြိုးအသင်းက ပါတီဖြစ်လာပြီး

ရွေးကောက်ပွဲဝင်တယ်။ NLD နဲ့ SNLD ပါတီကရွေးကောက်ပွဲကို သပိတ်မှောက်တယ်။ NLD မပါအောင်

စိတ်ကြိုက်ရွေးကောက်ပွဲလုပ်ခဲ့တယ်။ ၂၀၁၂-ခု ကြားဖြတ်ရွေးကောက်ပွဲမှာ NLD ကကြားဖြတ်ရွေးကောက်

ပွဲ အခြေခံဥပဒေကိုပြင်ဆင်မယ်ဆိုတဲ့ စိတ်နဲ့ဝင်ပြိုင်တယ်။ရာခိုင်နှုန်းပြည့်နီးပါး အနိုင်ရတယ်။ပြည်ခိုင်ဖြိုး သာမက တကမ္ဘာလုံးနိုင်ငံရေးလေ့လာသူတွေ မျက်လုံးပြူးကုန်ကြတယ်။ဒေါ်စု လွှတ်တော်ထဲရောက်ပြီး (၄)ပွင့်ဆိုင်(၆)ပွင့်ဆိုင်လုပ်ဖို့ ကြိုးစားတယ်။ ငြင်းပယ်ကြတယ်။

၂၀၁၅-ခုနှစ် နိုဝင်ဘာလ (၈)ရက်နေ့ရွေးကောက်ပွဲဝင် ပါတီ(၈၀)နီးပါးရှိတယ်။အာဏာရပါတီ၊ပြည်ခိုင်ဖြိုးနဲ့ NLD တို့ အဓိကပြိုင်ကြမယ်။ တပြည်လုံးအမတ်(၁၁၄၇)နေရာရှိတယ်။ပြည်သူ့လွှတ်တော် (၃၂၀)၊ အမျိုးသားလွှတ်တော် (၁၆၈)၊တိုင်းဒေသကြီးနဲ့ ပြည်နယ်အမတ် (၆၄၄)ဦး၊ တိုင်းရင်းသားရေးရာ (၂၉)ဦးရှိမယ်။

ပြည်သူ့လွှတ်တော် (၃၂၃)ဦးမှာ NLD က (၂၅၅)၊ ကြံ့ခိုင်ရေး (၃၀)၊ ရခိုင်ပါတီ (၁၂)၊ရှမ်းတိုင်းရင်းသား

 ဒီမိုကရေစီအဖွဲ့ချုပ် (၁၂)၊ တအောင်း (ပလောင်)နဲ့ ပအို့ (၃)ဦးစီ၊ ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်နဲ့ လီဆူးအမျိုး

သား ဖွံ့ဖြိုးတိုးတက်ရေးပါတီ (၂)ဦးစီ၊ ကျန်ပါတီ (၃)ခုနဲ့တစ်သီးပုဂ္ဂလိက (၁)ဦးစီ ရွေးချယ်ခံရပါတယ်။

သမိုင်းတွင်ခဲ့တဲ့ ရွေးကောက်ပွဲများမှာ လူတွေသေကြ၊ သတ်ကြ၊ဖြတ်ကြ၊ မဲလိမ်ကြ၊ကမ္ဘာနဲ့ချီပြီး ရှိကြမှာပါ

။မြန်မာရွေးကောက်ပွဲသမိုင်းမှာ အနိုင်ရပါတီကိုအာဏာမလွှဲဘူးဆိုတဲ့အဖြစ်ကတော့အလွန်ရုပ်ပျက်

သောဗြောင်လိမ်ဗြောင်စားဖြစ်ခဲ့ပါတယ်။သမိုင်းကို သင်္ခန်းစာယူတတ်ကြအောင်ပါ။

စာပေသစ္စာဖြင့်ဟင်္သာ (တောင်တွင်းကြီး)

Leave a Reply

Your email address will not be published.