ရွှေမန်း
၂၀၂၁-၂၂ ဘဏ္ဍာနှစ်ကစတင်ပြီး နှစ်စဉ် မတ်ပဲတန်ချိန် ၂ သိန်းခွဲနဲ့ ပဲစင်းငုံတန်ချိန် ၁ သိန်းကို ပုဂ္ဂလိကကုန်သွယ်မှုကတဆင့် အိန္ဒိယကို တင်ပို့ရောင်းချသွားမည်ဖြစ်ကြောင်းသိရသည်။ထိုသို့ သတ်မှတ်ပဲတန်ချိန်ကို တင်ပို့နိုင်ရန် ဇွန်လ ၁၈ ရက်နေ့မှာ မြန်မာနှင့်အိန္ဒိယအစိုးရတို့အကြား သဘောတူလက်မှတ် ရေးထိုးခဲ့ကြပြီး မတ်ပဲနဲ့ ပဲစင်းငုံ ကုန်သွယ်မှုပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ MOU အရ ၂၀၂၅-၂၆ ဘဏ္ဍာနှစ်အထိ ၅ နှစ်ဆက်တိုက် တင်ပို့ခွင့်ရရှိထားကြောင်း စီးပွားရေးနှင့် ကူးသန်း အမြဲတမ်းအတွင်းဝန် ဦးမင်းမင်းက ပြောသည်။” MOU အရ ပဲတင်ပို့မှု လွယ်ကူလျင်မြန်စေရေးနဲ့ စနစ်တကျတင်ပို့နိုင်ရေးအတွက် နှစ်နိုင်ငံ JMC မကျင်းပမီ နှစ်ဖက်ကြိုတင်ညှိနှိုင်းအစည်းအဝေးတခုကို ၂၀၂၂ ဒီဇင်ဘာကုန်ပိုင်းမှာ ကျင်းပသွားဖို့ အိန္ဒိယဘက်နဲ့ ညှိနှိုင်းဆောင်ရွက်နေပါတယ်” ဟု ၎င်းက ပြောသည်။ပြီးခဲ့တဲ့ ဘဏ္ဍာနှစ်မှာ မြန်မာ့ပဲမျိုးစုံတင်ပို့မှုသမိုင်းအတွင်း အမြင့်ဆုံးဖြစ်တဲ့ တန်ချိန် ၂ သန်းကျော်၊ တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၁.၅၇ ဘီလီယံအထိ ရရှိခဲ့တာကြောင့် စဉ်ဆက် မပြတ် တင်ပို့နိုင်ရန် Product Diversification နဲ့ Market Diversification ဆောင်ရွက်ရေး ညှိနှိုင်းဆွေးနွေးမှုခဲ့သည်။လက်ရှိ ပြည်တွင်းဈေးကွက်အတွင်း မတ်ပဲအသစ်တွေ ဝင်ရောက်လာပြီး ဖေဖော်ဝါရီနှင့်မတ်လတို့မှာ မတ်ပဲလှိုင်လှိုင်ပေါ်မှာဖြစ်တာကြောင့် လက်ကျန်(အဟောင်း)ထုတ်ရောင်းလာကြကြောင်း၊လက်ရှိမှာ အိန္ဒိယကို မြန်မာမတ်ပဲ အဝင်များထားတာကြောင့် ပြည်တွင်းမတ်ပဲဈေးက အကျစျေးဖြင့်မတည်ငြိမ်နေကြောင် ပဲကုန်များထံမှသိရသည်။ယခုနှစ်အတွင်း မြန်မာနိုင်ငံမှာ မတ်ပဲစိုက်ဧက ပိုများလာပြီး တန်ချိန် ၅ သိန်းမှ ၇ သိန်းကြား ထွက်ရှိနိုင်ကြောင်း ပဲကုန်သည်များကခန့်မှန်းထားသည်။ဒီဇင်ဘာ ၁၇ ရက်နေ့တွင် ဘုရင့်နောင်ကုန်စည်ဒိုင်(ရန်ကုန်)ရဲ့ ထုတ်ပြန်ချက်အရ မတ်ပဲ (FAQ/RC) ၁ တန်ပေါက်ဈေးက ကျပ် ၁,၂၉၉,၀၀၀ နဲ့ မတ်ပဲ (SQ/RC) ၁ တန်ကို ကျပ် ၁,၄၅၉,၀၀၀ ၊ မန္တလေးကုန်စည်ဒိုင်တွင် ပိသာ၆၀ တစ်အိတ်လျင် ကျပ် ၁၂၅၀၀၀ ပေါက်ဈေးရှိကြောင်း သိရသည်။
Leave a Reply