အပြစ်ကင်းအောင်နေထိုင်ကြပါစို့

ဟင်္သာ (တောင်တွင်းကြီး)

အပြစ်ဖြစ်တယ်ဆိုတာ လူတဦးနဲ့တဦးဆက်ဆံကြတဲ့ အခါမှာ လွန်ကျူးမှုတွေဖြစ်တယ်ဆိုရင်ကံမြောက်ပါ တယ်။ကံမြောက်တယ်ဆိုတာ၊ကာယကံ၊ဝစီကံ၊မနော ကံ၊အမှားတွေပြုလုပ်မိကြတာကိုပြောတာပါ။ အဲဒီလိုလွန်ကျူးမှုကံတွေမြောက်ပြီဆိုရင် လူတဦးနဲ့ တဦး၊မပြောသင့်တဲ့စကားတွေကိုပြောမိတတ်ကြတယ်၊ မလုပ်သင့်တဲ့အလုပ်တွေကိုလည်းလုပ်မိတတ်ကြတယ်၊ မကောင်းတဲ့စိတ်နေစိတ်ထားတွေ၊မျက်နှာထေ၊မျက်နှာ ထားတွေနဲ့လဲဆက်ဆံမိကြပါတယ်၊အဲဒီလိုပြုမူလာပြီ ဆိုရင်၊အဲဒီလိုဆက်ဆံတဲ့လူဟာ၊မတရားမှုတွေ၊လွန်ကျူး မှုတွေ၊ကံမြောက်တဲ့သဘောတရားတွေဖြစ်ပေါ်လာပြီး တော့၊လူလောကကြီးဟာလဲ၊အဲဒီလိုလူမျိုးတွေများလာ ရတဲ့အတွက် ပျက်စီးရာပျက်စီးကြောင်းကိုဆိုက်ရောက် နိူင်ပါတယ်။
လူလူခြင်းဆက်ဆံကြတဲ့အခါ၊လောဘဆိုတဲ့တောင်တ ခြင်းတွေ၊ဒေါသဆိုတဲ့ကြောင့်ကျခြင်းတွေ၊မောဟဆိုတဲ့ တွေဝေခြင်းတွေ(ဝါ)ကြောင်းကျိုးမသိခြင်းတွေပါသွား ပြီဆိုရင်တော့ အဲ့ဒါဟာ၊လွန်ကျူးမှုကံတွေမြောက်နေပါ ပြီ။နောက်တခုက၊ဆန္ဒ၊ဒေါသ၊ဘယာ၊မောဟ၊ဆိုတဲ့အဂ တိတရားလေးပါးနဲ့ဆက်ဆံမိကြတဲ့အခါမှာလဲ၊လွန်ကျူး မှုအမှားတရားတွေပါလာတဲ့အတွက်၊အပြစ်ဖြစ်တတ်ပါ တယ်။
ဆန္ဒဆိုတာ၊ဆန္ဒရာဂကိုပြောတာပါ၊ဒေါသဆိုတာက မေတ္တာတရားတွေပျက်ပြားပြီးအပြစ်မြင်ပြီးဆက်ဆံ မိကြတာပါ။ဘယာဆိုတာက၊လူတဦးနဲ့တဦးဆက်ဆံ ကြတဲ့အခါ၊ဘေးဒုက္ခရောက်မှာကိုကြောက်လို့အမှား ကိုပြုလုပ်တတ်တဲ့သဘောတွေကိုပြောတာပါ။မောဟ ဆိုတာကကြောင်းကျိုးဆက်အမှန်တွေကိုလဲနားမလည်၊ အကောင်းအဆိုတွေကိုလဲမဝေခွဲနိုင်ဘဲ၊အမှန်တရားဘက် ကိုမရောက်ပဲ၊အမှားတရားတွေကိုသာရှေ့တန်းတင်ပြီး ပြောဆိုဆက်ဆံတတ်ကြတာဟာ၊အပြစ်ကိုကျူးလွန် ကြတဲ့၊ကံတွေကိုလုပ်နေတာပါ၊အပြစ်ဆိုတာ၊လူလူခြင်း ဆက်ဆံမှုကဖြစ်ပေါ်လာရတဲ့၊အကျိုးဆက်ဖြစ်ပါတယ်။ လူနဲ့ပါတ်ဝန်းကျဉ်တို့ရဲ့ အည မည သဘောတရားအရ အပြန်အလှန်အကျိုးပြုနေကြရတဲ့အပိုင်းရှိပါတယ်။ အညမညသဘောအရ၊အမှန်တရားတွေနဲ့မဆက်ဆံနိူင် ကြဘဲ၊အမှားတရားတွေကိုကျူးလွန်ဆက်ဆံမိကြရင်၊ အပြစ်ဖြစ်ပါပြီ။
လူတဦးနဲ့တဦးဆက်ဆံကြတဲ့အခါမှာ၊နေ့တိုင်းအချိန် တိုင်းမှာ၊တဏှာသဘောတရားတွေ၊ရာဂသဘောတရား တွေ၊ဒေါသသဘောတရားတွေ၊မေတ္တာသဘောတရား တွေစတဲ့၊စိတ်ထားလေးမျိုးနဲ့ဆက်ဆံနေကြရတာပါ၊ တဏှာသဘောတရားဆိုတာက၊တဦးနဲ့တဦး ကိုယ်၊ နှုတ်၊နှစ်လုံးတွေနဲ့ဆက်ဆံကြတဲ့အခါ၊ကိုယ့်အလိုတခု ထဲကိုသာမကြည့်ဘဲ၊သူ့အလိုကိုလဲထည့်တွက်ပြီး၊ သူ့အလို၊ကိုယ့်အလိုဆိုတဲ့အလိုနှစ်ခုနဲ့ဆက်ဆံကြတာ ပါ၊ဥပမာ။ကိုယ့်အိမ်ထောင်နဲ့ကိုနေကြရတဲ့အခါ၊အဲဒီ သဘောမျိုးတွေပါပါတယ်၊ကိုယ့်အလိုပြည့်အောင် ဖြည့်ဆီးတဲ့အခါ၊သူ့အကြိုက်၊သူ့အလိုကိုလဲပြည့်စေ ခြင်တဲ့သဘောနဲ့၊အိမ်ထောင်စည်းစိမ်ကိုခံစားကြတဲ့ သဘောတရားကိုဆိုလိုပါတယ်၊အဲဒီလို၊သူ့အလို၊ကိုယ့် အလိုပြည့်ဝအောင်ဆက်ဆံပေးကြတဲ့သဘောတရား ကိုတဏှာနဲ့ဆက်ဆံတယ်ဆိုပေမယ့်၊တော်သေးတယ်လို့ ဆိုနိူင်ပါတယ်။
ရာဂဆိုတာမျိုးကြတော့၊သူ့အလိုပြည့်ဝမှုကိုလုံးဝထည့် မတွက်ပဲ၊ကိုယ့်အလိုတခုထဲကိုသာကြည့်ပြီးဆက်ဆံခြင်း အမှုပြုကြတာကိုခေါ်ပါတယ်။ဥပမာ ။မတရားသဖြင့်ပြု ကျင့်တဲ့၊အမှုမျိုးကိုပြုကျင့်တဲ့အခါမှာ၊သူ့အလိုအတွက် နည်းနည်းလေးမှထည့်မတွက်မိဘဲ၊ကိုယ့်အလိုအာသာ ဆန္ဒတခုထဲကိုသာကြည့်ပြီးဆက်ဆံကြတာကို၊ဆန္ဒ ရာဂ နဲ့ဆက်ဆံတယ်လို့ခေါ်ပါတယ်၊အဲဒါဟာ၊အပြစ်ဖြစ်ရတဲ့ သဘောတရားတွေပါ။ နောက်တခုကဒေါသနဲ့ဆက်ဆံတာ၊ခက်ထန်ကြမ်းတမ်း တဲ့စိတ်ထားတွေနဲ့လူတဖက်သားကိုအပြစ်မြင်ပြီးမတ ရားသဖြင့်ဒေါသစိတ်ထားတွေနဲ့ဆက်ဆံကြတာ၊တဖက် သားအပေါ်မှာမလိုမုန်းထားပြီးအပြစ်တရားတွေနဲ့ဆက် ဆံကြတာဟာလဲ၊မကောင်းတဲ့ ကံ တရားတွေကိုကျူး လွန်ရာရောက်တဲ့အတွက်အပြစ်တွေပါပဲ။
နောက်တခုက မေတ္တာ ၊လူတဖက်သားနဲ့ဆက်ဆံကြရင် ဒေါသဆိုတဲ့အပြစ်တွေမမြင်ဘဲ၊စိတ်ထားကြမ်းတမ်း စွာမထားဘဲ၊အဒေါသ သဘောတွေနဲ့ဆက်ဆံနိူင်ကြမယ် ဆိုရင် မေတ္တာနဲ့ဆက်ဆံတာဘဲဖြစ်ပါတယ်။လူတဦးအ ပေါ်မှာ မေတ္တာမပျက်၊ဒေါသမထွက်ပဲ၊တပါးသူရဲ့အကျိုး ကိုမျှော်ကိုးပြီး၊မိမိအကျိုးအတွက်မမျှော်ကိုးပဲဆက်ဆံ ကြတာကို မေတ္တာနဲ့ဆက်ဆံတယ်လို့ခေါ်ပါတယ်။ တဏှာတွေ၊ရာဂတွေ၊ဒေါသတွေနဲ့ဆက်ဆံကြတာဟာ အပြစ်တွေဖြစ်ပြီး မေတ္တာနဲ့ဆက်ဆံကြတာသာအပြစ် ကင်းတဲ့ဆက်ဆံနည်းမျိုးဖြစ်တာကြောင့် မေတ္တာနဲ့ ဆက်ဆံလာနိူင်အောင် လေ့ကျင့်ကြပါလို့တိုက်တွန်း လိုက်ပါတယ်။
စာပေသစ္စာဖြင့် ဟင်္သာ (တောင်တွင်းကြီး)

Leave a Reply

Your email address will not be published.