အောက်တိုဘာလက ပြည်ပသို့ မြန်မာ့ပြောင်း တန်ချိန်တစ်သိန်းခုနှစ်သောင်းကျော်တင်ပို့ ပြည်တွင်းပြောင်းပေ့က်စျေး တစ်ပိဿာကျပ် ၁၁၀၀ ထိပေါက်စျေးဖြစ်လာ

ရွှေမန်း

မြန်မာ့ပြောင်းများကို ပြီးခဲ့သည့် အောက်တိုဘာလက ပြည်ပသို့တင်ပို့မှုတွင် ပင်လယ်ရေကြောင်းမှ တန်ချိန် ၁၇၄၉၇၀ နှင့်တရုတ်နယ်စပ်မှ တန်ချိန်၂၈၇၀ ကျော်၊စုစုပေါင်းတန်ချိန်ပေါင်း(၁၇၇၀၀၀)ကျော်ဖြစ်ရာ နယ်စပ်မှ တရုတ်ဘက်သို့ တင်ပို့မှုက အနည်းဆုံးဖြစ်ကြောင်းသိရသည်။

အဆိုပါပြောင်းတင်ပို့မှုတွင် ပင်လယ်ရေကြောင်းမှ အမေရိကန်ဒေါ်လာ ၅၂ဒသမ ၃၇၇ သန်းနှင့် နယ်စပ်မှ သုံညဒသမ ၈၅၅ သန်းဖြစ်ရာ စုစုပေါင်း ၅၃ သန်းကျော်ဖြစ် ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန က ထုတ်ပြန်ထားသည်။

“ပြည်တွင်းပြောင်းဈေးက ပြီးခဲ့တဲ့ စက်တင်ဘာမှာ ဈေးတက်လာတယ်။Export ရှိတော့ ဝယ်လိုအားကြောင့် ဈေးမြင့်လာတာ။ပြောင်းမှာ အစိုနဲ့ အခြောက်ရှိပြီး ဈေးကွာတယ်။ဝယ်သူတွေက ပွဲရုံအရောက်ဈေးနဲ့ ဈေးပေး တာပါ“ဟု ပြောင်းကုန်သည်တစ်ဦးကပြောသည်။

ပင်လယ်ရေကြောင်းမှ ဖိလစ်ပိုင်သို့ ပြောင်းတန်ချိန် ၈၅၈၆၀ ကျော်ဖြင့် အများဆုံးတင်ပို့ခဲ့ပြီး၊ဗီယက်နမ်သို့ တန်ချိန် ၇၁၁၁၀ ကျော်၊ဘင်္ဂလားဒေ့ရှ်သို့ တန်ချိန် ၁၃၅၀၀ ကျော်၊သီရိလင်္ကာသို့ တန်ချိန် ၃၀၀၀ ကျော်၊ တရုတ်သို့ တန်ချိန် ၇၈၀ ကျော်၊မလေးရှားသို့ တန်ချိန် ၆၀၀ ကျော်နှင့် ဟောင်ကောင်သို့ တန်ချိန် ၁၀၀ နီးပါးတင်ပို့ခဲ့ကြောင်းသိရသည်။

အောက်တိုဘာလက ပြောင်းတစ်ပိဿာ ၁၀၀၀ ကျပ်ဝန်းကျင်မှ နိုဝင်ဘာလပထမပတ်တွင် တစ်ပိဿာ ၁၁၀၀ ကျပ် ဝန်းကျင်သို့ ရောက်ရှိလာကြောင်း၊ရှမ်းပြောင်းနှင့် CP ပြောင်းဟူ၍ ရှိပြီး ရှမ်းပြည်နယ်နှင့် မန္တလေးအနီး တဝိုက်မှ စိုက်ပျိုးထွက်ရှိပြီး မန္တလေးကုန်စည်ဒိုင်မှတဆင့် Export တင်ပို့မှု များရှိကြောင်းသိရသည်။

Leave a Reply

Your email address will not be published.