ရွှေမန်း

အိန္ဒိယနိုင်ငံ၏ ပဲလိုအပ်ချက် ရှိနေသောကြောင့် အသစ် ထွက်လာမည့် ပို့ကုန်ပဲများ အမြင့် ဈေး တန်းရရှိနိုင်သလို ပြည်တွင်း သုံး ကုလားပဲအုတ်စု ဈေးအမြင့် ဖြစ်နေကြောင်း ပဲ၊နှမ်းကုန်သည် များထံက သိရသည်။

လက်ရှိဒေါ်လာဈေးတည်ငြိမ် နေသောကြောင့် အသစ်ဝင် ပို့ကုန် ပဲများ ဈေးတည်ငြိမ်နေသော်လည်း အိန္ဒိယ၏ ပဲလိုအပ်ချက် မြင့်မား နေပြီး ၂၀၂၃ခုနှစ် ပို့ကုန်ပဲသစ် များမှာ ဈေးကောင်းရရှိလာနိုင် ကြောင်း ပဲကုန်သည်များက သုံးသပ် ထားသည်။

အသစ်ဝင်ရောက်လာသည့် ပို့ကုန်မတ်ပဲနှင့် ပဲစင်းငုံ ဈေးမြင့် တက်လာခြင်းမရှိသေးသော်လည်း နှစ်ကုန်ပိုင်း နောက်ပိုင်းတွင် အရောင်းအဝယ် သွက်လက်လာ မည်ဖြစ်ကြောင်း၊ ပြည်တွင်း လက်ကျန်နည်းလာသည့် ကုလား ပဲအုပ်စုမှာ အမြင့်ဈေးတန်းအတိုင်း ဆက်လက်ရှိနေမည်ဖြစ်ကြောင်း နယ်စပ်ပို့ကုန်လမ်းကြောင်း ကောင်း မွန်လာပါက နှမ်းမျိုးစုံနှင့် မြေပဲ ဆန်ဈေးကွက်မှာ အမြင့်ဈေးကို ဦးတည်လာနိုင်ကြောင်း ဦးကျော် သွင်(ရွှေစင်သိန်းပွဲရုံ)က ပြော သည်။

“ဒီအချိန်က နှစ်ကုန်ပဲ အဟောင်းရောင်း အသစ်ဝယ်ချိန် ပါ။ ပဲနှစ်ကလည်း ၂မျိုး၊ ၃မျိုး စတင် ဝင်ရောက်နေပါပြီ။ လက်ရှိ သီတင်းပတ်မှာ ဖြစ်ပေါ်နေတဲ့ အမြင့်ပဲဈေးတွေက နှစ်ကုန်ထိ ဒီအတိုင်းပဲ ဆက်သွားပါလိမ့် မယ်။ ကုလားပဲ V2 တစ်အိတ် ၁၉၅၀၀၀ထိ ပေါက်ဈေးရှိနေပါ တယ်။ ဒီပေါက်ဈေးက ဒီနှစ် အတွက်တော့ အမြင့်ဆုံးဈေး ဖြစ်ခဲ့ပါတယ်။ ပို့ကုန် မတ်ပဲ ပေါက်ဈေးက တစ်အိတ် ငွေကျပ် ၁၇၀၀၀၀ ဝန်းကျင်၊ ပဲစင်းငုံ တစ်အိတ် ငွေကျပ် ၁၆၅၀၀၀ထိ ပေါက်ဈေးရှိပါတယ်။ ပဲတီစီမ်း တစ်အိတ် ငွေကျပ် ၁၄၀၀၀၀ ဈေးတန်းတွေကတော့ လွန်ခဲ့တဲ့ ၁၀ရက်လောက်ကတည်းက တည် ငြိမ်နေတာပါ၊၊ ဒေါ်လာငွေလဲလှယ် နှုန်းကလည်း တည်ငြိမ်နေပါ တယ်။ ပို့ကုန်ပဲတွေ အနေနဲ့ဈေး မတက်ဘဲ အရောင်းအဝယ်ကတော့ ကောင်းနေပါတယ်။ နှစ်ကုန်ပြီး ဇန်နဝါရီ ၁၅ရက်လောက်ဆိုရင် ပဲအသစ်တွေ ဈေးကွက်ထဲ အစုံ အလင် ဝင်ရောက်လာတော့မှာပါ။ ပို့ကုန် လှောင်လက်သမားတွေက တော့ အသစ်ဝင်လာမယ့် ပဲသစ် တွေကို စောင့်ဆိုင်းနေတာပါ။ပြည်တွင်းသုံး ပဲတွေကတော့ ဈေးမတက်တာ တစ်လကျော် ကြာပါပြီ။ လာမည့် ပဲသစ်ရာသီ မှာ ထွက်ပေါ်လာမယ့် ပို့ကုန်ပဲ ဈေးကွက်ကတော့ အမြင့်ဈေးတန်း တစ်ခု ဖြစ်လာနိုင်ပါတယ် ´´ ဟု ၎င်းက ပြောသည်။

မတ်ပဲ၊ ပဲစင်းငုံ၊ ပဲတီစိမ်း

မတ်ပဲနှင့်ပဲစင်းငုံသာဈေးကွက် အတွင်း အသစ်ဝင်ရောက်နေပြီး လှောင်လက်သမားများ ၂၀၂၃ခုနှစ် ပဲသစ်ကို စောင့်ဝယ်ယူနေရသော ကြောင့် ဈေးအမြင့်တန်းကို ရရှိနိုင် ကြောင်း ပဲကုန်သည်များက သုံး သပ်ထားရာ ဒီဇင်ဘာ ၂၂ရက် တွင် မတ်ပဲသုံးတင်းဝင်တစ်အိတ် ငွေကျပ် ၁၇၀၀၀၀၊ ပဲစင်းငုံ တစ်အိတ် ၁၆၅၀၀၀ ၊ ပဲတီစိမ်း အညာမှာ ထိပ်စ သုံးတင်းဝင် တစ်အိတ်လျှင် ငွေကျပ် ၁၄၀၀၀၀ ပေါက်ဈေး ရှိသည်။

နှစ်ကုန်ပိုင်း ရောက်ရှိလာရာ လက်ကျန်နည်းလာသည့် ပြည် တွင်းသုံး ပဲမာလိုင်းများ ဈေး အနည်းငယ်စီ မြင့်တက်လာ သည်။ ကုလားပဲ V2 တစ်အိတ် လျှင် ငွေကျပ် ၁၉၅၀၀၀၊ ပဲယင်း ကြီး(သစ်) တစ်အိတ်လျှင် ငွေကျပ် ၁၂၅၀၀၀၊ ပဲကြီး(သစ်) တစ်အိတ် လျှင် ငွေကျပ် ၂၂၀၀၀၀၊ ပဲ ထောပတ်တစ်အိတ်လျှင် ငွေကျပ် ၁၆၅၀၀၀၊ စွန်တာပြာ တစ်အိတ် လျှင် ငွေကျပ်၁၃၀၀၀၀၊ မြေထောက် ပဲတစ်အိတ်လျှင် ငွေကျပ်၂၀၀၀၀၀၊ ကျွန်းစားတော်ပဲတစ်အိတ်လျှင် ငွေကျပ်၃၀၀၀၀၀ ပေါက်ဈေးဖြစ် သည်။

Leave a Reply

Your email address will not be published.