အတက်အကျဈေး မတည်ငြိမ်သော်လည်း အရောင်းအဝယ်ကောင်းနေသည့် နှမ်းနက်ဈေးကွက်

ရွှေမန်း

သီတင်းပတ်အတွင်း အတက်  အကျဈေးမတည်ဘဲ အရောင်း အဝယ်ကောင်းနေသည်မှာ နှမ်း နက်တစ်မျိုးသာရှိကြောင်း ပဲ၊ နှမ်း ကုန်သည်များထံက သိရသည်။

လက်ရှိနယ်စပ်တင်ပို့နိုင်မှု အခြေအနေအရ နှမ်းနက်ဈေး ကွက်မှာ အမြင့်ဈေးမှာ ကျဆင်း သွားသော်လည်း  ပေါက်ဈေး အတိုင်း အရောင်းအဝယ်ကောင်း နေသည့် သီးနှံအမယ်တစ်ခုဖြစ် နေပြီးကျန်ပဲများမှာ အရောင်း အဝယ် ခပ်အေးအေးသာ ရှိနေ ခြင်းဖြစ်သည်။  
ပဲ၊နှမ်းဈေးကွက် တစ်ခုလုံး အရောင်းအဝယ်ခပ်အေးအေးသာ ရှိနေကြောင်း နှမ်းတစ်မျိုးသာ  ဈေးကွက်ပေါက်ဈေး အတက် အကျအတိုင်း အရောင်းကောင်း နေကြောင်း တရုတ်လိုင်း အဝယ် မရှိတာကြောင့် မြေပဲဆန်မှာ ဈေး ကျဆင်းနေကာ ပြည်တွင်းဆီစက် ပိုင်များသာ အဝယ်ရှိနေကြောင်း၊ လက်ရှိကာလ ကထိန်ရာသီဖြစ် တာကြောင့် လက်လီဈေးကွက် ကုလားပဲအုပ်စုအရောင်းကောင်း နေကြောင်း ရွှေစင်သိန်းပွဲရုံပိုင်ရှင် ဦးကျော်သွင်က ပြောသည်။

“ ပဲ၊နှမ်းဈေးကွက်တစ်ခုလုံး အရောင်းအဝယ် ခပ်အေးအေးသာ ရှိနေပါတယ်။ နှမ်းတစ်မျိုးသာ တက်ဈေးကျဈေးအတိုင် အရောင်း အဝယ်ရှိနေပါတယ်။ တစ်ပတ် အတွင်း  ဈေးနှုန်းအတက်အကျ မြန်ခဲ့ပါတယ်။ ပဲမာလိုင်းများမှာ လည်း ဈေးအေးနေပါတယ်။ ကထိန်ရာသီမို့ လက်လီဈေးမှာ ကုလားပဲ အရောင်းကောင်းခဲ့ ပါတယ်။ ဈေးကွက်တစ်ခုခြုံ ပြောရင် အရောင်းအဝယ်ပါးနေ ပါတယ်။ လာမည့် ဇန်နဝါရီ ပဲသစ်ပေါ်ချိန်  မတိုင်မိအထိ အရောင်းအဝယ်အေးမှာပါ}ဟု ၎င်း က ပြောသည်။
 ဒီဇင်ဘာ ၁ ရက်  ပေါက် ဈေးများမှာ သုံးတင်းဝင် မတ်ပဲ ပိဿာ  ၆၀ တစ်အိတ်လျှင် ငွေကျပ် ၂၆၂၅၀၀ ပေါက်ဈေးထိ  ဆက်လက်ကျဆင်းနေပြီး ပဲစင်း ငုံမှာ ပစ္စည်းအသစ်မဝင်လာခင် အထိ အရောင်းအဝယ်ဈေးကွက် ပျောက်နေမည် ဖြစ်သည်၊၊ ပဲတီ စိမ်းအညာ  ၅၆ ဒသမ ၂၅  ပိဿာ တစ်အိတ်လျှင် ငွေကျပ်  ၁၄၅၀၀၀ ပေါက်ဈေးဖြင့် ဆက် လက်ဈေးကျဆင်းနေသည်။

 ပြည်တွင်းသုံး ကုလားပဲ အုပ်စုမှာ ပုံမှန်ဈေးသာ ရှိနေပြီး နိုဝင်ဘာ ၃၀ ရက်တွင် ကုလားပဲ V2တစ်အိတ်လျှင် ငွေကျပ် ၂၇၀၀၀၀၊ V7 တစ်အိတ်လျှင် ငွေကျပ် ၂၇၅၀၀၀၊ ထိုင်ဝမ် ကုလားပဲတစ်အိတ်လျှင် ငွေကျပ် ၂၅၅၀၀၀၊ ၉၂၉  ကုလားပဲ တစ် အိတ်လျှင်  ငွေကျပ်  ၂၅၈၅၀၀ ပေါက် ဈေးဖြစ်ဈေးကျဆင်းနေ သည်။
ပြည်တွင်းသုံး ပဲမာလိုင်းများ မှာ ပဲကြီးတစ်အိတ်လျှင် ငွေကျပ် ၄၁၀၀၀၀၊ ပဲထောပတ်တစ်အိတ် လျှင် ငွေကျပ် ၄၅၀၀၀၀၊ မြေ ထောက်ပဲတစ်အိတ်လျှင် ငွေကျပ် ၃၃၀၀၀၀၊ ကျွန်းစားတော်ပဲတစ် အိတ်လျှင် ငွေကျပ် ၃၃၀၀၀၀၊  ကနေဒါစားတော်ပဲတစ်အိတ် လျှင် ငွေကျပ် ၂၆၅၀၀၀၊ မြေပဲ အနီလုံးဆန်(မြင်းမူ)တစ်ပိဿာ လျှင် ငွေကျပ် ၅၇၀၀-၅၈၀၀ ပေါက်ဈေးရှိသည်။
နှမ်းမျိုးစုံဈေးကွက်မှာ တရုတ် နိုင်ငံသို့ ပြန်လည်တင်ပို့လာ တာကြောင့် နှမ်းမျိုးစုံအရောင်း အဝယ်သွက်နေရာ နှမ်းဖြူ(ရိုးရိုး) ၄၅ ပိဿာတစ်အိတ်လျှင် ငွေ ကျပ် ၃၃၅၀၀၀၊ နှမ်းညို(သစ်) တစ်အိတ်လျှင် ငွေကျပ် ၂၉၀၀၀၀၊  နှမ်းနက်စမုန် တစ်အိတ်လျှင် ငွေကျပ် ၃၃၅၀၀၀  ပေါက်ဈေး ရှိကြောင်း သိရသည်။

Leave a Reply

Your email address will not be published.