အမြန်လမ်းမကြီးတလျောက် အသုံးပြုသွားလာလျက်ရှိသည့် ခရီးသည်တင် Express ယာဥ် များသည် ခရီးသည် ပို့ဆောင် ပြေးဆွဲခြင်းကို ဧပြီလ (၇) ရက်နေ့မှစရျ် ရပ်နား ထားရှိမည် ဖြစ်

အမြန်လမ်းမကြီးတလျောက် အသုံးပြုသွားလာလျက်ရှိတဲ့ ခရီးသည်တင် Express ယာဥ် များ ခရီးသည်ပို့ဆောင် ပြေးဆွဲခြင်းကို ဧပြီလ (၇) ရက်နေ့မှစရျ် ရပ်နား ထားရှိမည် ဖြစ်တယ်လို့ အမြန်လမ်းမကြီးရဲတပ်ဖွဲ့မှူးရုံးက သတင်းထုတ်ပြန်ထားပါတယ်။
အမြန်လမ်းမကြီးတွင် အသုံးပြုသွားလာမယ့် ယာဥ်တွေ အရေအတွက်နည်းပါးပြတ်တောက်သွားမှာ ဖြစ်တဲ့အတွက် အမြန်လမ်းတွင် ခရီးသွားလာမယ့် ကိုယ်ပိုင်အိမ်စီးယာဥ်ငယ်များအနေဖြင့် မည်သည့် အကြောင်းဖြင့်ဖြစ်စေ ခေတ္တရပ်နားလိုပါက အမြန်လမ်းမကြီးတလျောက်မှာရှိတဲ့ အမြန်လမ်းမကြီးရဲတပ်ဖွဲ့ ရဲစခန်းနဲ့ ရဲကင်းများတွင်သာ ရပ်နားကြပါရန် ခရီးသွားပြည်သူတွေရဲ့အကျိုး ရှေးရှုရျ် အမြန်လမ်းမကြီးရဲတပ်ဖွဲ့မှူးရုံးက အသိပေးပန်ကြားထားပါတယ်။
အမြန်လမ်းမကြီးမှာရှိတဲ့ ရဲစခန်းနဲ့ ရဲကင်းရှိတည်နေရာတွေကိုလဲ အခုလိုဖော်ပြထားပါတယ်၊ ရဲတပ်ဖွဲ့ ရဲစခန်းများသည် ပျမ်းမျှ မိုင် (၂၀) ခန့်အကွာတွင် ၄င်း၊ ရဲကင်းများသည် ပျမ်းမျှ (၅)မိုင်ခန့် အကွာတွင်၄င်း တည်ရှိကြောင်း ဖော်ပြထားပါတယ်။
အကူညီလိုအပ်ပါက ဖုန်း 09420888801မှ 09420888870အထိ ဖုန်းအရေအတွက် ၇၀မှ အဆင်ပြေရာ နံပါတ်တစ်ခုခုကို ဆက်သွယ်နိင်တယ်လို့ သိရပါတယ်။
ရွာသား(မကွေး)
မကွေးဂျာနယ်
ဓာတ်ပုံ အမြန်လမ်းမကြီးရဲတပ်ဖွံမှူးရုံး

Leave a Reply

Your email address will not be published.