အိန္ဒိယ၏ ပဲလိုအပ်ချက် ကြောင့် မတ်ပဲဈေးဆက်လက် မြင့်တက်နိုင်

ရွှေမန်း

အိန္ဒိယ၏ ပဲလိုအပ်ချက် ကြောင့် မတ်ပဲဈေးဆက်လက် မြင့်တက်နိုင်ကြောင်း ပို့ကုန်ပဲ ကုန်သည်များက သုံးသပ်ထား သည်။

သင်္ကြန်မတိုင်မီကတည်းက ဈေးမြင့်တက်နေသည့် မတ်ပဲမှာ ဆက်လက်မြင့်တက်နိုင်ချေ နည်း ကြောင်း ခန့်မှန်းထားသော်လည်း အိန္ဒိယနိုင်ငံ၏ ပဲဈေးကွက်မှာ ပဲ လိုအပ်ချက် မြင့်မားနေတာကြောင့် လည်း ပြည်တွင်းပို့ကုန်ပဲများ ဖြစ်သည့် မတ်ပဲနှင့် ပဲစင်းငုံမှာ ဈေးဆက်လက်မြင့်တက်နိုင် ကြောင်း ပဲကုန်သည်များက သုံးသပ်ထားခြင်းဖြစ်သည်။

သင်္ကြန်ပြီးပြီးချင်း ပဲ၊ နှမ်း ဈေးကွက် ပြန်လည်မဖွင့်လှစ်သေး သော်လည်း သင်္ကြန်မတိုင်မီက နောက်ဆုံးပိတ်သွားသည့် အမြင့် ဈေးထက် ကျဆင်းစရာမရှိ ကြောင်း ပဲကုန်သည်တစ်ဦးက ပြောသည်။

လက်ရှိ ရန်ကုန်ဈေး   ကွက်တွင် မတ်ပဲ တစ်တန်ကို    ၃၂၇၅၀၀၀ ပေါက်ဈေး ရှိနေပြီး ယင်းပေါက်ဈေးမှာ စံချိန်တင် ပေါက်ဈေးထက် လျော့နည်းနေ သေးတာကြောင့် ဆက်လက်မြင့် တက်နိုင်သေးကြောင်း သိရသည်။

ယခုနှစ်အတွင်း မတ်ပဲစတင် ပေါ်ချိန်က ဖြစ်ပေါ်ခဲ့သည့် စံချိန် တင်ပေါက်ဈေးမှာ မတ်ပဲတစ်တန် လျှင် ငွေကျပ် ၃၅ သိန်း အထိ မြင့်တက်ခဲ့ကြောင်း သိရသည်။

အလားတူ ပဲစင်းငုံမှာလည်း စံချိန်တင်ပေါက်ဈေး ငွေကျပ် သိန်း ၄၀ ကျော်အထိ ပေါက်ဈေး ရှိခဲ့ပြီး လက်ရှိမှာ လက်ကျန်နည်း လာပြီး လှောင်လက်သမားများ လက်ထဲမှာသာ ရှိတော့ကြောင်း သိရသည်။

Leave a Reply

Your email address will not be published.