ရွေမန်း

အသစ်ဝင် မတ်ပဲနှင့် ပဲစင်း ငုံ အရောင်းအဝယ်ခပ်သွက်သွက် ဖြစ်နေသော်လည်း ဈေးကောင်း မရရှိသေးကြောင်း ပဲ၊ နှမ်းကုန် သည်များထံက သိရသည်။

ပို့ကုန် မတ်ပဲနှင့် ပဲစင်းငုံတို့ မှာ ဈေးကွက်အတွင်း အသစ်ဝင် ရောက်လာပြီး ဈေးအနည်ငယ် ကျဆင်းနေသော်လည်း အရောင်းအဝယ် ခပ်သွက်သွက်ရှိနေကြောင်း၊ ဒေါ်လာ ဈေးတည်ငြိမ်နေလို့ အဝယ် သမားများ ထိန်းဝယ်နေတာကြောင့် ဈေးမြင့်တက်လာခြင်းမရှိသေး ကြောင်း၊ အခြားပဲသစ်များ ဇန်နဝါရီ လလယ်လောက်ခန့်က ဝင်ရောက် လာချိန်တွင် ပဲ၊ နှမ်း ဈေးကွက် ပိုမိုအရောင်းအဝယ်သွက်လာမည် ဖြစ်ကြောင်း၊ လက်ရှိအချိန်တွင် လက်ကျန်နည်းလာသည့် ပြည်တွင်း သုံး ကုလားပဲအုပ်စု ဆက်လက် ဈေးကောင်းနေကြောင်း ဦးကျော် သွင်(ရွှေစင်သိန်းပွဲရုံ)က ပြော သည်။

“ မတ်ပဲအသစ်တွေ အများ ဆုံးဝင်ရောက်လာပါတယ်။ တစ် အိတ် ၁၆၀၀၀၀-၁၆၃၀၀၀ ငွေကျပ် ပေါက်ဈေးရှိပါတယ်။ ဒုတိယအများဆုံးက ပဲစင်းငုံ ဖြစ် ပါတယ်။ တစ်ရက်အိတ် ၁၀၀၀ ကျော် ဝင်ရောက်နေပါတယ်။ ပေါက်ဈေးတစ်အိတ်ကို ငွေကျပ် ၁၆၀၀၀၀ ကျော် ပေါက်ဈေးနဲ့ အဝယ်သွက်သွက်လက်လက် ရှိနေ ပါတယ်။ ဒေါ်လာငွေဈေး တည် ငြိမ်နေလို့ ခပ်ထိန်းထိန်းဝယ်ယူနေ ကြပါတယ်။ ကျန်တဲ့ပဲတွေက တော့ နည်းနည်းပါးပါးပဲ ဝင်နေ သေးတယ်။ အသစ်ဝင် မြေ ထောက်ပဲက တစ်အိတ် ငွေကျပ် ၂၀၅၀၀၀ ပေါက်ဈေးရှိတယ်။ ပဲမျိုးစုံ အသစ်ဈေးကွက်ကတော့ ဇန်နဝါရီလလယ်လောက်မှ အဝင် စုံလာမယ်။ပြည်တွင်းသုံး ကုလား ပဲအုပ်စုကတော့ အသစ်၊ အဟောင်း စပ်ကူးမက်ကူးကာလမှာ ဈေး ဆက်လက်ဈေးကောင်းနေတယ်။ နှမ်းမျိုးစုံနှင့် မြေပဲဆန်ကတော့ ဈေးပုံမှန်သာရှိနေပါတယ်။ ပဲမျိုး စုံကို နယ်စပ်တင်ပို့ရောင်းချမှုက တော့ အားရစရာ မရှိသေးပါဘူး။ လက်ရှိမှာ ပဲ၊ နှမ်း နယ်စပ်တင်ပို့ မှုအတွက် ပို့ကုန်လိုင်စင်လျှောက် ထားပြီး တင်ပို့နေရပါတယ်။လက်ရှိကုန်သွယ်ရေးလမ်းကြောင်း မှာလည်း လုံခြုံရေးအရ စစ်ဆေး မှုတွေ တင်းကျပ်နေပါတယ်။ ´´ ဟု ၄င်းကပြောသည်။

မတ်ပဲ၊ ပဲစင်းငုံ၊ ပဲတီစိမ်း

အသစ်ဝင်လာသည့် မတ်ပဲနှင့် ပဲစင်းငုံတို့ ဈေးကွက်အတွင်း အရောင်းအဝယ် ခပ်သွက်သွက် ဖြစ်နေရာ ဒီဇင်ဘာ ၂၈ရက်တွင် မတ်ပဲသုံးတင်းဝင်တစ်အိတ် ငွေ ကျပ် ၁၆၇၀၀၀၊ ပဲစင်းငုံတစ်အိတ် ငွေကျပ် ၁၆၃၀၀၀၊ ပဲတီစိမ်း အညာမှာ ထိပ်စသုံးတင်းဝင် တစ် အိတ်လျှင် ငွေကျပ် ၁၄၀၀၀၀ ပေါက်ဈေးရှိသည်။ အသစ်ဝင် ပို့ကုန်ပဲများ အရောင်းအဝယ် ကောင်းနေသော်လည်း နှမ်းမျိုးစုံ နှင့် မြေပဲဆန်မှာ ဈေးအေးလျက် ရှိကြောင်း သိရသည်။

နှမ်းနက် ၄၅ ပိဿာတစ်အိတ် လျှင် ငွေကျပ် ၂၆၅၀၀၀၊ နှမ်းဖြူ (သစ်)ငွေကျပ် ၂၆၅၀၀၀ ပေါက် ဈေးရှိနေပြီး မြေပဲအနီလုံးဆန် တစ်ပိဿာ ငွေကျပ် ၆၂၀၀-၆၃၅၀၀၊ ဆီဆန်တစ်ပိဿာ ငွေ ကျပ် ၄၆၀၀-၄၈၀၀ ပေါက်ဈေး ရှိနေသည်။

ပြည်တွင်းသုံးကုလားပဲအုပ်စုမှာ အဟောင်းကုန် အသစ်ဝင်ကာလ ဖြစ်တာကြောင့် ဈေးအနည်းငယ် ဆက်လက်မြင့်တက်လျက်ရှိရာ ကုလားပဲ V2 တစ်အိတ်လျှင် ငွေ ကျပ် ၁၉၇၀၀၀၊ ပဲယင်းကြီး(သစ်) တစ်အိတ်လျှင် ငွေကျပ် ၁၂၃၀၀၀၊ ပဲကြီး(သစ်)တစ်အိတ်လျှင် ငွေ ကျပ် ၂၁၀၀၀၀၊ ပဲထောပတ် တစ်အိတ်လျှင် ငွေကျပ် ၁၆၅၀၀၀၊ စွန်တာပြာ တစ်အိတ်လျှင် ငွေ ကျပ် ၁၃၀၀၀၀၊ မြေထောက် ပဲတစ်အိတ်လျှင် ငွေကျပ်၂၀၅၀၀၀၊ ကျွန်းစားတော်ပဲတစ်အိတ်လျှင် ငွေကျပ် ၃၂၀၀၀၀ ပေါက်ဈေး ဖြစ်သည်။

Leave a Reply

Your email address will not be published.