အိန္ဒိယနိုင်ငံ၏ ပဲရည်ညွှန်ဈေးသတ်မှတ်မည့်သတင်းများကြောင့်  ပို့ကုန်ပဲများ ဈေးကျဆင်းလာ

ရွှေမန်း

အိန္ဒိယနိုင်၏ ပဲရည်ညွှန်ဈေး သတ်မှတ်မည့်သတင်းများကြောင့် ပို့ကုန်ပဲများဈေးကျဆင်းနေကြောင်း  ပဲကုန် သည်များထံက သိရသည်။

ပဲ၊နှမ်းဈေးကွက်တစ်ခုလုံး မှာ ဈေးကျဆင်းမှုရှိလာတာ ကြောင့် စောင့်ကြည့် အရောင်း အဝယ်လုပ်နေကြတာကြောင့် အရောင်းအဝယ်ခပ်အေးအေးသာ ရှိနေသော်လည်း ပြည်တွင်း မြေပဲ ဆန်မှာ ပြည်တွင်းစက်ပိုင်များ အဝယ်ကောင်းသဖြင့် ဈေးကောင်း ရနေခြင်းဖြစ်သည်။

ပို့ကုန်ပဲတွေ သီတင်းပတ် နှစ်ပတ်ဆက်တိုက် ဈေးကျဆင်း နေကြောင်း စံချိန်တင်အမြင့်ဆုံး ဈေးတွေပေါက် ဈေးရှိလာရာမှ အိန္ဒိယနိုင်ငံ၏  ပြည်တွင်းပဲ ဈေးနှုန်းကို သက်မှတ်ဈေးအတိုင်း ရောင်းချရန်ဆိုသည့် သတင်းများ ကြောင့် ရန်ကုန်ဝယ်လက်များ၏ စောင့်ကြည့်ဝယ်ယူမှုများကြောင့် ပြည်တွင်း  ပဲဈေးတွေကျဆင်း ကြောင်း  ပြည်တွင်းသုံးပဲမာလိုင်း များမှာ  နယ်စုံဝင်လာတာကြောင့် အမြင့်ဈေးမှ အနည်းငယ်ကျဆင်း လာကြောင်း ရွှေစင်သိန်းပွဲရုံပိုင်ရှင် ဦးကျော်သွင်က  ပြောသည်။

“ ပဲစင်းငုံ၊မတ်ပဲတွေ ဈေးကျ ဆင်းလာပါတယ်။ ပို့ကုန်ပဲစင်းငုံ တစ်အိတ် အမြင့်ဆုံးဈေး ငွေကျပ် ၄၂၀၀၀၀ ထိ ပေါက်ဈေးရောက်  မှ  ဒီနေ့ပေါက်ဈေးတစ်အိတ်     ငွေကျပ် ၃၆၅၀၀၀ ထိဈေးကျ ဆင်းသွားတယ်။ ပြည်တွင်း ပဲမာ လိုင်းတွေကလည်း အသစ်ဝင် ရောက်မှုများလာပါတယ်။ တစ် အိတ် ငွေကျပ် ၄ သိန်း ကျော် ပဲတွေကတော့ ဈေးအေးလာမယ့် အခြေအနေရှိလာပါတယ်။အိန္ဒိယ နိုင်ငံမှာလည်း ပဲဈေးကို ရည်ညွှန်း ဈေး သတ်မှတ်မယ့်သတင်းတွေ ကြောင့် ယခုလို ဈေးကျဆင်း လာတာပါ။ ဈေးကွက်တစ်ခုလုံး ခြုံသုံးသပ်ရရင် လက်ရှိပေါက် ဈေးတွေနဲ့ အရောင်းအဝယ်ခပ်   အေးအေးသာရှိနေပါတယ်။ မြေပဲ ဆန်တစ်မျိုးသာ ပြည်တွင်းစက်ပိုင် များ အဝယ်ကောင်းနေလို့ ဈေး အကောင်းကြီးမဟုတ်သော်လည်း အရောင်းအဝယ်သွက်နေပါတယ်´´ ဟု ၎င်းက ပြောသည်။

ဖေဖော်ဝါရီ ၂၂ ရက်တွင် မတ်ပဲတစ်အိတ်လျှင်  ငွေကျပ် ၂၈၀၀၀၀၊  ပဲစင်းငုံတစ်အိတ်လျှင်  ငွေကျပ် ၃၆၆၀၀၀ ပေါက်ဈေး ဖြစ်လာသည်။ ပဲတီစိမ်းအညာ တစ်အိတ်လျှင် ငွေကျပ် ၁၈၅၀၀၀ ပေါက်ဈေးဖြင့် ဈေးမြင့်တက် လာသည်။      

 ပြည်တွင်းသုံး ကုလားပဲ အုပ်စုမှာ အနည်းငယ်ဈေးကျဆင်း နေပြီး ဖေဖော်ဝါရီ ၂၂ ရက်တွင် ကုလားပဲ V2 တစ်အိတ်လျှင် ငွေ ကျပ် ၂၆၇၀၀၀၊ ကုလားပဲ 7 တစ်အိတ်လျှင် ငွေကျပ် ၂၇၀၀၀၀၊ ထိုင်ဝမ်ကုလားပဲတစ်အိတ်လျှင် ငွေကျပ် ၂၆၀၀၀၀၊  ၉၂၉ ကုလားပဲ တစ်အိတ်လျှင် ငွေကျပ် ၂၅၉၀၀၀ ပေါက်စျေးရှိနေသည်။

ပြည်တွင်းသုံး ပဲမာလိုင်းများ မှာ ပဲကြီးတစ်အိတ်လျှင် ငွေကျပ် ၃၅၅၀၀၀၊ ပဲထောပတ်တစ်အိတ် လျှင် ငွေကျပ် ၄၂၀၀၀၀၊ မြေ ထောက်ပဲတစ်အိတ်လျှင် ငွေကျပ် ၃၇၀၀၀၀၊ ကျွန်းစားတော်ပဲ တစ် အိတ်လျှင် ငွေကျပ်  ၃၃၀၀၀၀၊  ကနေဒါစားတော်ပဲတစ်အိတ်လျှင် ငွေကျပ် ၂၄၁၀၀၀၊ မြေပဲအနီ လုံးဆန်(မြင်းမူ)တစ်ပိဿာလျှင် ငွေကျပ် ၈၅၀၀-၈၇၀၀ ပေါက်စျေးရှိနေသည်။

ဖေဖော်ဝါရီ ၂၂ ရက်တွင် နှမ်းဖြူ(ဂျပန်) ၄၅ ပိဿာ တစ် အိတ်လျှင် ငွေကျပ် ၄၁၅၀၀၀၊ နှမ်းညိုတစ်အိတ်လျှင် ငွေကျပ် ၃၁၅၀၀၀၊ နှမ်းဝါတစ်အိတ်လျှင် ငွေကျပ် ၃၂၀၀၀၀၊ နှမ်းနက်စမုန် တစ်အိတ်လျှင် ငွေကျပ် ၄၂၀၀၀၀ အသီးသီး ပေါက်ဈေးရှိနေသည်။

Leave a Reply

Your email address will not be published.