အိန္ဒိယက မြန်မာ့ပဲတီစိမ်းအပေါ် လွတ်လပ်စွာ တင်သွင်းခွင့် ပယ်ဖျက်ပြီး ကန့်သတ်တင်သွင်းရန် ပြင်ဆင်သတ်မှတ် သော်လည်းပြည်တွင်းပဲတီစိမ်းဈေးကွက် ကျဆင်းစရာမရှိ

ရွှေမန်း

အိန္ဒိယက မြန်မာ့ပဲတီစိမ်းအပေါ် လွတ်လပ်စွာ တင်သွင်းခွင့် ပယ်ဖျက်ပြီး ကန့်သတ်တင်သွင်းရန် ပြင်ဆင်သတ်မှတ် သော်လည်းပြည်တွင်းပဲတီစိမ်းဈေးကွက် ကျဆင်းစရာမရှိ ကြောင်းသိရသည်။ အိန္ဒိအစိုးရက မြန်မာနိုင်ငံက ထွက်ရှိတဲ့ ပဲတီစိမ်းကို ကန့်သတ်တင်သွင်းခွင့်ပြုတဲ့ ကုန်စည်အဖြစ် မူဝါဒပြင်ဆင်သတ်မှတ်ကြောင်း ဖေဖော်ဝါရီလ ၁၁ ရက်နေ့မှာ အိန္ဒိယနိုင်ငံ စီးပွားရေး၊ကူးသန်းရောင်းဝယ်ရေးနှင့် စက်မှုဝန်ကြီးဌာနက Notification.S.O 624 (E) နဲ့ ထုတ်ပြန်ခဲ့ခြင်ဖြစ်သည်။ပဲတီစိမ်းအပြင် မတ်ပဲနဲ့ ပဲစဉ်းငုံတို့ကို လွတ်လပ်စွာ (Free) တင်သွင်းခွင့်ပြုတဲ့ ကုန်စည်အဖြစ် မတ်လကုန်အထိ သတ်မှတ်ခဲ့သော်လည် ယခုအခါ ပဲတီစိမ်းကို ကန့်သတ်ကုန်စည်အဖြစ် ပြင်ဆင်လိုက်ပြီး ကြေညာချက် ထုတ်ပြန်ခဲ့သည့် ဖေဖော်ဝါရီ ၁၁ ရက် မှ စတင်အကျိုးသက်ရောက်မှု ရှိမည်ဖြစ်ကြောင်း သိရသည်။အိန္ဒိယနိုင်ငံက ပို့ကုန် မတ်ပဲ ၊ပဲစင်းငုံ များအပေါ် ကန့်စက်ချက်မရှိသော်လည်း ပဲတီစိမ်း အပေါ် ကန့်သတ်ကုန် သက်မှတ်သော်လည်း ဝယ်လိုအားနိုင်ငံများသည့် ပဲတီစိမ်းဈေးကွက်မှာ ဈေးနှုန်းကျဆင်းစရာမရှိကြောင်း ၊ မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီလကုန်ပိုင်းရက်များတွင် ပဲတီစိမ်း ထွက်ရှိမှု အများဆုံးဖြစ်ပြီး တရုတ်နိုင်ငံကို ပယ်လယ်ရေကြောင်းကနေ ပုံမှန်တင်ပို့နိုင်မှုရှိနေခြင်း ၊အခြားနိုင်ငံများ၏ ဝယ်လိုအားရှိနေတာကြောင့် ပြည်တွင်းမှာ ဈေးနှုန်းကျဆင်းနိုင်ခြင်းမရှိကြောင်း တစ်နှစ်ပတ်လုံး စိုက်ပျိုး ထုတ်လုပ်နေသည့် ပဲ တီစိမ်းမှာ နောင်ဘဏ္ဍာနှစ်တင်ပို့မှုတွေ နှင့် ဆက်သွားနိုင်ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန မြန်မာကုန်သွယ်မှုမြင့်တင် ရေးအဖွဲ့ ဒုတိယညွှန်ကြားရေးမှူးချုပ်(ငြိမ်း) ဦးမျိုးသူ ကပြောသည်။“ အိန္ဒိိယနိုင်ငံက ကန့်သတ်တယ်ဆိုပေမယ့် မတ်လကုန်ထိတင်ပို့ခွင့်ရထားပြီးသားပါ။ လက်ရှိဘဏ္ဍာ နှစ်နဲ့ ဖြတ်တာပေါ့ လာမည့်ဘဏ္ဍာနှစ်နဲ့ ဆက်သွားမှာပါ။ မြန်မာနိုင်ငံမှာလည်း ပဲတီးစိမ်းက တစ်နှစ်လုံးထွက်နေတာဆိုတော့ လည်ပတ်သွားမှာပါ။လက်ရှိမှာတင်ပို့အခြေအနေအရ တရုတ်နိုင်ငံကိုအများဆုံးတင်ပို့နေတာဖြစ်လို့သိပ်စိုးရိမ်စရာ မရှိပါဘူး။ လက်ရှိမှာ အောက်တိုဘာ၊နိုဝင်ဘာ၊ဒီဇင်ဘာ၊ဇန်နဝါရီထိ မြန်မာနိုင်ငံကနေ ပဲတီစိမ်းတန်ချိန် ၅၀၀၀၀ ကျော်လောက်ပဲ ထွက်သေးတာပါ။ ဒီအထဲမှ တန်ချိန် ၂၀၀၀၀ ကျော်က တရုတ်ကိုတင်ပို့တာပါ။စင်ကာပူနိုင်ငံကို တန်ချိန် ၁၄၀၀၀ လောက်တင်ပို့ပါတယ်။ စင်ကာပူနိုင်ငံ တင်ပို့မှုက တဆင့်တင်ပို့မှုတော့ ဖြစ်နိုင်ပါတယ်။ အိန္ဒိယနိုင်ငံကို တိုက်ရိုက်တင်ပို့မှုကတော့ တန် ၁၀၀၀ လောက်ပဲရှိပါတယ်။ ဒါကြောင့် ပဲတီစိမ်းက ပုံမှန်ကုန်သွယ်မှုလမ်းကြောင်းသွားနေတာဖြစ်လို့ ရပ်သွားစရာမရှိပါဘူး။ ပြည်တွင်းဈေးကွက်ကို ထိခိုက်နိုင်စရာမရှိပါဘူး။ လက်ရှိမှာ ပြည်တွံင်း ဒေသအလိုက် ကုန်စည်ဒိုင်တွေမှာ ပဲတီးစိမ်းဈေးကျဆင်းနေတာမရှိပါဘူး။ နယ်စပ်ကသာမသွားတာ ပင်လည်ရေကြောင်းကနေ တရုတ်နီုင်ငံကိုတင်ပို့နေပါတယ်။ လက်ရှိမှာ ပဲတီစိမ်းထွက်ရှိမှု၏ ၄၀ ရာခိုင်းနှုန်းလောက်တင်ပို့နေပါတယ်။ ” ဟု ၎င်းကပြောသည်။ထို့ပြင် ပြည်တွင်းပဲတီစိမ်းဈေးနှုန်းကျဆင်းမှု မရှိစေရန် စီးပွား/ကူးသန်းက ညှိနှိုင်းအစည်း အဝေး ပြုလုပ်ခဲ့ပြီး EU ဈေးကွက်ကို တိုးမြှင့်တင်ပို့ရန် စီစဉ်နေကြောင်းသိရသည်။လက်ရှိမှာ ဖေဖော်ဝါရီ ၁၁ ရက်နောက်ပိုင်း အိန္ဒိယဈေးကွက်ကို တင်ပို့ရောင်းချဖို့ စီစဉ်ထားသည့် ပဲတီစိမ်းတွေက ဆိပ်ကမ်းကို ရောက်ရှိနေပြီးဖြစ်ကာ တင်ပို့ဖို့ အခက်အခဲ ကြုံတွေ့နေရတယ်လို့ ပဲကုန်သည်တွေထံမှသိရသည်။ပို့ကုန်လမ်းကြောင်းတစ်လျှောက် ပဲတီစိမ်းတွေ အိန္ဒိယဈေးကွက်ကို ပုံမှန်တင်ပို့နိုင်ရန်ပြည်တွင်းမှာ စိုက်ပျိုးထွက်ရှိလာမယ့် ပဲတီစိမ်းတွေ ဈေးနှုန်းမကျဆင်းစေရေးအတွက် ညှိနှိုင်းအစည်းအဝေးကို စီးပွား/ကူးသန်းဝန်ကြီး ဦးဆောင်ပြီး ဖေဖော်ဝါရီ ၁၄ ရက်နေ့က ပြုလုပ်ခဲ့သည်။ယင်းအစည်းအဝေးကနေ ဝန်ကြီးဌာနဘက်ကတော့ အိန္ဒိယအစိုးရနဲ့ ချိတ်ဆက်ပြီး မြန်မာ့ပဲတီစိမ်းကို အိန္ဒိဈေးကွက်ထံ ပုံမှန်တင်ပို့နိုင်ရေး ညှိနှိုင်းဆာင်ရွက်ပေးသွားမယ်လို့ ကတိပြုခဲ့ပြီး အသင်းအဖွဲ့ တွေကလည်း ဈေးကွက်တည်ငြိမ်မှုရှိစေရန် EU အပါအဝင် ဈေးနှုန်းပိုမိုရရှိနိုင်မည့် အခြားဈေး ကွက်တွေကို တင်ပို့နိုင်ရေးအတွက်လည်း စီမံဆောင်ရွက်သွားဖို့ လိုအပ်ကြောင်း စီးပွားရေး နှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဒေါက်တာပွင့်ဆန်းက ပြောသည်။ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် အောက်တိုဘာလမှ ဖေဖော်ဝါရီလ ၄ ရက်အထိ ပဲတီစိမ်း ၁၄၇,၃၂၆ တန်ကို ပြည်ပနိုင်ငံတွေထံ တင်ပို့နိုင်ခဲ့ပြီး အဲ့ဒီအထဲမှာ အိန္ဒိယဈေးကွက်ကို ၁၈,၈၄၂ တန်၊ ရာခိုင်နှုန်းအားဖြင့် ၁၂ ရာခိုင်နှုန်းခန့် တင်ပို့ထားကြောင်း စီးပွား/ကူးသန်းဝန်ကြီးဌာနရဲ့ စာရင်းတွေမှာ ဖော်ပြ ထား ကြောင်းသိရသည်။ လက်ရှိပဲတီစိမ်းဈေးကွက်မှာ ယခင်က မြန်မာနိုင်ငံအောက်ပိုင်း ခရမ်း-သုံးခွမှ ပဲတီးစိမ်းရွှေဝါဈေးကွက်သည် မန္တလေးမြို့မှ တဆင့်နယ်စပ်ကုန်သွယ်မှုဖြင့် တရုတ်နိုင်ငံသို့ တင်ပို့ခြင်းဖြစ်ရာ ပဲတီစိမ်းဈေးကွက်မှာ မန္တလေးတရုတ်ဝယ်လက်ဈေးကွက်ဖြစ်ခဲ့ရာမှ လက်ရှိ နယ်စပ်ကုန်သွယ်မှုမူဝါဒ အပြောင်းအလဲများကြောင့် ပဲတီစိမ်းဈေးကွက်မှာ ရန်ကုန်ဈေးပဲဈေးကွက်သို့ ပြောင်းရွှေ့နေပြီး တရုတ်နိုင်ငံသို့ ပင်လယ်ရေကြောင်း မှတဆင့်တင်ပို့နေကြောင်း ပဲကုန်သည်များထံမှ သိရသည်။

Leave a Reply

Your email address will not be published.