အမျိုးသားညီညွတ်ရေးကို အမြန်ဆုံးတည်ဆောက်ရန် လိုအပ်ဟု စိုင်းညွှန့်လွင် ပြောကြား

ကျော်စိုးမိုး နေပြည်တော် – သြဂုတ် (၂၀) ပြည်ထောင်စုကြီးမှာ အမျိုးသားပြန်လည် ရင်ကြားစေ့ရေးဆိုသည့် သွေးစည်းညီညွတ်ရေးလိုအပ်ချက်ကို အမြန်ဆုံးမဖြစ်မနေတည်ဆောက်ရမည့် အချိန်ဖြစ်သည်ဟု ရှမ်းတိုင်းရင်းသားများဒီမိုကရေစီ အဖွဲ့ချုပ် ဒုတိယ ဥက္ကဋ္ဌ(၁)စိုင်းညွန့်လွင်က သြဂုတ်လ ၁၉ရက် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံ စတုတ္ထအကြိမ်အစည်းအ‌ဝေး အဖွင့်မိန်းခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။ နေပြည်တော် ရှိ အပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်း ဗဟိုခန်းမ -၂ တွင် သြဂုတ်လ (၁၉)ရက်မှ (၂၁)ရက်အထိ ပြည်ထောင်စုငြိမ်းချမ်း ရေးညီ လာခံ (၂၁) ရာစု ပင်လုံ စတုတ္ထအစည်းအဝေးကို ကျင်းပနေခြင်းဖြစ်ပြီး အဆိုပါ ဖွင့်ပွဲအခမ်းအနားတွင် အမျိုးသားပြန်လည် သင့်မြတ်ရေး နှင့် ငြိမ်းချမ်းရေး ဗဟိုဋ္ဌာန ဥက္ကဋ္ဌ၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ သျှမ်းပြည်နယ်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS/SSA)မှ ဗိုလ်ချုပ်ကြီး ယွတ်ဆစ်နှင့် ရှမ်းအမျိုးသားဒီမိုက ရေစီ အဖွဲ့ချုပ်ဒုတိယဥက္ကဌ(၁)စိုင်းညွှန့်လွင်တို့က အဖွင့်မိန့်ခွန်း ပြောကြားခဲ့ကြသည်။ ” ဒီကနေ့ ကျွန်တော်တို့ ပြည်ထောင်စုကြီးမှာ အမျိုးသားပြန်လည် ရင်ကြားစေ့ရေးဆိုတဲ့ သွေးစည်းညီ ညွတ်ရေးလိုအပ်ချက်ကို အမြန်ဆုံး မဖြစ်မနေတည်ဆောက်ရမယ့် အချိန်လို့လဲ ယူဆမိပါတယ်။ COVID -19 ကြောင့် သက်ရောက်လာမယ့် စီးပွားရေးနှောင့်နှေးမှုသာမကဘဲ ပထဝီနိုင်ငံရေးအရ အင်အားကြီး နှစ်ခုရဲ့အား ပြိုင်မှုကြား ကျွန်တော်တို့နိုင်ငံဟာ ကျရောက်နေတဲ့ အနေအထားမှာ ရှိနေတယ်ဆိုတာလည်း အားလုံး သိကြပြီး ဖြစ်ပါတယ်။ ပဋိပက္ခတွေ များလွန်းတဲ့ ကျွန်တော်တို့ ပြည်ထောင်စု အတွက် စိုးရိမ်စရာအခြေအနေ ဖြစ်ပါ တယ်။ ကိုယ်ခံအားနည်းနေချိန်မှာ ပြင်ပက ရောဂါတွေ ကူးစက်လွယ်မယ့် သဘောမျိုးကို သတိပြုကြဖို့ လိုအပ် ပါတယ်။ ကျွန်တော်တို့ ကိုယ်ခံအား ခုခံအားကောင်းအောင် လုပ်ဖို့ လိုပါတယ်။ အဲဒါကတော့ အမျိုးသားညီ ညွတ်ရေးကို အမြန်ဆုံးတည်ဆောက်ရေးပဲ ဖြစ်တယ် လို့ ဆိုချင်ပါတယ်”ဟု စိုင်းညွှန့်လွင်က ပြောကြားလိုက် သည်။ Centre for Peace and Reconciliation (CPR) အဖွဲ့ဥက္ကဌဦးလှမောင်‌ရွှေက မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်ကိုသုံးသပ်ချက်လျှင် ဗမာလူမျိုးအများစု ဖြစ်နေပြီး ဗမာလူမျိုးများ၏လက်တွင် ဆုံးဖြတ်နိုင်မှု ရှိနေသလို ဖြစ်နေကြောင်း၊တိုင်းရင်းသားများ၏ လိုအပ်ချက်များကိုလည်းတတ်နိုင်သလောက် နားလည်ပေးရန်နှင့် မည်သည့် အစိုးရ မဆို လူမျိုးစုနိုင်ငံရေးသမိုင်းအမှန်ကိုသိရှိရန် ၊တိုင်းရင်းသားလက်နက်ကိုင်များဘက်မှလည်း ယုံကြည်မှုတည်ဆောက်နေစဉ်အတွင်း တောင်းဆိုမှုများကို တစ်ဆင့်ခြင်းတောင်းဆိုသွားရန်လိုအပ်ကြောင်း၊ မြန်မာနိုင်ငံ၏ အသွင်ကူးပြောင်းမှုတွင် ရခိုင်မြောက်ပိုင်း(ဘင်္ဂါလီအရေး)၊လူမှု၊စီးပွား ဖွံ့ဖြိုးတိုးတက်ရေး၊ စွမ်းဆောင်ရည်မြှင့်တင်ရေး နှင့် ငြိမ်းချမ်းရေးအမျိုးသားပြန်လည်သင့်မြတ်ရေး နှင့် အရပ်ဘက်စစ်ဘက် ဆက်ဆံရေးမှာ အရေးကြီးကြောင်း သုံးသပ်ပြောကြားသည်။ ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ပြည်နယ်အခြေခံဥပဒေ‌ဆိုင်ရာ ‌ဝေါဟာရနဲ့ ပတ်သက်ပြီးအစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်တို့အကြား သဘောထားကွဲလွဲလျှက်ရှိနေသောကြောင့် ၁၉ ကြိမ်‌မြောက်UPDJC အစည်းအ‌ဝေးထိတိုင် ကျေလည်အောင်မညှိုနှိုင်းနိုင်ခြင်းမရှိခဲချေ။ထို့ကြောင့် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ၂၁ရာစု ပင်လုံ စတုတ္ထအစည်းအဝေး၌ ချုပ်ဆိုမည့် ပြည်ထောင်စုသဘောတူစာချုပ် အပိုင်း (၃)တွင် ပြည်နယ်ဖွဲ့စည်းပုံနဲ့ပတ်သက်တဲ့အချက်တွေပါဝင်မည် မဟုတ်ကြောင်းသိရသည်။

Photo သမ္မတရုံး

11

Leave a Reply

Your email address will not be published.