ဧပြီ မေ ဇွန် သုံးလကျော်တာကာလအတွင်း ပြည်ပသို့ ပဲမျိုးစုံ တန် ၅ သိန်း ၂ သောင်းကျော် တင်ပို့ခဲ့ရာပဲတီစိမ််း ကိုအများဆုံးတင်ပို့

ရွှေမန်း

ယခုဘဏ္ဍာနှစ် ဧပြီ မေ ဇွန် (၃)လကျော်အတွင်း ပြည်ပကို ပဲမျိုးစုံ တန်ချိန် (၅သိန်း_၂သောင်း)ကျော် တင်ပို့ထားရာ ပဲတီစိမ်းကို အများဆုံးတင်ပို့ထားကြောင်း စီးပွားရေးနဲ့ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန က ထုတ်ပြန်ထားသည်။
၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ဧပြီလ (၁)ရက်ကနေ ဇူလိုင်လ (၈)ရက်နေ့အထိ ပင်လယ်ရေကြောင်းကနေ ပဲမျိုးစုံတန်ချိန် ၃၈၀၀၀၀ ကျော်နဲ့ နယ်စပ်ကနေ တန်ချိန် ၁၃၀၀၀၀ ကျော် တင်ပို့ထားရာပို့ကုန် ဝင်ငွေ အမေရိကန်ဒေါ်လာ သန်း(၃၉၀)ကျော် ရရှိထားပြီး သုံးလကျော်ကာလ အတွင်းမှာ ပဲတီစိမ်းကို အများဆုံး တင်ပို့ထားတာဖြစ်ပြီး တန်ချိန် ၂၆၀၀၀၀ ကျော်အထိ တင်ပို့ထားကြောင်းသိရသည်။
မတ်ပဲ တင်ပို့မှုမှာ တန်ချိန် ၁၀၀၀၀၀ ကျော်နဲ့ ပဲစဉ်းငုံ တင်ပို့မှုကတော့ တန်ချိန် ၇၅၀၀ကျော်တင်ပို့ထားကြောင်း စီးပွား/ ကူးသန်း၏ထုတ်ပြန်ချက်များအရသိရသည်။

ပဲတီစိမ်း မတ်ပဲ ပဲစင်းငုံများမှာ ပြည်တွင်းလက်ကျန် နည်းလာတာကြောင့် ပစ္စည်းလက်ဝယ်ရှိလှောင်လက် များက ဒေါ်လာစျေးအပြောင်းအလဲကိုစောင့်ကြည့်ကာ ကြိုက်ရောင်းကြိုက်ဝယ်ဖြစ်နေသလို ပိူ့ကုန်သမားများအနေဖြင့်လည်း ဒေါ်လာစျေး ပုံသေသက် မှတ်ချက်ကြောင့် စောင့်ကြည့်ဝယ်ယူနေတာမျိုးဖြင့် ပဲစျေးကွက် မှာ တက်လိုက်ကျလိုက် ခန့်မှန်းရန်မလွယ်ကူကြောင်း ပဲကုန်သည်များကသုံးသပ်ထားသည်။

မြန်မာနိုင်ငံက မတ်ပဲ တန်ချိန် (၂)သိန်းခွဲနဲ့ ပဲစဉ်းငုံတန် (၁)သိန်းကို (၅)နှစ်ဆက်တိုက် နှစ်စဉ်ဝယ်ယူသွားမယ်လို့ ပြီးခဲ့သည့်ရက်ပိုင်းက အိန္ဒိယအစိုးရဘက်က တရားဝင် ထုတ်ပြန်ထားသည်။ လက်ရှိမှာ ပြည်တွင်းပဲစျေးကွက် မှာ နိုင်ငံခြားငွေနဲ့ ကုန်သွယ်ရေးမူဝါဒ အပြောင်းအလဲတွေကြောင့် ပဲဈေးကွက် မှာ ပုံမှန်မဟုတ်သည့် ပေါက်စျေးများ ဖြစ်ပေါ်နေသည်။

Leave a Reply

Your email address will not be published.