အသစ်ဝင်နှမ်းများ ဈေးမြင့်တက်နေပြီး လက်ကျန်နည်းလာသည့် မြေပဲဆန် ဈေးမြင့်တက်လာ

ရွှေမန်း

အသစ်ဝင်နှမ်းမျိုးစုံ ဈေးမြင့် တက်နေပြီး ပြည်တွင်းလက်ကျန် နည်းလာသည့် မြေပဲဆန်မှာ ဈေး ပြန်မြင့်တက်၊ အရောင်းအဝယ် သွက်နေကြောင်း ပဲနှမ်းကုန်သည် များထံက သိရသည်။

စံချိန်တင်ဈေးမြင့်တက်နေ သည့် ပို့ကုန်မတ်ပဲနှင့် ပဲစင်းငုံ မှာ အတက်ဈေး ရပ်တန့်သွားပြီး ပုံမှန်သာ အရောင်းအဝယ်ရှိနေ သည်။ လက်ရှိ ပဲနှမ်းဈေးကွက် တွင် တရုတ်လိုင်းတင်ပို့ရန် အဝယ် ရှိနေတာကြောင့် အသစ်ဝင် နှမ်း မျိုးစုံနှင့် လက်ကျန်နည်းလာသည့် မြေပဲဆန်မှာ ခပ်သွက်သွက် အရောင်းအဝယ်ဖြစ်နေသည်။

မတ်ပဲနှင့် ပဲစင်းငုံမှာ ဈေးပြန် ကျဆင်းသွားကြောင်း၊ ပြည်တွင်း သုံး ကုလားပဲအုပ်စုမှာ အရောင်း ထိန်းနေတာကြောင့် ဈေးရပ်တန့် နေကြောင်း၊ အသစ်ဝင်နှမ်းမျိုးစုံမှာ အထွက်နှုန်းနည်းပါးခြင်း၊ စိုက်ခင်း များပျက်စီးမှုရှိခြင်းတို့ကြောင့် နှမ်း ပေါက်ဈေးမှာ ပြန်လည်မြင့်တက် လာရာ သုံးတင်းဝင်တစ်အိတ်လျှင် ငွေကျပ် ၃၀၀၀၀၀ မှ ၃၅၀၀၀၀ အထိ အရည်အသွေးလိုက် ဈေး ကောင်းရရှိလာကြောင်း ပြည်တွင်း လက်ကျန်နည်းလာသည့် မြေပဲ ဆန်မှာလည်း ဆီစက်ပိုင်များ ဝယ် ယူမှုနှင့် တရုတ်လိုင်း အဝယ် ကောင်းနေတာကြောင့် တစ်ပိဿာ ငွေကျပ် ၈၅၀၀မှ ၈၇၀၀ အထိ ပေါက်ဈေးဖြစ်လာကြောင်း ကိုဇင် မင်းဦး(တက်နေလင်း)ပွဲရုံက ပြော သည်။

“မတ်ပဲနဲ့ ပဲစင်းငုံကတော့ ဈေးပြန်အေးသွားပါတယ်။ ကုလား ပဲ လှောင်လက်သမားတွေ အရောင်း ထွက်ပေမယ့် ရန်ကုန်အဝယ်သမား တွေ ဈေးသိပ်မလိုက်နိုင်လို့ အရောင်းအဝယ် ခပ်အေးအေးသာ ရှိပါတယ်။ ကုလားပဲက လက်ကျန် နည်းလာတော့ တဖြည်းဖြည်းသာ ထုတ်ရောင်းနေတာပါ။ လက်ရှိမှာ နှမ်းမျိုးစုံ အသစ်ဝင်နေတော့ တရုတ်အဝယ်သမားတွေက ပစ္စည်း ဝင်သလောက် အဝယ်ကောင်းနေ တာပါ။ မြေပဲဆန်ကလည်း နယ်စပ် ကတင်ပို့မှုမရှိပေမယ့် ပင်လယ် ရေလမ်းကြောင်းက တင်ပို့နေလို့ ဈေးပြန်လည်မြင့်တက်လာပါ တယ်။´´ဟု ၎င်းက ပြောသည်။

ဇွန် ၁၅ ရက်တွင် မတ်ပဲ ၆၀ ပိဿာတစ်အိတ်လျှင် ငွေကျပ် ၂၄၅၀၀၀၊ ပဲစင်းငုံ ၆၀ပိဿာ တစ်အိတ်လျှင် ငွေကျပ် ၃၁၅၀၀၀၊ ပဲတီစိမ်းအညာ ၅၆ ဒသမ ၂၅ ပိဿာ တစ်အိတ်လျှင် ငွေကျပ် ၁၇၀၀၀၀ ပေါက်ဈေးသာရှိ ကြောင်း၊ ပြည်တွင်းသုံးပဲမာလိုင်း များဖြစ်သည့် ပဲကြီး၊ ပဲထောပတ်၊ မြေထောက်ပဲ၊ ကျွန်းစားတော်ပဲ သုံးတင်းဝင်တစ်အိတ်လျှင် ငွေကျပ် ၁၀၀၀၀ ခန့် ဈေးမြင့်တက်လာ ကြောင်း မန္တလေးကုန်စည်ဒိုင် ပေါက်ဈေးများအရ သိရသည်။

ပြည်တွင်းသုံး ကုလားပဲ အုပ်စုမှာ ဇွန် ၁၅ ရက်တွင် ကုလားပဲ V2 တစ်အိတ်လျှင် ငွေကျပ် ၂၆၅ç၀၀၀၊V7 တစ်အိတ် လျှင် ငွေကျပ် ၂၃၄၀၀၀၊ ထိုင်ဝမ် ကုလားပဲတစ်အိတ်လျှင် ငွေကျပ် ၂၅၈၀၀၀၊ ၉၂၉ ကုလားပဲတစ် အိတ်လျှင် ငွေကျပ် ၂၆၄၀၀၀ ပေါက်ဈေးဖြစ်လာပြီး ပြည်တွင်း သုံးပဲမာလိုင်းများမှာ ပဲကြီးတစ် အိတ်လျှင် ငွေကျပ် ၂၈၅၀၀၀၊ ပဲထောပတ်တစ်အိတ် ငွေကျပ် ၂၈၅၀၀၀၊ မြေထောက်ပဲတစ်အိတ် လျှင် ငွေကျပ် ၃၁၅၀၀၀၊ ကျွန်း စားတော်ပဲတစ်အိတ်လျှင် ငွေကျပ် ၄၁၀၀၀၀၊ မြေပဲအနီလုံးဆန် တစ်ပိဿာ ငွေကျပ် ၈၅၀၀ ပေါက် ဈေးရှိကြောင်း သိရသည်။

အသစ်ဝင် နှမ်းမျိုးစုံဈေးကွက် မှာ ဈေးမြင့်တက် အဝယ်လိုက် လာရာ နှမ်းဖြူ ၄၅ ပိဿာတစ် အိတ်လျှင် ငွေကျပ် ၃၇၃၀၀၀၊ နှမ်းညိုတစ်အိတ်လျှင် ငွေကျပ် ၃၀၅၀၀၀၊ နှမ်းနက်စမုံ တစ်အိတ် လျှင် ငွေကျပ် ၃၄၅၀၀၀၊ နှမ်းဝါ (အသစ်) တစ်အိတ်လျှင် ငွေကျပ် ၃၀၅၀၀၀ ပေါက်ဈေးရှိကြောင်း သိရသည်။

Leave a Reply

Your email address will not be published.