အများပြည်သူ အသွားအလာများသောလမ်းမကြီးများ တွင် တပ်မတော်က ဆေးဖျန်းပေး

မကွေးတိုင်းဒေသကြီး၊မကွေးခရိုင်၊တောင်တွင်းကြီးမြို့၌ Covid 19 ကူးစက်ရောဂါကြိုတင်ကာကွယ်တဲ့အနေနဲ့ ဧပြီ ၂၂ ရက် နံနက် ၆ နာရီအချိန်မှ နံနက် ၈ နာရီ အချိန် ထိ ပြည်ပပြန်လာသူများနေထိုင်ထားရှိသည့် အထက(၁) ကျောင်းဝင်အတွင်ရှိ လမ်းများနှင့်အများပြည်သူအသွား အလာများသော တောင်တွင်း – မကွေးလမ်း၊တောင်တွင်း – ပြည် လမ်းမကြီးများအား မကွေးတပ်နယ်မှူးရုံး၏ ညွှန့် ကြားချက်နဲ့အညီ တောင်တွင်းကြီးမြို့ အခြေစိုက် အမှတ်
(၇)စစ်အခြေခံလေ့ကျင့်ရေးတပ်မှ တပ်မှူး ဗိုလ်မှူးကြီး ကျော်သန်းဆွေ၊ဒုဗိုလ်မှူးကြီးတင့်ကျော်ကြီးကြပ်ဦးစီး
၍ အရာရှိ၊အရာခံ၊အကြပ်တပ်သား စစ်သည်များ၊မြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်မြင် ၊မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး
တင်မောင်ဆွေနှင့် မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးမှူး ဦးမောင်မောင်ထွေးဦးစီးသော မီးသတ်တပ်ဖွဲ့ဝင် (၇)ဦး၊
မီးသတ်ယာဉ်တစ်စီးဖြင့် Covid-19 ကူးစက်ရောဂါကြို တင်ကာကွယ်ရေးအတွက် ပိုးသတ်ဆေးရည် ဖျန်းပေး
ခဲ့ကြောင်းသိရသည်။
ညွှန်ကြားချက်နဲ့အညီ လူထူထပ်တဲ့ ဘဏ်တွေ၊ကျောင်း တွေ၊ဘုရား၊စျေးတွေ စသည့်နေရာများကို လိုအပ်သလို ဆေးဖျန်းခြင်းများဆောင်ရွက်ပေးသွားမှာပါ၊ဒီဂလိုရင် ဆေးရဲ့အာနိသင်ဟာ(၃)ရက်ခံပါတယ်။ရက်ပြည့်ရင်တော့ ထပ်ဖျန်းပေးရပါတယ်။ဒီဂလိုရင်ဆေးဟာပိုရှိတယ်ဆို အဲဒီပိုဟာ(၅)မီနစ်တွင်သေစေပါတယ်။တပ်မတော်အနေနဲ့
လိုအပ်တဲ့နေရာတွေကို အဓိကထားဆောင်ရွက်ပေးသွား မှာပါဟု ဗိုလ်ကြီး သူရိန်မှပြောပြသိရသည်။

စာပေသစ္စာဖြင့်
ဟင်္သာ(တောင်တွင်းကြီး)

Leave a Reply

Your email address will not be published.