အိန္ဒိယ-တရုတ် ပို့ကုန်ပဲ များဖြစ်သည့် ပဲစဉ်းငုံ ၊မတ်ပဲ ပဲတီးစိမ်း ဈေးနှုန်းများ ကျပ် တစ်သောင်းဝန်းကျင် ဈေး မြင့်တက်လာပြီး ပြည်တွင်းသုံးကုလားပဲ အုပ်စုပဲများ အမြင့်ဈေးဖြင့်ရပ်တန့်နေ

ရွှေမန်း

အိန္ဒိယ-တရုတ် ပို့ကုန်ပဲ များဖြစ်သည့် ပဲစဉ်းငုံ ၊မတ်ပဲ ပဲတီးစိမ်း ဈေးနှုန်းများ ကျပ် တစ်သောင်းဝန်းကျင် ဈေး မြင့်တက်လာပြီး ပြည်တွင်းသုံးကုလားပဲ အုပ်စုပဲများ အမြင့်ဈေးဖြင့်ရပ်တန့်နေ ကြောင်းသိရသည်။

ပြည်တွင်း မှာ နိုင်ငံခြားငွေ ဒေါ်လာ၊ ယွမ် ငွေလဲနှုန်းများ မြင့်တက်လာတာနှင့် အတူ ပို့ကုန် ပဲဈေးများ သုံးတင်းဝင် တစ်အိတ်လျှင် ကျပ် ၁၀၀၀၀ ကျော် ဈေးမြင့်တက်လာကြောင်း ၊ မကြာမီတရုတ်နယ်စပ်ကုန်သွယ်မှု ပြန်လည်ဖွင့်လှစ်မည့် အခြေအနေများကြောင့် ပဲတီးစိမ်း ၊နှမ်းနက် နှင့် အခြားပဲမာလိုင်းများဈေးမြင့်တက်လာသော်လည်း ပြည်တွင်းသုံး ကုလားပဲအုပ်စု မှာ အမြင့်ဈေးဖြင့် ရပ်တန့်နေကြောင်း ရွှေစင်သိန်းပွဲရုံ ပိုင်ရှင် ဦးကျော်သွင်က ပြောသည်။

“ ပဲမျိးစုံဈေးက နိုင်ငံခြားငွေဈေးတက်တာနဲ့ အတူအကုန်တက်နေပါတယ်။ တရုတ်နိုင်ငံတင်ပို့ တဲ့ ပဲတွေ ရော အိန္ဒိယပို့ ကုန်ပဲ တွေ ရော ဒေါ်လာဈေးတက်တော့ ဈေးတွေ တက်လာပါတယ်။ဈေးကွက်လိုအပ်ချက်လဲ များပါ တယ်။ တရုတ်လိုင်းသွားတဲ့ နှမ်းနက်ဈေး တက်လာတယ်။ ပို့ကုန်ပဲ မတ်ပဲ ၊ပဲစဉ်းငုံ တွေက သုံးတင်းဝင် တစ်အိတ်လျှင် ကျပ် ၁၀၀၀၀ ဝန်းကျင် ဈေးတက်လာတယ်။ ပြည်တွင်းသုံး ကုလားပဲ အုပ်စု တွေ ဈေးတက်တာတော့ ရပ်သွားပါပြီ ဗွီးတူးကုလာပဲ တစ်အိတ် ကျပ် ၁၃၀၀၀ အမြင့်ဆုံးပါ။ နှမ်းနက် ဈေးက ကျပ် ၁၉၅၀၀၀ -၂၀၀၀၀၀ ကျော် ဖြစ်လာတယ်။ ပဲတီစိမ်းဈေးလည်း တစ်အိတ် ကျပ် ၁၁၂၀၀၀ ထိ ဈေးကောင်းနေ တယ်။ ဒီလိုဈေးတွေ တက်လာတာက တရုတ်နိုင်ငံ လိုအပ်ချက်များနေတာရယ် မကြာမီ နယ်စပ်ဂိတ်တွေ ပြန်ဖွင့်မယ့် အခြေအနေတွေက ပဲတီးစမ်း နှမ်း အဝယ်လိုက်နေတာပါ။ ” ဟု ၎င်းက ပြောသည်။

ပဲစင်းငုံ ၊မတ်ပဲ

အိန္ဒိယ ပဲဈေးကွက်မှာ ပဲလိုအပ်ချက်များနေတာကြောင့် ဩဂုတ်လအတွင်း ဈေးတည်ငြိပ်နေရာမှာ စက်တင်ဘာလ ဆန်းပိုင်းတွင် ဒေါ်လာဈေး မြင့်တက်လာတာနှင့်အတူ ပဲစင်းငုံ၊ မက်ပဲဈေးကွက်မှာ သုံးတင်းဝင်တစ်အိတ်လျှင် ကျပ် ၁၀၀၀၀ ကျော် ဈေးမြင့်တက်လာခြင်းဖြစ်သည်။ စက်တင်ဘာ ၈ ရက်နေ့တွင် ပဲစင်းငုံ တစ်အိတ်ကျပ် ၁၃၀၀၀၀ ၊မတ်ပဲ တစ်အိတ်လျှင် ကျပ် ၁၅၀၀၀၀ ထိ ဈေးမြင့်လာခဲ့သည်။ ယခင်က လက်ကျန်ပဲများကို ပုံမှန်ဝယ်ယူမှု ရှိနေသော်လည်း ဒေါ်လာဈေးမြင့်တက်လာချိန်မှာ ပိုမိုဝယ်ယူမှုများလာခြင်း ဖြစ်ကြောင်း သိရသည်။

ပဲတီစိမ်း ၊နှမ်းနက်

နိုင်ငံခြားငွေဈေးမြင့်တက်မှုတွင် ယွမ်ဈေးပါမြင့်တက်လာခြင်း ၊ မူဆယ်မြို့ ၁၀၅ မိုင် သစ်သီးကွင်းတွင် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်၍ ကုန်သွယ်မှု ပြန်လည်စတင်နိုင်ရန် ကုတင် ၁၀၀၀ ဆေးရုံကို စက်တင်ဘာ ၁၅ ရက်နေ့ အပြီး တည်ဆောက်နေပြီး ယင်းနောက်ပိုင်းရက်များတွင် ကုန်သွယ်မှု ပြန်လည်စတင်မည့် အခြေအနေ များကြောင့် တရုတ်နိုင်ငံသို့တင်ပို့သည့် ပဲတီစိမ်း ၊နှမ်း နှင့် မြေပဲ ၊ပဲမာလိုင်းများ အဝယ်သွက် ဈေးမြင့်တက်လာကြောင်း သိရသည်။ယွမ်ဈေးမြင့်တက်မှုနှင့် အတူ စက်တင်ဘာ ၈ ရက်နေ့တွင် ပဲတီစိမ်းအညာ ဈေးမှာ သုံးတင်ဝင်တစ်အိတ်ကျပ် ၁၁၅၀၀၀-၁၂၀၀၀၀ ၊ နှမ်းနက် သုံးတင်းဝင်တစ်အိတ် ကျပ် ၁၆၀၀၀၀ သာပေါက်ဈေးရှိရာမှ ကျပ် ၁၉၀၀၀၀ ထိ ပေါက်ဈေးရှိလာကြောင်း ရွှေစင်သိန်း ပွဲရုံပိုင်ရှင် ဦးကျော်သွင်က ပြောသည်။

ပြည်တွင်းသုံးကုလားပဲအုပ်စုမှာ ကိုဗစ်ရောဂါပိုးကူးစက်မှု မြင့်မားချိန် ဇူလိုင် ၊ဩဂုတ်အတွင်း တဖြေးဖြေးဈေး မြင့်တက်လာရာ စက်တင်ဘာ လဆန်းပိုင်းတွင် အမြင့်ဈေးဖြင့် ရပ်တန်နေရာ ၈ ရက်နေ့တွင် ဗွီးတူးကုလားပဲ တစ်အိတ် ကျပ် ၁၃၀၀၀၀၊ နိုင်းတူးနိုင်းကုလားပဲ တစ်အိတ်ကျပ် ၁၂၀၀၀၀ ၊ထိုင်ဝမ်ကုလားပဲ တစ်အိတ် ကျပ် ၁၁၆၀၀၀ အသီးသီးပေါက်ဈေးရှိကြောင်း မန္တလေးကုန်စည်ဒိုင် မှ ထုတ်ပြန်ထားကြောင်း သိရသည်။

ပို့ကုန်ပဲများကို ပုံမှန်ကုန်သွယ်မှုနှင့် နယ်စပ်ကုန်သွယ်မှုများမှ တင်ပို့လျှက်ရှိရာ အများဆုံးတင်ပို့နေသည့် တရုတ်နယ်စပ်ကုန်သွယ်မှုမှာ ကိုဗစ်-၁၉ ရောဂ်ထိန်းချုပ်ရန် သုံးလကျော်ရပ်နားထားရာ စက်တင်ဘာ ၁၅ ရက် နောက်ပိုင်း ကုန်သွယ်မှုပြန်လည်စတင်နိုင်ရန် ဆောင်ရွက်နေကြောင်းသိရသည်။ ထိုသို့ ုကုန်သွယ်မှု ပြန်လည် စတင်နိုင်သော်လည်း တရုတ်-မြန်မာ ကုန်သွယ်မှု နယ်စပ်ဂိတ်များအားလုံး စတင်နိုင်ခြင်းမရှိသေးဘဲ ကျင်စန်းကျော့(ဝမ်တိန်) ပေါက်တစ်ခုတည်းသာ နေ့စဉ်ကုန်ကား ၂၀၀ ခန့်သာ ဝင်ထွက်နိုင်မည့် အခြေအနေ သာ ဖြစ်ကြောင်း နယ်စပ်ကုန်သည်တစ်ဦးက ပြောသည်။

Leave a Reply

Your email address will not be published.