ရွှေမန်း
အရည်အသွေးကောင်း အိတ် စွပ် စိန်တလုံးသရက်သီးများကို အရည်အသွေးအလိုက်ဈေးကောင်း ပေးဝယ်မည်ဖြစ်ကြောင်း သဇင်နွယ် သရက်ခြံမှ သိရသည်။
ပို့ကုန် စိန်တလုံး သရက်သီး အဖြစ် စင်ကာပူနိုင်ငံသို့ တင်ပို့နိုင်ရန် သဇင်နွယ် သရက်ခြံမှ မန္တလေး၊ စစ်ကိုင်းဒေသများမှ ထွက်ရှိသော အိတ်စွပ် အရည်အသွေးမီ စိန်တလုံး သရက်သီးများကို အရွယ်အစား အလိုက် ၂၅၀-၃၀၀ဂရမ်၊ ၃၀၀-၃၅၀ဂရမ်၊၃၅၀-၄၀၀ဂရမ်၊၄၀၀- ၄၅၀ ဂရမ်အရွယ် သရက်သီး များကို တစ်တန်လျှင် ၁၀ သိန်း ဝန်းကျင်ခန့်ဖြင့် ဝယ်ယူမည်ဖြစ် ကြောင်း သိရသည်။
ယခင်နှစ်က အရည်အသွေး ကောင်း စိန်တလုံးသရက်သီး တစ်တန်လျှင် ငွေကျပ် ၉ သိန်းခွဲ ခန့် ရောင်းချခဲ့ရပြီး ယခုနှစ်တွင် သရက်သီးထွက်နှုန်းကျဆင်းမှု ကြောင့် ယခင်နှစ်ထက် ဈေးပိုမို ရရှိရန် တောင်သူများ မျှော်လင့် ထားသည်။
စိန်တလုံးသရက်သီးကို တရုတ် နယ်စပ်သို့ တိုက်ရိုက်ရောင်းချ ခြင်း၊ ပြည်တွင်း စူပါမားကတ် ဈေးကွက်၊ နိုင်ငံခြားပို့ကုန်အဖြစ် တင်ပို့ရောင်းချခြင်းဖြစ်ရာ ဒေသ အလိုက် စိန်တလုံးသရက်သီးကို အိတ်စွပ်ခြင်း၊အပင်ပိုးမွှားကင်းရှင်း အောင် ဆောင်ရွက်ခြင်း၊ အမှန် တကယ် ရင့်မှည့်မှသာလျှင် တင်ပို့ ရောင်းချသင့်ပြီး နာမည်ကောင်း ရရှိထားသည့် သရက်သီးဈေးကွက် ကို မရင့်မှည့်ခင် ဆေးတို့ပြီး ရောင်းချမှုများကြောင့် နှစ်စဉ် ဈေးကွက် ပျက်လေ့ရှိကြောင်း သိရသည်။
Leave a Reply