ဟူကျင်တောင်၊ သို့မဟုတ် ထင်ပေါ်ကျော်ကြားမှုကို မလိုလားတဲ့ နိုင်ငံရေးသမား ဆိုတဲ့ စာအုပ်ကို ကျော်ထက်ထွန်း ဘာသာပြန်တာ ဖတ်ဖြစ်တယ်။ဟူကျင်တောင်ကို တရုတ်ပြည်ရဲ့ သမ္မတရာထူး၊ အထွေထွေအတွင်းရေးမှူးမတိုင်မီကလည်း လူသိနည်းတယ်။ အာဏာတွေရပြီးနောက်လည်း ထင်ထင်ပေါ်ပေါ် မနေ။သူ ၂၀၀၂နှစ်မှာ တရုတ်ကွန်မြူနစ်ပါတီ အထွေထွေ အတွင်းရေးမှူး တာဝန်ယူပြီးနောက် ပါတီသမိုင်းမှာ အရင်းရှင်တွေကို ပါတီဝင်ခွင့် ပြုခဲ့တာ်။ အခုတော့ ဂျက်မာတို့ပါ ပါတီဝင်လို့ သိလာရတယ်။နိုင်ငံခေါင်းဆောင်တယောက်အနေနဲ့ သိချင်စရာ ပြောချင်စရာတွေ အများကြီးရှိမှာပါ။ ပါတီရဲ့ ထိပ်တန်းခေါင်းဆောင်တယောက်ဖြစ်လာဖို့ အခက်အခဲတွေ ကျော်ဖြတ်ရတာအများကြီးပါ။ အရင်းရှင်နိုင်ငံဖြစ်ဖြစ်၊ ဖွံဖြိုးဆဲ့ဖြစ် ဖြစ်၊ ကွန်မြူနစ်လိုလို ဖြစ်ဖြစ် သဘောသဘာဝတွေက အတူတူပါပဲ။ခေါင်းဆောင်တယောက် စတင်တာဝန်ယူခါစ ဒါမှမဟုတ် ရွေးကောက်ပွဲ နဲ့ ကြုံရတဲ့အခါမှာ သဘာဝဘေးတို့၊ ကပ်ရောဂါဘေးတို့နဲ့ ရင်ဆိုင်ရတဲ့အခါရှိတယ်။ မြန်မာပြည်မှာဆို ၂၀၁၅ တုန်းက မကွေးတိုင်း မုန်းချောင်းတဝိုက် ကြုံရတဲ့ သဘာဝဘေးကိုကြုံရတယ်။ အခုလည်း ကိုဗစ်နဲ့ ကြုံရတယ်။အစိုးရရဲ့ ရင်ဆိုင် နိုင်တဲ့ အရည်အချင်းပေါ် မူတည်ပြီး အောက်မြင်တာ၊ ဆုံးရှုံးတာကို သူတို့ရော၊ တိုင်းပြည်ပါ ခံရတယ်။ဟူကျင်တောင်ရဲ့ အစိုးရအဖွဲ့သစ်အနေနဲ့၂၀၀၂နှစ်မှာ တကယ့် စိန်ခေါ်မှုနဲ့ ပထမဆုံး ရင်ဆိုင်ရတယ်။ ဒီစိန်ခေါ်မှုက မမျှော်လင့်တဲ့အပိုင်းက ရုတ်ခြည်းပေါ်လာတာဖြစ်တယ်။ ဘာလဲ ဆိုတော့ ၂၀၀၂ နိုဝင်ဘာ ၁၆ရက်က ကွမ်တုန်ပြည်နယ်မှာ အပြင်းအထန် အသက်ရှုလမ်းကြောင်း ပိတ် ရောဂါ ဆားစ်ရောဂါ စဖြစ်တယ်။ ကူးဆက်ဦးရေ တစထက်တစ တိုးတယ်။ အသက်သေ ပျက်စီးဆုံးရှုံးတာတွေ ရှိတယ်။ စနစ်တကျကုဖို့ စတာနဲ့တပြိုင်နက် အထိတ်တလန့် ဖြစ်စရာ သတင်းက မီးလောင်သလို ပျံ့သွားတယ်။ အဖျားရောဂါနဲ့ဆင်ပြီး ဘယ်က ဘယ်လိုပေါ်လာတဲ့ ရောဂါမှန်း မသိ။ ဒီရောဂါဆန်းကိုနှိမ်နက်းဖို့ အကြီးအကျယ် အားထုတ်ရတယ်။ ဘယ်လို ဘယ်ပုံ ကူးစက်နိုင်တယ်၊ ဘယ်ဒေသတွေကို ပျံ့နှံ့နိုင်တယ်လို့ မသိရချိန်။ ဒီရောဂါဆန်းနဲ့ ပတ်သက်ပြီး ကိုင်တွယ်ဖြေရှင်းရတဲ့ အာဏာပိုင်တွေက အတင်းကို အမှောင်ချတော့ အခြေအနေက ပိုဆိုးဝါးစေတယ်။မတ် ၁၁ကျ ဟောင်ကောင်ရှိ ဆေးရုံဝန်ထမ်းတွေကို ဒီရောဂါကူးစက်နေပြီလို့ ပြောရတယ်။ မတ်၁၅ကျ အမ္ဘကျန်းမာရေးအဖွဲ့ WHOကို ဒီရောဂါဆန်းရှိနေခဲ့ကြောင်း ထုတ်ပြောရတယ်။ ရောဂါက အဝေးကြီးက ကနေဒါပါမကျန် အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်းနဲ့ ဗီယက်နမ်ထိ ဖြစ်တယ်။ဒီရောဂါဖြစ်နေတဲ့ ဒေသတွေဆီ ခရီးမသွားဖို့ နိုးဆော်သတိပေးချက်တွေထုတ်တယ်။ ကူးဆက်မြန်ကြောင်း သတိပေးတယ်။ဖြစ်စက တရုတ်အစိုးရက ငြင်းတယ်။ နောက်မှ တရားဝင်တုံ့ပြန်းေပး တာ။ ဧပြီ ၃ရက်လုပ်တဲ့ ကျန်းမာရေးဝန်ကြီးရဲ့ သတင်းစာရှင်းလင်းပွဲမှာ ဒီရောဂါဆန်းက ပြည်သူ့ကျန်းမာရေးကို ခြိမ်းခြောက်နိုင်တဲ့ အဆင့်မရှိကြောင်း၊ ကူးစက်ခံနေရတာကလည်း လက်တဆုပ်စာသာရှိကြောင်း၊ ခရီးသွားတွေ အတွက်စိုးရိမ်ရတဲ့ အခြေအနေ မဟုတ်ကြောင်းတွေ ပြောတယ်။ဒါပေမယ့် လမ်းမပေါ်သွားနေတဲ့သူတွေက နှာခေါင်းစည်းလေးတွေနဲ့။ သတင်းကိုအမှောင်ချခဲ့တာက အခြေအနေကို ပိုပြီး ဆိုးဆိုးရွားရွား ဖြစ်စေခဲ့တယ်။ ကနဦးကတည်းက အဖြစ်မှန်အတိုင်း ထတြ်ဖော်ပေးရင် ဒီလောက် အထိတ်တလန့်ဖြစ်စရာ အကြောင်းမရှိ။တာဝန်ရှိသူတွေက ပေကျင်းမြို့တော်နယ်နမိတ်ထဲက ဆေးရုံတွေဆီ ကွင်းဆင်းလေ့လာတော့ ကျန်းမာရေးဝန်ကြီး ပြောတာနဲ့ အဆပေါင်းများစွာ ကွနေတယ်။နိုင်ငံတကာလည်းပျံ့သွားပြီတဲ့နောက် တရုတ်အစိုးရ အနေနဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ ညွှန်ကြားချက်ကို လိုက်နာရတယ်။.ကျန်းမာရေးဝန်ကြီးနဲ့ ပေကျင်းမြို့တော်ဝန် နှစ်ယောက်လုံး ရာထူးက ရပ်စဲခံရတယ်။အများပြည်သူသတိရှိဖို့ လှုံ့ဆော်တာတွေ လုပ်လာရတယ်။ ဖျော်ဖြေရေးအစီအစဥ်တွေပိတ်။ နန်ကျင်းက လူတသောင်းကို သီးသန့်ထား။ ကွမ်တုန်မှာ အများနဲ့ဆိုင်တဲ့နေရာတွေ တံတွေးမထွေးဖို့ တားမိန့်ထုတ်။နောက်တနှစ်မှာ ဒီရောဂါဆန်း ဉီးထောင်နေတာကို အချိန်မီ ထိန်းနိုင်ခဲ့တယ်။ဆားရောဂါဆန်းကနေ ထွက်ပေါ်လာတဲ့ ခြောက်ခြားမှုတွေထဲက တခုကရွှေ့ပြောင်းလုပ်သားတွေနဲ့ ကျေးလက်ဒေသ မှတ်ပုံတင် စာရွက်စာတမ်းတွေကိုင်ပြီး မြိုကြီးပြကြီးတွေ လာနေတဲ့ သူတွေ ဇာတိကျေးရွာပြန်တဲ့အခါ ကျန်းမာရေးစောင့်ရှောက်မှု လုံးဝမရှိတဲ့ အဖြစ်ဆိုသနဲ့ ရင်ဆိုင်ရတယ်။ကျေးလက်နေပြည်သူတွေအတွက်က ရန်ပုံငွေ မလုံလောက်မှု၊ ကျွမ်းကျင်တဲ့ဝန်ထမ်းတွေမလုံလောက်မှုတွေကြောင့် ကျန်းမာရေးဝန်ဆောင်မှု အားနည်းတာတွေ ရှိတယ်။ စာတကြောင်းက ”ဥက္ကဋ္ဌကြီးမော်”က တောင်သူလယ်သမားများသည် တော်လှန်ရေးတပ်သားကြီးများဖြစ်သည်ဟုဆိုသည်တဲ့။ စျေးကွက်ဖွင့်တာနဲ့ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းတွေကနေ ကျေးလက်နေပြည်သူတွေ ဘာများ အကျိုးကျေးဇူး တကယ်ခံစားရပါလိမ့်တဲ့။ဟူ”သည် စနစ်၏ ပြဿနာများကို အမွေခံလိုက်ရကြောင်းဘသည်ရောဂါဆန်းက မီးမောင်းထိုးပြလိုက်သကဲ့သို့ရှိသည်။ ပြဿနာ တခုပေါ်လာရင် ဝန်ခံနိုင်စွမ်းမရှိခြင်း၊ ခြေမကိုင်မိ လက်မကိုင်မိ မဖြစ်မီ ကိုင်တွယ်နိုင်စွမ်း မရှိခြက်းကလည်း ပြဿနာတခု စြ်သည်တဲ့ါ သည်ကိစ္စမှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကပါဝင်ပတ်သက်လာတာကလည်း အစိုးရအနေနဲ့ ပိုမိုတက်ကြွတဲ့ မဟာဗျူဟာကိုသုံးလာရတယ်။အရင်းအမြစ်များကို ကျယ်ကျယ်ပြန့်ပြန့် တပ်လှန့်နှိုးဆော် အသုံးချခြင်းနဲ့ အများပြည်သူကတိုက်ဖျက်ဖို့အားထုတ်ဆောင်ရွက်တာတွေက အားရစရာကောင်းတယ်လို့ ပါပါတယ်။စိတ်ဝင်စားစရာကောင်းတာကစီမံခန့်ခွဲရေးအရဆိုရင် ဟူ”ရဲ့ အစိုးရအတွက် ပထမဆုံး ရင်ဆိုင်ရတဲ့ စိန်ခေါ်မှု၊ အဲ့ဒါကိုအောင်မြင်ကျော်လွှားနိုင့်ခဲ့တယ်။ ဒီစိန်ခေါ်မှုကနေ ပြန်လည်နလံထူလာနိုင်အောင် ကိုင်တွယ်ခဲ့တယ်။ တရုတ်နိုင်ငံလို ရှုပ်ထွေးပြီး ကြီးမားကျယ်ပြန်တဲ့ နိုင်ငံကြီးတနိုင်ငံကို အုပ်ချုပ်ရတာ မလွယ် ကူကြောင်းထဲက သာဓက တခုပါတဲ့။သူ့စာအုပ်ထဲက ကပ်ရောဂါနဲ့ ဆိုင်တဲ့အပိုင်းပဲ ပြန်မျှလိုက်တာပါ။မြန်မာနိုင်ငံလို သေးငယ်ပေမယ့်ရှုပ်ထွေးတဲ့ အခြေအနေ ရှိတဲ့နိုင်ငံကို အုပ်ချုပ်ရတာလည်း မလွယ်ပါဘူး။ သမိုင်း တွေ အဖြစ်အပျက်တွေထဲက နမူနာယူ ကျော်လွှားတတ်ဖို့ပါပဲ။
FlashNews:
ဒေါ်လာဈေးကျဆင်းမှု ကြောင့်ပဲ၊နှမ်းဈေးကွက် တစ်ခုလုံး ဈေးကျဆင်းနေ
ကန်စွန်းဥများဈေးကောင်းရသောကြောင့် တစ်ဧက ငွေကျပ် သိန်း ၄၀ ခန့် အကျိုးအမြတ်ရနေ
၂၀၂၅ ခုနှစ် ပဲစင်းငုံအသစ်များ နယ်ဈေးကွက်တွင် အဝယ်သွက်နေ၊ရက်ပိုင်း အတွင်း ကျွန်းစားတော်ပဲများ ဝင်ရောက်လာမည်
၂၀၂၅ ခုနှစ် ကြံရာသီ သကြားစက်များ စတင်လည်ပတ်
စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်း ဆက်တိုက် တည်ငြိမ်နေ
ပို့ကုန်၊ သွင်းကုန်အပေါ် အခွန်ကောက်ခံမှု မူဝါဒအပြောင်းအလဲကြောင့် ပြောင်းဈေး အနည်းငယ်ကျဆင်းလာ
တရုတ်နှစ်သစ်ကူး မတိုင်မီ နှမ်းနက်ဝယ်လိုအားကောင်း ဈေးကောင်းရနေ
စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်း တည်ငြိမ်နေ
စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်း စျေးအနည်းငယ်ပြန်တက်
ဘဏ္ဍာနှစ် ရှစ်လအထိ ပို့ကုန်များတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၁၀ဘီလီယံနီးပါးရရှိထား
စားအုန်းဆီတင်သွင်းမှုများပြားနေခြင်းကြောင့် ပြည်တွင်းဆီစက်ပိုင်များ ပဲဆီရောင်းချရမှုကျဆင်းနေဟု ဆို
စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်း အနည်းငယ် ကျဆင်း တစ်ပိဿာ ငွေကျပ် ၇၂၅၀ ဖြစ်လာ
ပို့ကုန်ပြောင်းကုန်သည်များအနေဖြင့် ပြောင်း ဈေးကောင်းပေးဝယ်ယူတင်ပို့နေ
တရုတ်နိုင်ငံသို့ တင်ပို့ရန် နှမ်းနက်နှင့် ပဲတီစိမ်း အဝယ် ကောင်းနေသော ကြောင့် ဈေးမြင့်တက်လာ
စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်း အနည်းငယ် ကျဆင်း တစ်ပိဿာ ငွေကျပ် ၇၂၅၅ ဖြစ်လာ
20404
ဆောင်းဖရဲသီးများ တရုတ်နိုင်ငံသို့ တင်ပို့နေသော်လည်း ဈေးကောင်းမရရှိသေး
ပြည်တွင်းသုံး ကျွန်းစားတော်ပဲ ဈေးမြင့်တက်လာ၊ ကုလားပဲအုပ်စု စားသုံးမှုလျော့ကျနေ
ပြည်တွင်းစားသုံးမှုများသည့် ဆန်အမျိုးအစားများ ရည်ညွှန်းဈေးအတိုင်းရောင်းချရန် ထပ်မံနှိုးဆော်
Editorial Boardဆောင်းပါးသတင်းများ
ဟူကျင်တောင်ကို လတ်တလောအတွက် လေ့လာခြင်း
October 6, 2020October 6, 2020
Leave a Reply