အိန္ဒိယပဲ ဝယ်လိုအားကြောင့်တစ် ပတ်အတွင်း ပဲဈေးနှုန်းများ ၂၀ ရာခိုင်နှုန်းအထိ မြင့်တက်လာ

ရွှေမန်း

တစ်ပတ်အတွင်း ပဲဈေးနှုန်း ၂၀ ရာခိုင်နှုန်းအထိမြင့်တက်နေပြီး အိန္ဒိယ သို့ တင်ပို့ရန်အတွက် ပြည်တွင်း၌ပဲများ အဝယ်လိုက်နေကြောင်း ကုန်သည်များထံမှ သိရသည်။
ပြင်ပဒေါ်လာပေါက်ဈေးက ၂,၈၀၀ ကေန ၃,၀၀၀ အထိ ဈေးမြင့်တက်နေသည့်အပွငျ အိန္ဒိယတွင် ရာသီဉတုအပါအဝင် အျခား အကြောင်းအမျိုးမျိုးကြောင့် ပဲအထွက်နှုန်းနည်းခဲ့သည့်အတွက် အိန္ဒိယမှာ ပဲလိုအပ်ချက်များရှိနေ၍ အျခား ပြည်ပပဲများဝယ်မည်ဖြစ်သောကြောင့် ပြည်တွင်း၌ ယခုလိုဈေးနှုန်းများ မြင့်တက်နေရွခင်း ဖြစ်ကြောင်းလည်း သိရသည်။
အဓိက က ငွေဈေးကြောင့်ပဲဈေးတွေမြင့်တက်နေတာပါ။ အိန္ဒိယကလဲ ပဲစင်းငုံပိုပြီးလိုအပ်ချက်ရှိတော့ ဈေးတွေတက်တယ်။ အရောင်းအဝယ်ဖြစ်နေပါတယ်။ ဈေးကွက်က အိန္ဒိယပေါ်မူတည်တယ်။ (၁၅)ရက်အတွင်းမှာပဲ တစ္တန္ကို လေး၊ ငါးသိန်း ထိတက်သွားတယ် ဟု ပဲကုန်သည် တစ်ဦးကပြောသည် ။

မြန်မာငွေတန်ဖိုးကျဆင်းမှုနဲ့အတူ ပြည်တွင်းစားသုံးသည့် ပဲများတွင် တက်ပြီးသား ပဲကြီး မွလြဲ၍ ကုလားပဲအပါအဝင် ကျန်ပဲများလည်းနှစ်ဆယ်ရာခိုင်နှုန်းခန့် ဈေးတက်နေကြောင်း ဈေးကွက်အရ သိရသည်။ လက်ရှိ ပဲစင်းငုံ တစ်တန်လျှင် ဝယ်ဈေး ၁,၉၄၀,၀၀၀ နှင့် ရောင်းဈေး ၁,၉၉၀,၀၀၀ ကျပ် ပေါက်ဈေးရှိပြီး မတ်ပဲတစ်တန်လျှင် ဝယ်ဈေး ၁,၈၄၀,၀၀၀ နှင့် ၁,၈၈၀,၀၀၀ မွ ၁,၈၉၀,၀၀၀ ကျပ် အထိ ရှိနေကြောင်းသိရသည်။

ထိုဈေးနှုန်းမှာ နေရာဒေသပေါ်မူတည်ပြီး ဈေးနှုန်းအပြောင်းအလဲ ရှိနိုင်ကြောင်းလည်းသိရသည်။ နောက်ပိုင်းတွင် လက်ရှိ အိန္ဒိယနိုင်ငံမှ လိုအပ်ချက်အများဆုံးဖြစ်နေသည့် ပဲစင်းငုံမှာ ဈေးဆက်လက် တက်နိုင်ကြောင်း ကုန်သည်တချို့က ခန့်မှန်းကြသည်။ နိုင်ငံခြားငွေလဲလှယ်နှုန်း မြှင့်တက်လာတာရယ်၊ FOB ဈေးနှုန်းမြင့်တက်လာခြင်းကြောင့် ဈေးတက်လာတယ်၊ အိန္ဒိယကလိုတော့ ခုရက်ပိုင်းအတွင်း ပို့ကုန်ပဲများမှာ အရောင်းအဝယ်သွက်လာတာ ဟု မန္တလေး ပဲကုန်သည်တစ်ဦးကပြောသည်။

ထို့အပြင် ပြည်တွင်းပဲအထွက်နှုန်းမှာ သွင်းအားစုဈေးနှုန်းတွေ မြင့်တက်နေမှုနှင့် အျခား ပြည်တွင်း အခက်ခဲများကြောင့် စိုက်ဧကများ လျော့ကျလျှက်ရှိကြောင်းလည်း သိရသည်။ မြန်မာနိုင်ငံမှာ အဓိကစိုက်ပျိုးသည့်ပဲအမျိုးအစားတွေဖြစ်သည့် မတ်ပဲ၊ ပဲစင်းငုံ နှင့် ပဲတီစိမ်းဈေးနှုန်း အပြောင်းအလဲမှာ အဓိက ၀ယျလကျနိုငျငံဖွဈသညျ့အိန်ဒိယနိုငျငံ၏ ပဲတင်သွင်းမှု မူဝါဒအပေါ်မှာလည်း အများကြီးသက်ဆိုင် ကြောင်း သိရသည်။

မြန်မာနိုင်ငံအနေဖြင့် အိန္ဒိယအပါအဝင် တရုတ်၊ သီရိလင်္ကာ၊ နီပေါ၊ မေလးရွား၊ ထိုင်း နှင့် UAE နိုင်ငံတွေကို ပဲမျိုးစုံတင်ပို့နေပြီး ၇၅ ရာခိုင်နှုန်းကို အိန္ဒိယနိုင်ငံသို့ တင်ပို့နေကြောင်းသိရသည်။

Leave a Reply

Your email address will not be published.