အများပြည်သူ စားသုံးရန်မသင့်သော အစားအသောက် ၃၉ ခုစစ်ဆေးတွေ့ရှိ

ရွှေမန်း

ကျန်းမာရေးဝန်ကြီးဌာန၊အစးအေသာက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနသည် ဈေးကွက်မှ အစားအသောက် များကို စားသုံးသူဘေးကင်းလုံခြုံရေးအတွက် နမူနာယူစစ်ဆေးခဲ့ရာ ၂၀၂၂ ခုနှစ်ဇန်နဝါရီမှ ဇူလိုင်လထိစာရင်း အရ အများပြည်သူ စားသုံးရန်မသင့်သော အစားအသောက် ၃၉ ခု၏တံဆိပ်နှင့် အမျိုးအစားများကို FDA က အသိပေးထားကြောင်းသိရသည်။

စားသောက်ကုန်ထုတ်လုပ်ဖြန့်ဖြူးရောင်းချသူများသည် ခွင့်မပြုသော ဆိုးဆေးများ၊တာရှည်ခံဓါတုပစ္စည်းများကို လုံးဝအသုံးမပြုရန်နှင့် ခွင့်ပြုအစားအသောက်ထပ်ဖြည့်ဓါတု ပစ္စည်းများ ကို သတ်မှတ်ပမာဏအတွင်းသာသုံးစွဲ ရမည်ဖြစ်ပြီးယင်းသို့မဟုတ်ပါက အမျိုးသားအစားအသောက်ဥပဒေပုဒ်မ ၂၈(က)အရအရေးယူမည်ဟုအသိ ပေးထားပြီးဖြစ်သည်။

“တချို့က ခွင့်ပြုဖြည့်စွက်ပစ္စည်းတွေသုံးတာကစနစ်တကျမရှိဘဲ မျက်မှန်းနဲ့လုပ်တယ်။စနစ်ကျအောင်သင်တန်း တွေတက်တာ၊ဗဟုသုတဆည်းပူးတာမရှိဘူး။အဲဒီတော့ အစားအသောက် အရသာပုံမှန်မဟုတ်သလို စားသုံးသူ တွေမှာ ထိခိုက်နိုင်တယ်။ဖြည့်စွက်ပစ္စည်းခွင့်ပြုပမာဏဖြစ်ဖို့ ချိန်တွယ်ပြီး သုံးရမှာပါ”ဟု သီးစုံယိုထုတ်လုပ်သူ တစ်ဦးကပြောသည်။

အဆိုပါကာလအတွင်း စစ်ဆေးတွေ့ရှိရသည့် စားသုံးရန်မသင့်သော အစားအသောက်များတွင် ခွင့်မပြုဆိုးဆေး များပါရှိခြင်း၊အဏုဇီဝသတ်မှတ်ချက်ကိုက်ညီမှုမရှိခြင်း၊Sodium Cyclamate နှင့် Benzoic acid များ သတ်မှတ် ပမာဏထက်ပိုမိုပါဝင်ခြင်းတို့ကို စစ်ဆေးတွေ့ရှိရပြီး မက်မန်းယို၊ဇီးယို၊ပုန်းရည်ကြီး၊ငရုတ်ဆီ၊ဂျယ်လီ၊ကြက် ကြော်လုံး၊ပုစွန်လုံး၊ငါးပိ၊တို့ဟူး စသည်တို့ဖြစ်သည်။

“မန္တလေးတိုင်းဒေသကြီးအတွင်းကထုတ်ကုန်ပစ္စည်းတွေကို ဓါတုဗေဒဓါတ်ခွဲစမ်းသပ်မှု၊အဏုဇီဝဓါတ်ခွဲစမ်း သပ် မှုတွေ ဆောင်ရွက်ပေးနေပါတယ်။ဈေးကွက်မှာ ရောင်းချနေတဲ့ စားသောက်ကုန်ထုတ်သူတွေအနေနဲ့စားသုံးသူ ဘေးကင်းပြီး အရည်အသွေးကောင်းမွန်အောင်ထုတ်လုပ်ကြဖို့လိုပါတယ်”ဟု မန္တလေးတိုင်းဒေသကြီး၊အသေး စားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ညွှန်ကြားရေးမှူးဦးဝင်းဗိုလ် ကပြောသည်။

စားသောက်ကုန်များတွင် ထည့်သွင်းသော ထပ်ဖြည့်ပစ္စည်းများကို လိုအပ်သည့် ပမဏထက် ပိုမိုခြင်း နှင့်အလွန် အကျွံသုံးမိပါက ကလေးငယ်များ၊ကိုယ်ဝန်ဆောင်များ၊သက်ကြီးရွယ်အိုများတွင် လတ်တလောလက္ခဏာများ အဖြစ် မျက်လုံးနင့်အရေပြားယားယံခြင်း၊ပျို့အန်ခြင်း၊ခေါင်းကိုက်ခြင်း၊ဗိုက်အောင့်/ဗိုက်နာခြင်း၊ခံစားရတတ်ပြီး ရေရှည်တွင် အစာအိမ်၊အသည်း၊ကျောက်ကပ်များပျက်စီးနိုင်ကာ ကင်ဆာဖြစ်ပွားနိုင်ကြောင်းသိရသည်။

Leave a Reply

Your email address will not be published.