ရွှေမန်း

အသစ်ဝင် နှမ်းမျိုးစုံ ဈေးကောင်း ရ၊ ပို့ကုန်ပဲများနှင့်အတူ ကုလားပဲ အုပ်စု ဈေးကျဆင်းနေကြောင်း ပဲ၊ နှမ်းကုန်သည်များထံက သိရ သည်။
အသစ်ဝင်နှမ်းမျိုးစုံဈေးကွက် မှာ အကောင်းဆုံးမဟုတ်သော် လည်း တစ်အိတ်ငွေကျပ် ၂၇၀၀၀၀ ထိရရှိနေကြောင်း၊ နှမ်းအဟောင်း များမှာ ပေါက်ဈေးကျဆင်းနေ ကြောင်း၊ မြေပဲဆန်ဈေးများလည်း ဈေးမြင့်တက်ခြင်းမရှိသော်လည်း အရောင်းအဝယ်ကောင်းနေကြောင်း ပြည်တွင်းလှောင်လက် အချို့တွင် သာ လက်ကျန်ပစ္စည်းရှိတော့တာ ကြောင့် ဈေးဆက်လက်မြင့်တက် နေခြင်းဖြစ်ကြောင်း ပဲ၊ နှမ်းများ ပို့ကုန်အကုန်အဖြစ် တင်ပို့ရာမှာ ဒေါ်လာဖြင့်သာ ပေးချေရန် သက် မှတ်ချက်က အဝယ်သမားများ အတွက် အခက်အခဲရှိကြောင်း၊ ပို့ကုန်ပဲများ အရောင်းအဝယ်အေး တာနှင့်အတူ ပြည်တွင်းသုံးကုလား ပဲ အုပ်စုလည်း ဈေးကျဆင်းနေ ကြောင်း ဦးကျော်သွင် (ရွှေစင် သိန်းပွဲရုံ)က ပြောသည်။
“နှမ်းမျိုးစုံဈေးကွက်ကတော့ အဝင်များနေတော့ တစ်အိတ် ငွေ ကျပ်၂၇၀၀၀၀ ဈေးက အမြင့်ဆုံး ဖြစ်နေတယ်။ တောင်သူတွေ အနေနဲ့ တစ်အိတ်ငွေကျပ် သုံး သိန်းလောက်ဆို ပျော်ပါတယ်။လက်ရှိမှာတော့ မန္တလေးအထက် ပိုင်း နှမ်းအသစ်တွေက ဈေးကောင်း ရနေတာပါ။ အရင်ဝင်ထားတဲ့ နှမ်း အဟောင်းတွေက တစ်အိတ်ငွေ ကျပ် ၂၃၀၀၀၀ လောက်သာပေါက် ဈေး ရှိပါတယ်။ လက်ရှိဈေး ကောင်းနေတဲ့ ကုလားပဲကတော့ တစ်အိတ် ငွေကျပ် ၂၀၀၀၀၀ နီးပါးထိ ဈေးကောင်းနေတာကနေ ဒီရက်ပိုင်းမှာတော့ ဈေးပြုတ်ကျ သွားတယ်။ V2 တစ်အိတ်ငွေကျပ် ၁၉၂၀၀၀ ထိဈေးကျဆင်းနေ တယ်။ ပဲတီစိမ်းလည်း တစ်အိတ် ငွေကျပ် ၁၄၅၀၀၀ ဈေးကတော့ တန်းနေတာပါ။ မြေပဲဆန်ကတော့ အသစ်ဝင်များနေတော့ ဆီဆန် တစ်ပိဿာငွေကျပ် ၄၇၀၀-၄၈၀၀ အများဆုံးပါ။ လုံးဆန် တစ်ပိဿာ ငွေကျပ် ၅၃၀၀-၅၄၀၀ ဈေး မတက်ပေမယ့် အဝင်ရှိသလောက် အရောင်းအဝယ် သွက်ပါတယ်။မတ်ပဲဈေးကတော့ ငွေကျပ် ၁၇၂၀၀၀-၁၇၃၀၀၀ လောက်ပဲ ပေါက်ဈေး ဖြစ်နေတယ်။ ပဲစင်း ငုံလည်း ငွေကျပ် ၁၇၃၀၀၀- ၁၇၅၀၀၀ သာ ပေါက်ဈေးရှိတယ်။အဝယ်အေးတာပါ။ ပြည်တွင်းသုံး ပဲမာလိုင်းကတော့ ခပ်အေးအေးပါ။ တရုတ်လိုင်း အဝယ်ပစ္စည်းတွေကို တင်ပို့ ရောင်းချရာမှာ ပဲ၊နှမ်းကို ဒေါ်လာနဲ့သာရောင်းချတာမျိုးဖြစ် နေတော့ အဝယ်သမားတွေအနေနဲ့ အခက်အခဲဖြစ်နေတော့ အဝယ်က မသွက်ဘူးဖြစ်နေတာပါ။ ဒေါ်လာ ငွေဈေးကလည်း ငြိမ်နေတော့ ပို့ကုန်အရောင်းတန်ဖိုးကျ တက်မ လာမျိုးပါ။ လက်ရှိမှာ အရောင်း အဝယ်မှာ ဒေါ်လာကြားခံအစား ယွမ်နဲ့ဆိုပိုကောင်းလာမှာပါ။ အခု တော့ တရုတ်လိုင်းပို့ကုန် ပစ္စည်း တွေ အေးနေလိမ့်မယ်´´ဟု ၎င်း က ပြောသည်။

မတ်ပဲ၊ ပဲစင်းငုံ၊ ပဲတီစိမ်း

နိုင်ငံခြားပဲတင်ပို့မှု မူဝါဒ အပြောင်းအလဲကို စောင့်ကြည့်ရင်း အရောင်းအဝယ်လုပ်နေသည့် အခြေအနေဖြစ်တာကြောင့် ပို့ကုန် မတ်ပဲနှင့် ပဲစင်းငုံမှာ ဈေးကွက် ကျဆင်းနေခြင်းဖြစ်ရာ နိုဝင်ဘာ ၂၃ ရက်နေ့တွင် မတ်ပဲ သုံးတင်းဝင် တစ်အိတ် ငွေကျပ် ၁၇၀၀၀၀၊ ပဲစင်းငုံတစ်အိတ်ငွေကျပ် ၁၈၀၀၀၀ သာ ပေါက်ဈေးဖြစ်နေသည်။ ပဲတီစိမ်း အညာမှာ ထိပ်စသုံး တင်းဝင် တစ်အိတ်လျှင် ငွေကျပ် ၁၄၅၀၀၀ ပေါက်ဈေးရှိသော်လည်း ပုံမှန် အရောင်းအဝယ် ဖြစ်နေသည်။

မြေပဲ

အသစ်မြေပဲဆန်အဝင်အား ကောင်းနေတာကြောင့် လက်ရှိမှာ ဈေးမြင့်တက်နိုင်ခြင်းမရှိကြောင်း လက်ရှိမှာ စားအုန်းဆီ ဈေးကွက် မှာလည်း ဈေးကျဆင်းနေတာ ကြောင့် နိုဝင်ဘာ ၂၃ ရက်တွင် ထိပ်စမြေပဲဆန်မှာ ငွေကျပ် ၅၄၀၀ ဝန်းကျင်ဖြင့် အရောင်းအဝယ်သွက် နေပြီး ဆီဆန်မှာ တစ်ပိဿာငွေ ငွေကျပ် ၅၃၀၀-၅၄၀၀ ပေါက်ဈေး ရှိနေသည်။ မြေပဲဆီ တစ်ပိဿာ လျှင် ငွေကျပ် ၁၁၀၀၀၊ နှမ်းဆီ တစ်ပိဿာလျှင် ငွေကျပ် ၁၁၀၀၀၊ စားအုန်းဆီ တစ်ပိဿာလျှင် ငွေ ကျပ် ၆၇၀၀ ပေါက်ဈေး ရှိနေ သည်။

ပို့ကုန်ပဲများ အရောင်းအဝယ် အေးချိန်တွင် ပြည်တွင်းသုံး ကုလား ပဲအုပ်စုမှာ ဈေးမြင့်တက်နေရာမှာ အနည်းကျ ပြန်လည်ကျဆင်း သွားရာ နိုဝင်ဘာ ၂၃ ရက်တွင် ကုလားပဲ V2တစ်အိတ်လျှင် ငွေကျပ် ၁၉၂၀၀၀၊ ပဲယင်းတစ် အိတ်လျှင် ငွေကျပ် ၁၁၅၀၀၀၊ ပဲကြီး တစ်အိတ်လျှင် ငွေကျပ် ၂၂၀၀၀၀၊ ပဲထောပတ်တစ်အိတ် လျှင် ငွေကျပ် ၁၆၀၀၀၀၊ စွန်တာပြာ တစ်အိတ်လျှင် ငွေကျပ် ၁၃၅၀၀၀၊ မြေထောက်ပဲတစ်အိတ်လျှင် ငွေ ကျပ် ၂၃၀၀၀၀၊ ကျွန်းစားတော်ပဲ တစ်အိတ်လျှင် ငွေကျပ် ၃၇၅၀၀၀ ပေါက်ဈေး ဖြစ်နေသည်။

Leave a Reply

Your email address will not be published.