အညာဆီးလုံးယို

ဆီးယိုထိုးမယ်ဆိုရင် မုန့်လုပ်ထန်းညှက်အညိုရယ် ဆီးသီးခြောက်ရယ်က အဓိကပါပဲ။ ဆောင်းအလွန်မှာ သီးတဲ့ ဆီးသီးခြောက်လေးတွေကို စုထားပြီး အခုလို နွေရာသီကျမှ ထိုးစားလေ့ ရှိကြပါတယ်။ နွေနေအပူမှာ နှလုံး ငြိမ်အောင် စားလေ့ရှိကြတယ်။
အညာဆီးချဉ်သီး အခြောက်လေးတွေကို ရေမှာ ခဏ စိမ်ပြီး၊ နောက် လက်နဲ့ ပွတ်ပြီး သန့်စင်အောင် အရင် ဆုံး ဆေးကြောသန့်စင် ရပါ့မယ်။ ဖုန်သဲအမှိုက် သန့်စင်ရင်းနဲ့ ဆီးသီးအပေါ်ခွံလေးတွေကို ခွာတဲ့သဘောမျိုး၊ မွှာလိုက်တာမျိုး လုပ်ရပါတယ်။ လုပ်ရတဲ့ သဘောက ထန်းညှက်ရည် အထဲကို စိမ့်ဝင် သွားဖို့ပါ။ ဘာကြောင့်ဆို ဆီးသီးထဲကိုအထိ အချိုရည် စိမ့်ဝင်သွားမှ ချိုချဉ် ဖြုံး အရသာကို စားရအောင်ပါ။ ဆီးသီးကို အခုလို အပေါ်ခွံကို မဖြဲခဲ့၊ မမွှခဲ့ရင် အချိုဓာတ်က သတ်သတ်၊ အချဉ် ဓာတ်ကသတ်သတ်ကြီး စားနေရသလို ဖြစ်နေပါ့မယ်။ ဆီးယိုကောင်းဆိုတာ ချိုချဉ်ဓာတ် တွဲစားရမှ နှလုံးကိုကြည်လင်စေမှာပါ။
ဆီးသီးကို ဆေးကြောပြီး ခဏ ရေစိမ်ထားပါ။ အဲ့ဒီ အချိန်မှာ မုန့်လုပ်ထန်းညှက်အညိုကို ကျိုရပါမယ်ယ အခဲတွေ ကျေလောက်ချိန်မှာ မီးဖိုက ခဏချ။ တခါတခါကျရင် ထန်းညှက်ထဲမှာ အမှိုက်တို့ သဲတို့ ပါတတ်တယ်။ ရေစစိလေးနဲ့ စစ် ပြီး အညစ်တွေကို ဖယ်ရပါတယ်။ ဒယ်ထဲကို သန့်အောင်လုပ်ထားတဲ့ ဆီးသီးထည့်ပါ။ အပေါ်က ထန်းညှက်ရည်လောင်းပါ ။ ဆားတို့၊ ခုဏက ထောင်းထားတဲ့ ငရုပ်သီးထောင်းတို့ မဆလာတို့ ကို အရသာအတွက်ထည့်ပေါ့။ အညာဆီးယို စစ်စစ် ကတော့ မဆလာတို့ ဘာတို့ မူလက မပါဘူး။ အမျိုးသမီးတွေကတော့ ဈေးကွက်ထဲက ဆီးယိုတို့ ဆီးပေါင်းတို့ လို အရသာဖြစ်အောင် ပူ စပ် မွှေး လေး ဖန်တီး ယူတာပေါ့။ ကိုယ်တွေလို အဘိုးကြီး အဘွားကြီးတွေ ကတော့ ဗမာ ဆန်ဆန် ဆီးသီးနဲ့ ထန်းညှက်ရည် ပဲ ပိုနှစ်သက်တယ်။
နည်းနည်းအစေးပေါက်ရုံဖြစ်လာရင်၊ မွှေရတာ ကြွက်မြီးတန်းအထိ ဖြစ်မလာခင်မှာ ဖိုက ချရပါတယ်။ မဆလာတို့ မစပ်တို့ကတော့ ကြိုက်ရင် ထပ်ထည့်ပေါ့။ အဲ့ဒါတွေ ပါတော့ ဆီးယိုထက် နေ့လယ် အဆာပြေ စားဖို့ သွားရည်စာ လိုမျိုး ဖြစ်သွားတယ်။ အကြိုက်ဆိုတာကတော့ တယောက်တမျိုးပါပဲ။ နွေနေ့လည်မှာ ရေနွေးချမ်းဖန်ဖန်လေးနဲ့ ကတော့ အလိုက်ဖက်ဆုံးပေါ့။ ချွေးကလေး တစိုစိုနဲ့။
ိစိတ်ဝမ်းနှလုံး ငြိမ်းချမ်းစွာ စားသုံးနိုင်ကြပါစေ ခင်ဗျာ။

Zee

အညာဆီးလုံးယိုဆီးယိုထိုးမယ္ဆိုရင္ မုန္႔လုပ္ထန္းညႇက္အညိဳရယ္ ဆီးသီးေျခာက္ရယ္က အဓိကပါပဲ။ ေဆာင္းအလြန္မွာ သီးတဲ့ ဆီးသီးေျခာက္ေလးေတြကို စုထားၿပီး အခုလို ေႏြရာသီက်မွ ထိုးစားေလ့ ႐ွိၾကပါတယ္။ ေႏြေနအပူမွာ ႏွလုံး ျငိမ္ေအာင္ စားေလ့႐ွိၾကတယ္။အညာဆီးခ်ဥ္သီး အေျခာက္ေလးေတြကို ေရမွာ ခဏ စိမ္ၿပီး၊ ေနာက္ လက္နဲ႔ ပြတ္ၿပီး သန္႔စင္ေအာင္ အရင္ ဆံုး ေဆးေၾကာသန္႔စင္ ရပါ့မယ္။ ဖုန္သဲအမိႈက္ သန္႔စင္ရင္းနဲ႔ ဆီးသီးအေပၚခြံေလးေတြကို ခြာတဲ့သေဘာမ်ိဳး၊ မႊာလိုက္တာမ်ိဳး လုပ္ရပါတယ္။ လုပ္ရတဲ့ သေဘာက ထန္းညႇက္ရည္ အထဲကို စိမ့္ဝင္ သြားဖို႔ပါ။ ဘာေၾကာင့္ဆို ဆီးသီးထဲကိုအထိ အခ်ိဳရည္ စိမ့္ဝင္သြားမွ ခ်ိဳခ်ဥ္ ျဖံဳး အရသာကို စားရေအာင္ပါ။ ဆီးသီးကို အခုလို အေပၚခြံကို မျဖဲခဲ့၊ မမႊခဲ့ရင္ အခ်ိဳဓာတ္က သတ္သတ္၊ အခ်ဥ္ ဓာတ္ကသတ္သတ္ႀကီး စားေနရသလို ျဖစ္ေနပါ့မယ္။ ဆီးယိုေကာင္းဆိုတာ ခ်ိဳခ်ဥ္ဓာတ္ တြဲစားရမွ ႏွလုံးကိုၾကည္လင္ေစမွာပါ။ဆီးသီးကို ေဆးေၾကာၿပီး ခဏ ေရစိမ္ထားပါ။ အဲ့ဒီ အခ်ိန္မွာ မုန္႔လုပ္ထန္းညႇက္အညိဳကို က်ိဳရပါမယ္ယ အခဲေတြ ေက်ေလာက္ခ်ိန္မွာ မီးဖိုက ခဏခ်။ တခါတခါက်ရင္ ထန္းညႇက္ထဲမွာ အမိႈက္တို႔ သဲတို႔ ပါတတ္တယ္။ ေရစစိေလးနဲ႔ စစ္ ၿပီး အညစ္ေတြကို ဖယ္ရပါတယ္။ ဒယ္ထဲကို သန္႔ေအာင္လုပ္ထားတဲ့ ဆီးသီးထည့္ပါ။ အေပၚက ထန္းညႇက္ရည္ေလာင္းပါ ။ ဆားတို႔၊ ခုဏက ေထာင္းထားတဲ့ င႐ုပ္သီးေထာင္းတို႔ မဆလာတို႔ ကို အရသာအတြက္ထည့္ေပါ့။ အညာဆီးယို စစ္စစ္ ကေတာ့ မဆလာတို႔ ဘာတို႔ မူလက မပါဘူး။ အမ်ိဳးသမီးေတြကေတာ့ ေစ်းကြက္ထဲက ဆီးယိုတို႔ ဆီးေပါင္းတို႔ လို အရသာျဖစ္ေအာင္ ပူ စပ္ ေမႊး ေလး ဖန္တီး ယူတာေပါ့။ ကိုယ္ေတြလို အဘိုးႀကီး အဘြားႀကီးေတြ ကေတာ့ ဗမာ ဆန္ဆန္ ဆီးသီးနဲ႔ ထန္းညႇက္ရည္ ပဲ ပိုႏွစ္သက္တယ္။နည္းနည္းအေစးေပါက္ရံုျဖစ္လာရင္၊ ေမႊရတာ ႂကြက္ၿမီးတန္းအထိ ျဖစ္မလာခင္မွာ ဖိုက ခ်ရပါတယ္။ မဆလာတို႔ မစပ္တို႔ကေတာ့ ႀကိဳက္ရင္ ထပ္ထည့္ေပါ့။ အဲ့ဒါေတြ ပါေတာ့ ဆီးယိုထက္ ေန႔လယ္ အဆာေျပ စားဖို႔ သြားရည္စာ လိုမ်ိဳး ျဖစ္သြားတယ္။ အႀကိဳက္ဆိုတာကေတာ့ တေယာက္တမ်ိဳးပါပဲ။ ေႏြေန႔လည္မွာ ေရေႏြးခ်မ္းဖန္ဖန္ေလးနဲ႔ ကေတာ့ အလိုက္ဖက္ဆုံးေပါ့။ ေခြၽးကေလး တစိုစိုနဲ႔။ိစိတ္ဝမ္းႏွလုံး ၿငိမ္းခ်မ္းစြာ စားသုံးႏိုင္ၾကပါေစ ခင္ဗ်ာ။

Posted by မေကြးဂ်ာနယ္ on Friday, May 1, 2020

Leave a Reply

Your email address will not be published.