အစိုးရအထောက်အပံ့ လက်လုပ်လက်စား (အခြေခံလူတန်းစား) အားလုံးမရ၊ စာရင်းကောက်ရန် အချိန်မလောက်၍ဖြစ်ရဟုဆို

Covid-19 ကာကွယ်ထိန်းချုပ်ရေးနှင့် စပ်လျဥ်း၍ အရေးကြီးကာလဖြစ်သည့်
မဟာသင်္ကြန် ရုံးပိတ်ရက်ရှည် ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံ လူတန်းစားများအတွက် အိမ်ထောင်စု တခုကို ဆန် (၈) ပြည်၊ ဆီ (၅၀) ကျပ်သား၊ ဆား (၅၀) ကျပ်သား၊ ပဲ (၁) ပိဿာ၊ ကြက်သွန် (၁) ပိဿာ ဧပြီလ ၁၀ ရက်နေ့က ပေးခဲ့ပေမဲ့ မင်းဘူးမြို့နယ်တွင် အခြေခံလူတန်းစားအကုန် မရရှိခဲ့ကြောင်း၊ စာရင်းကောက်ယူရန်အတွက် အချိန်ရရှိမှု နည်းပါးခဲ့ကြောင်း ​သိရပါတယ်။
ကျွန်မက မင်းဘူးမြို့ အမှတ်၁ရပ်ကွက်မှာ နေပါတယ်၊ စာရင်းလာမကောက်လို့ရပ်ကွက်ရုံးကိုသွားပြောပါတယ်၊ စာရေးက ဝေပေးတဲ့နေ့ရမယ်လို့ ပြောတယ်၊ ဝေပေးတဲ့နေ့ရောက်တော့ စာရင်းမပါဘူးတဲ့၊ နင်ကရေနံမြေရပ်ကလေတဲ့၊ နဂိုကတည်းက ရေနံမြေသွားဆိုရင်အစောကြီးကတည်းက ရေနံမြေသွားပြီးစာရင်းပေးမှာပေါ့၊ အခုဝေတဲ့နေ့ကြမှ ကျွန်မလုပ်ပေးပါဆိုရင်ရမှာလား၊ကျုပ်လုပ်လွှတ်မှာပေါ့၊ နောက်၁ယောက်ကိုလဲ နင်ကတောင်လှည်းကောက်ဆိုရင် တောင်လှည်းကောက်သွားလို့ အဲ့လိုပြောတယ်လို့အမှတ်၁ရပ်ကွက် သမရုံးဝန်းအတွင်းနေတဲ့ မတင်မိုးက ပြောပါတယ်။
အိမ်ကြီးအိမ်ကောင်းတွေ ငွေတိုးချေးစားတဲ့လူတွေ အကုန်ရကြတယ်၊ ကျွန်မအမျိုးသားဆို ဒီရောဂါတွေဖြစ်တော့ဆေးသုတ်မလိုက်ရဘူး၊ ကျွန်မဆို နဂါးပွက်တောင်မှာဈေးရောင်းတာ၊ ရောဂါဖြစ်တော့နဂါးပွက်တောင်ပိတ်တယ်၊ အလုပ်ပြုတ်သွားတယ်၊ အလုပ်ပြုတ်သွားတော့ ဆိုင်ကယ်လေးနဲ့ဈေးရောင်းတယ်၊‌ရောဂါတွေဖြစ်လာတော့ ရွာတွေက ဘယ်သူမှဝယ်မစားကြတော့ဘူး၊ အခုအစိုးရကပေးတဲ့ရိက္ခာကျတော့ စာရင်းမပါဘူးဆိုတော့ မရတော့ဘူးလေလို့ အမှတ်၁ရပ်ကွက် သမရုံးဝန်းအတွင်းနေ မအိမွန်ထွေးက ပြောပါတဟ်။
မင်းဘူးမြို့ အမှတ်၁ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးအေးလွင်က စာရင်းကောက်ယူရန်အတွက် အချိန်မှာ ၂၄နာရီတောင်မရကြောင်း၊ အချိန်ပိုင်းအတွင်း စာရင်းကောက်ယူရ၍ တစ်ချို့အိမ်ထောင်စု ခန့်မှန်း၁၀အိမ်ခန့် ကျန်ခဲ့ကြောင်း ပြောပါတယ်။
လုပ်ရတဲ့အချိန် တိုတောင်းတာပေါ့၊ တစ်ညနဲ့တမနက် ၈နာရီအပြီးပို့ရတာ၊လက်လုပ်လက်စား၊‌ ခေါင်းရွက် ဗျက်ထိုး၊ကျဘမ်းအမျိုးမျိုးပြန်ခွဲပေးရပါတယ်၊အချိန်ကတိုတောင်းတဲ့အတွက် ကျန်ခဲ့တာတွေရှိပါတယ်၊ ကျန်ခဲ့တဲ့လူတွေ ကျွန်တော့်ရုံးမှာလာပြောပါတယ်၊ အဲ့ဒီလူတွေအတွက်ကို မြို့နယ်အုပ်ချုပ်ရေးမှူးကို တင်ပြထားပါတယ်၊ ကျွန်တော်ရဲ့အားနည်းချက်ပါချင်လဲပါမှာပါ၊ ရာအိမ်မှူးတွေရဲ့အားနည်းချက်လဲပါရင်ပါမှာပါ၊ အားလုံးကိုတောင်းပန်ပါတယ်လို့ ဦးအေးလွင်က ပြောပါတယ်။
မင်းဘူး/စကုမြို့နယ်အတွင်း ရပ်ကွက်ကျေးရွာအုပ်စု ၇၄အုပ်စု၊ အိမ်ထောင်စု ၁၆၆၂၃စုရှိကြောင်း၊ကို ဧပြီလ၁၁ ရက်နေ့ အပြီး ပေးဝေမည်ဖြစ်ကြောင်း သိရပြီး၊ တစ်နိုင်ငံလုံးတွင် အစိုးရ အထောက်အပံ့ပေးမှုကို ကြိုဆိုကြပေမဲ့ တစ်ကယ်ပေးသည့်အခါ အခြေခံလူတန်းစားမဟုတ်သူတစ်ချို့ ရရှိနေပြီး၊ အခြေခံလူတန်းစား တစ်ချိုမှာ မရရှိဘဲဖြစ်နေကြောင်း သိရပါတယ်။
ရွာသား(မကွေး)
မကွေးဂျာနယ်
ရပ်ကွက်အုပ်ချုပ်ရေးမှူး ရုပ်သံဖိုင် အယ်ရာတက်နေပါသဖြင့် မပါဝင်ခဲ့

"အစိုးရအထောက်အပံ့ လက်လုပ်လက်စား (အခြေခံလူတန်းစား) အားလုံးမရ၊ စာရင်းကောက်ရန် အချိန်မလောက်၍ဖြစ်ရဟုဆို"============================================မင်းဘူး ဧပြီ၁၁ Covid-19 ကာကွယ်ထိန်းချုပ်ရေးနှင့် စပ်လျဥ်း၍ အရေးကြီးကာလဖြစ်သည့် မဟာသင်္ကြန် ရုံးပိတ်ရက်ရှည် ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံ လူတန်းစားများအတွက် အိမ်ထောင်စု တခုကို ဆန် (၈) ပြည်၊ ဆီ (၅၀) ကျပ်သား၊ ဆား (၅၀) ကျပ်သား၊ ပဲ (၁) ပိဿာ၊ ကြက်သွန် (၁) ပိဿာ ဧပြီလ ၁၀ ရက်နေ့က ပေးခဲ့ပေမဲ့ မင်းဘူးမြို့နယ်တွင် အခြေခံလူတန်းစားအကုန် မရရှိခဲ့ကြောင်း၊ စာရင်းကောက်ယူရန်အတွက် အချိန်ရရှိမှု နည်းပါးခဲ့ကြောင်း ​သိရပါတယ်။ ကျွန်မက မင်းဘူးမြို့ အမှတ်၁ရပ်ကွက်မှာ နေပါတယ်၊ စာရင်းလာမကောက်လို့ရပ်ကွက်ရုံးကိုသွားပြောပါတယ်၊ စာရေးက ဝေပေးတဲ့နေ့ရမယ်လို့ ပြောတယ်၊ ဝေပေးတဲ့နေ့ရောက်တော့ စာရင်းမပါဘူးတဲ့၊ နင်ကရေနံမြေရပ်ကလေတဲ့၊ နဂိုကတည်းက ရေနံမြေသွားဆိုရင်အစောကြီးကတည်းက ရေနံမြေသွားပြီးစာရင်းပေးမှာပေါ့၊ အခုဝေတဲ့နေ့ကြမှ ကျွန်မလုပ်ပေးပါဆိုရင်ရမှာလား၊ကျုပ်လုပ်လွှတ်မှာပေါ့၊ နောက်၁ယောက်ကိုလဲ နင်ကတောင်လှည်းကောက်ဆိုရင် တောင်လှည်းကောက်သွားလို့ အဲ့လိုပြောတယ်လို့အမှတ်၁ရပ်ကွက် သမရုံးဝန်းအတွင်းနေတဲ့ မတင်မိုးက ပြောပါတယ်။ အိမ်ကြီးအိမ်ကောင်းတွေ ငွေတိုးချေးစားတဲ့လူတွေ အကုန်ရကြတယ်၊ ကျွန်မအမျိုးသားဆို ဒီရောဂါတွေဖြစ်တော့ဆေးသုတ်မလိုက်ရဘူး၊ ကျွန်မဆို နဂါးပွက်တောင်မှာဈေးရောင်းတာ၊ ရောဂါဖြစ်တော့နဂါးပွက်တောင်ပိတ်တယ်၊ အလုပ်ပြုတ်သွားတယ်၊ အလုပ်ပြုတ်သွားတော့ ဆိုင်ကယ်လေးနဲ့ဈေးရောင်းတယ်၊‌ရောဂါတွေဖြစ်လာတော့ ရွာတွေက ဘယ်သူမှဝယ်မစားကြတော့ဘူး၊ အခုအစိုးရကပေးတဲ့ရိက္ခာကျတော့ စာရင်းမပါဘူးဆိုတော့ မရတော့ဘူးလေလို့ အမှတ်၁ရပ်ကွက် သမရုံးဝန်းအတွင်းနေ မအိမွန်ထွေးက ပြောပါတဟ်။ မင်းဘူးမြို့ အမှတ်၁ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးအေးလွင်က စာရင်းကောက်ယူရန်အတွက် အချိန်မှာ ၂၄နာရီတောင်မရကြောင်း၊ အချိန်ပိုင်းအတွင်း စာရင်းကောက်ယူရ၍ တစ်ချို့အိမ်ထောင်စု ခန့်မှန်း၁၀အိမ်ခန့် ကျန်ခဲ့ကြောင်း ပြောပါတယ်။ လုပ်ရတဲ့အချိန် တိုတောင်းတာပေါ့၊ တစ်ညနဲ့တမနက် ၈နာရီအပြီးပို့ရတာ၊လက်လုပ်လက်စား၊‌ ခေါင်းရွက် ဗျက်ထိုး၊ကျဘမ်းအမျိုးမျိုးပြန်ခွဲပေးရပါတယ်၊အချိန်ကတိုတောင်းတဲ့အတွက် ကျန်ခဲ့တာတွေရှိပါတယ်၊ ကျန်ခဲ့တဲ့လူတွေ ကျွန်တော့်ရုံးမှာလာပြောပါတယ်၊ အဲ့ဒီလူတွေအတွက်ကို မြို့နယ်အုပ်ချုပ်ရေးမှူးကို တင်ပြထားပါတယ်၊ ကျွန်တော်ရဲ့အားနည်းချက်ပါချင်လဲပါမှာပါ၊ ရာအိမ်မှူးတွေရဲ့အားနည်းချက်လဲပါရင်ပါမှာပါ၊ အားလုံးကိုတောင်းပန်ပါတယ်လို့ ဦးအေးလွင်က ပြောပါတယ်။ မင်းဘူး/စကုမြို့နယ်အတွင်း ရပ်ကွက်ကျေးရွာအုပ်စု ၇၄အုပ်စု၊ အိမ်ထောင်စု ၁၆၆၂၃စုရှိကြောင်း၊ကို ဧပြီလ၁၁ ရက်နေ့ အပြီး ပေးဝေမည်ဖြစ်ကြောင်း သိရပြီး၊ တစ်နိုင်ငံလုံးတွင် အစိုးရ အထောက်အပံ့ပေးမှုကို ကြိုဆိုကြပေမဲ့ တစ်ကယ်ပေးသည့်အခါ အခြေခံလူတန်းစားမဟုတ်သူတစ်ချို့ ရရှိနေပြီး၊ အခြေခံလူတန်းစား တစ်ချိုမှာ မရရှိဘဲဖြစ်နေကြောင်း သိရပါတယ်။ရွာသား(မကွေး)မကွေးဂျာနယ်ရပ်ကွက်အုပ်ချုပ်ရေးမှူး ရုပ်သံဖိုင် အယ်ရာတက်နေပါသဖြင့် မပါဝင်ခဲ့

Posted by မေကြးဂ်ာနယ္ on Saturday, April 11, 2020

Leave a Reply

Your email address will not be published.