ရွှေမန်း
စက်သုံးဆီတစ်လီတာဈေးနုန်းများမှာ မန္တလေးဈေးကွက်တွင် ဇူလိုင် ၆ ရက်ထိ အော့တိန်း92 ဆီမှာ ကျပ် ၂၀၀၀ အထက်ရှိခဲ့ရာက ယနေ့တွင် ၎င်းအောက်ရောက်ရှိသွားပြီး ၁၈၈၀ ကျပ်ပေါက်ဈေးရှိပြီး အခြား စက်သုံး ဆီဈေး နုန်းများလည်း တစ်လီတာလျင် ပျမ်းမျှ ကျပ်၂၀၀ ဝန်းကျင်ကျဆင်းလာကြောင်း ဈေးကွက်အတွင်းမှ သိရသည်။
“စက်သုံးဆီဈေးနုန်းက ပြီးခဲ့တဲ့လ တွေမှာ ၂၀၀၀ ကျပ်အထက်မှာပဲ ရှိနေပြီး ဒီနေ့ ဆီသွားထည့်မှ ဈေးက ၂၀၀၀ အောက်ရောက်မှန်းသိရတယ်။ထိပ်စည်းပြောင်းသွားတယ်။ဘာပဲဖြစ်ဖြစ် ဆီဈေးကျမှ အခြားသယ်ယူ ပို့ဆောင်ခတွေ ကျလာမယ်”ဟု မန္တလေးမြိုခံတစ်ဦးကပြော သည်။
စက်သုံးဆီ တစ်လီတာဈေးနုန်းများမှာ ရန်ကုန်ဈေးကွက်တွင် တ92 မှာ ၁၈၃၅ ကျပ်၊95 ၁၉၅၅ ကျပ်၊ပရီမီး ယားဒီဇယ် ၂၂၂၅ ကျပ်၊ရိုးရိုးဒီဇယ် ၂၁၉၅ ကျပ်ဖြစ်၍ မန္တလေးဈေးကွက်တွင် 92 မှာ ၁၈၈၀ ကျပ်၊95 မှာ ၂၀၀၀ ကျပ်၊ပရီမီးယားဒီဇယ် ၂၂၇၀ ကျပ်နှင့် ရိုးရိုးဒီဇယ် ၂၂၄၀ ကျပ်တို့ဖြစ်ရာ ပြီးခဲ့သည့်ရက်များထက် တစ်လီတာ လျင် ပျမ်းမျှ ကျပ် ၂၀၀၀န်းကျင် ကျဆင်းခဲ့သည်။
ရေနံစိမ်းတစ်စည်လျင် ဇူလိုင် ၄ ရက်နေ့က အမေရိကန်ဒေါ်လာ ၁၁၀ ဝန်းကျင်ရှိရာမှ ယနေ့(ဇူလိုင် ၇)ရက်တွင် ၁၀၃ ဒေါ်လာဝန်းကျင်ပေါက်ဈေးရှိကြောင်း၊ ကမ္ဘာ့ဈေးရေနံစိမ်းကွက်တွင် ရုရှားအပေါ် အမေရိကန်နှင့် ဥရောပ နိုင်ငံများ၏ ပိတ်ပင်ရန် စီစဉ်နေမှုများကြောင့် ဈေးတက်နိုင်သည်ဟု သုံးသပ်မှုများရှိကြောင်းသိရသည်။
Leave a Reply