ရွှေမန်း

အသစ်ဝင် ပဲစင်းငုံဈေးကွက် နှင့်အတူ ပို့ကုန်ပဲများပြီး အရောင်း အဝယ်သွက်လာ၊ ပြည်တွင်းသုံး ပဲမာလိုင်းများ ဈေးတည်ငြိမ်နေ ကြောင်း ပဲ၊ နှမ်း ကုန်သည်များ ထံက သိရသည်။

ပို့ကုန် မတ်ပဲနှင့်ပဲစင်းငုံ ဈေးကွက်ကျဆင်းနေရာမှ အသစ် ဝင်ပဲဈေးကွက်နှင့်အတူ အရောင်း အဝယ်ပြန်လည်ကောင်းမွန်လာ ကြောင်း၊ ပဲစင်းငုံအသစ်များမှာ နယ်ဈေးကွက်တွင် အရောင်း အဝယ်ခပ်သွက်သွက်ရှိနေသော် လည်း အသစ်ဝင်ရောက်မှု ပမာဏ နည်းသေးကြောင်း၊ မြေပဲဆန်ဈေး ကွက် ပုံမှန်သာရှိပြီး နှမ်းမျိုးစုံထိပ်စ အရည်အသွေးများသာ အရောင်း သွက်လျက်ရှိကြောင်း ဦးကျော်သွင် (ရွှေစင်သိန်းပွဲရုံ)က ပြောသည်။

“ကုလားပဲအုပ်စုကတော့ ဈေးအတက်အကျ သိပ်မပြောင်း လဲဘဲ ပုံမှန်အမြင့်ဈေးအတိုင်း အရောင်းအဝယ်ဖြစ်နေပါတယ်။ လဆိုင်းပေးစနစ်ဆိုရင် တစ်အိတ် ငွေကျပ် ၃၀၀၀ခန့် ပိုမိုဈေးရ တယ်။ မြေပဲဆန်ဈေးကတော့ စားဆီ၊ ပဲဆီဈေးမတက်တော့ ပုံမှန်သာအရောင်းအဝယ်ရှိပါတယ်။ နှမ်းမျိုးစုံကတော့ ထိပ်စကတော့ တစ်အိတ်ကျပ် ၂၆၅၀၀၀ ဝန်း ကျင်သာ ပေါက်ဈေးဖြစ်နေတော့ ဈေးတွေ အနည်းငယ်ပြန်ကျ တယ်။ ပြည်တွင်းသုံးပဲမာလိုင်း တွေကတော့ အမြင့်တွေဖြစ်သွားပြီး ငြိမ်နေတာကြာပါပြီ။ ပို့ကုန်ပဲတွေ ဈေးကျဆင်းနေတာကနေ ဈေးပြန် တက်လာပြီး အဝယ်သွက်နေပါ တယ်။ ပဲစင်းငုံအသစ်တွေ တစ် တင်း ကျပ် ၅၅၀၀၀ လောက်နဲ့ ဈေး စတင်ဝင်ရောက်ပေမယ့် ရောင်းလောက်ဝယ်လောက်တဲ့ ပမာဏမရှိသေးပါဘူး။ နယ်တွေ မှာတော့ အရောင်းအဝယ်ဖြစ်နေ ပါပြီ´´ဟု ၎င်းက ပြောသည်။

မတ်ပဲ၊ ပဲစင်းငုံ၊ ပဲတီစိမ်း

နယ်စုံမှပဲစင်းငုံ အသစ်များ စတင်ထွက်ရှိလာရာ နယ်ဈေး ကွက်တွင် တစ်တင်း ကျပ် ၅၅၀၀၀ ထိပေါက်ဈေးရှိလာသော် လည်း အဝင်နည်းနေသေးသည်။ဒီဇင် ဘာ ၈ ရက်တွင် မတ်ပဲ သုံး တင်းဝင် တစ်အိတ် ကျပ် ၁၇၀၀၀၀၊ ပဲစင်းငုံတစ်အိတ် ကျပ် ၁၆၅၀၀၀ သာ ပေါက်ဈေး ဖြစ်နေသည်။ ပဲတီစိမ်း အညာမှာ ထိပ်စသုံးတင်းဝင် တစ်အိတ်လျှင် ကျပ် ၁၄၀၀၀၀ သာပေါက်ဈေးရှိ သည်။

မြေပဲ

မြေပဲဆီဈေးနှင့် စားဆီဈေး များ တည်ငြိမ်နေတာကြောင့် မြေပဲဆန်ဈေးမှာလည်း အပြောင်း အလဲမရှိ ဈေးငြိမ်နေရာ ဒီဇင်ဘာ ၈ ရက်တွင် ထိပ်စမြေပဲဆန်မှာ ငွေကျပ် ၅၈၀၀ ဝန်းကျင်ဖြင့် အရောင်းအဝယ်သွက်နေပြီး ဆီဆန် မှာ တစ်ပိဿာ ကျပ် ၄၆၀၀ ပေါက် ဈေးရှိနေသည်။ မြေပဲဆီ တစ်ပိဿာလျှင် ကျပ် ၁၁၀၀၀၊ နှမ်းဆီ တစ်ပိဿာလျှင် ကျပ် ၁၁၀၀၀၊ စားအုန်းဆီ တစ်ပိဿာ လျှင် ကျပ် ၆၅၀၀ ပေါက်ဈေး ရှိနေသည်။

ဒီဇင်ဘာလဆန်းပိုင်းတွင် စတင် အသစ်ဝင်ရောက်လာသည့် ပဲစင်းငုံအသစ်များနှင့် နယ်ဈေး ကွက်တွက် အရောင်းအဝယ်ကောင်း လာသလို ပြည်တွင်း သုံးပဲများမျိုးစုံ မှာ အမြင့်ဈေးဖြင့် ငြိမ်နေရာ ဒီဇင်ဘာ ၈ ရက်တွင် ကုလားပဲ V2 တစ်အိတ်လျှင် ကျပ် ၁၉၀၀၀၀၊ ပဲယင်းတစ်အိတ်လျှင် ကျပ် ၁၁၃၀၀၀၊ ပဲကြီးတစ် အိတ်လျှင် ကျပ် ၂၃၀၀၀၀၊ ပဲထောပတ် တစ်အိတ်လျှင်ကျပ် ၁၅၀၀၀၀၊ စွန်တာပြာ တစ်အိတ်လျှင် ကျပ် ၁၃၇၀၀၀၊ မြေထောက်ပဲတစ်အိတ်လျှင် ကျပ် ၂၀၀၀၀၀၊ ကျွန်းစားတော်ပဲတစ် အိတ်လျှင်ကျပ် ၃၅၀၀၀၀ ပေါက်ဈေး ဖြစ်နေသည်။

Leave a Reply

Your email address will not be published.