သီတင်းကျွတ်ပိတ်ရက်များအလွန် ပဲအမျိုးအစားအလိုက်တစ်အိတ်ကျပ် ၅၀၀၀-၁၀၀၀၀ ခန့် ဈေးကျဆင်းနေသော်လည်း မျိုးဈေးကွက်ကောင်းနေ

ရွှေမန်း

သီတင်းကျွတ်ပိတ်ရက်များ အလွန် ပဲ၊ နှမ်းဈေးကွက်တစ်ခုလုံး ဈေးအေးနေရာ ပဲအမျိုးအစား အလိုက် တစ်အိတ်လျှင် ငွေကျပ် ၅၀၀၀-၁၀၀၀၀ ခန့်ဈေးကျဆင်းနေ သော်လည်း မျိုးဈေးကွက်ကောင်း နေကြောင်း ပဲ၊နှမ်း ကုန်သည်များ ထံမှ သိရသည်။

သီတင်းကျွတ်ပိတ်ရက်တွေ အလွန် ပဲ၊ နှမ်းဈေးကွက်တစ်ခုလုံး ပို့ကုန်ပဲများအပါအဝင် ပဲအမျိုး အစားအလိုက် သုံးတင်းဝင်တစ် အိတ်လျှင် ငွေကျပ် ၅၀၀၀-၁၀၀၀၀ ခန့်ဈေးကျဆင်း၍ အဝယ်အေးနေ ကြောင်း၊ ပို့ကုန်ပဲများမှာ ဒေါ်လာ ဈေးတည်ငြိမ်နေတာကြောင့် အဝယ်အေးသွားခြင်းဖြစ်ကြောင်း ပြည်တွင်းသုံး ကုလားပဲအုပ်စုမှာ အဝယ်အေးသွားတာကြောင့် V2 တစ်အိတ်လျှင် ငွေကျပ် ၁၈၈၀၀၀ ခန့်သာ ပေါက်ဈေးရှိတော့ကြောင်း မန္တလေး ပဲ၊ နှမ်းဈေးကွက်မှာ တန်ဆောင်မုန်းလကုန်အထိ ခပ် အေးအေးသာ အရောင်းအဝယ်ရှိ တော့မည်ဖြစ်ကြောင်း မန္တလေး တိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်း ဒုတိယဥက္ကဋ္ဌ ဦးကျော် သွင်(ရွှေစင်သိန်းပွဲရုံ)က ပြော သည်။

“သီတင်းကျွတ်ပိတ်ရက် တွေ အလွန်မှာ ပဲ၊ နှမ်းဈေးကွက် တစ်ခုလုံးဈေးအေးနေပါတယ်။ ပို့ကုန်ပဲတွေဆိုရင် မတ်ပဲက တစ်အိတ်လျှင် ငွေကျပ် ၁၇၅၀၀၀၊ ပဲစင်းငုံက ငွေကျပ် ၁၈၀၀၀၀ ဝန်းကျင်ပဲ ပေါက်ဈေးရှိတော့ တယ်။ ဒေါ်လာငွေဈေးကလည်း မှန်းလို့မရဘူး။ တက်တာလိုလို၊ ကျတာလိုလိုနဲ့ အဝယ်သမားကောင်း ကောင်း မရှိချင်ဘူး။ မန္တလေး ဈေးကွက်က သီတင်းကျွတ်ပြီးရင် တန်ဆောင်မုန်းက ဆက်သွားတော့ ပဲ၊ နှမ်းဈေးကွက်က အရောင်း အဝယ်အေးတာက နှစ်တိုင်းပါ။ဒီအချိန်က အညာကျွန်း စိုက်ခင်း တွေ စိုက်ပျိုးချိန်မို့ မျိုးဈေးကွက် လောက် ဈေးကောင်းနေပါတယ်။ နှမ်းဈေးကွက်လည်း ငြိမ်နေပြီး ထိပ်စ ကုလားပဲ ဗွီးတူးက ငွေကျပ် ၁၈၇၀၀၀ လောက်အထိဈေးပြန်ကျ နေပါတယ်။ မြေပဲဆန်ဈေးကတော့ ပုံမှန်ပါပဲ။ ဒီထက်လည်း ဈေးမ ကျတော့ဘူး။ ပစ္စည်းအဝင်က တော့များနေပါတယ်။ ဆီကြိတ်ပဲ ဆန်ဆိုရင် တစ်ပိဿာ ငွေကျပ် ၅၀၀၀-၅၁၀၀ ဈေးနဲ့ကောင်း ကောင်းရပါတယ်။ ကျန်တဲ့မြေပဲ ဆန်တွေကတော့ ငွေကျပ် ၄၇၀၀-၄၈၀၀ ပေါက်ဈေးပဲရှိပါတယ်။ S1 လုံးဆန်ဆိုရင် မျိုးဈေးကတော့ တစ်ပိဿာငွေကျပ် ၆၀၀၀ ပေါက် ဈေးရှိတယ်။ ကျွန်းစိုက်ခင်းတွေ မှာ ဆောင်းမြေပဲစိုက်ပျိုးဖို့ မျိုး ကြိုဝယ်နေကြတယ်။ ပဲမာလိုင်း တွေကတော့ ပုံမှန်သာရှိပြီး ဈေးကို မပြောင်းတော့ဘူး။ သီတင်းကျွတ် ပိတ်ရက်တွေအလွန်ကတော့ ပဲ၊ နှမ်းဈေးကွက် အရောင်းအဝယ်က ခဏတာပဲ ဈေးအေးသွားတာပါ၊ နောက်ပိုင်းရက်တွေမှာ အရောင်း အဝယ် ပြန်သွက်လာမှာပါ´´ ဟု ၎င်းက ပြောသည်။

မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစင်းငုံ

သီတင်းကျွတ်ပိတ်ရက်များ အလွန် ပဲ၊ နှမ်းဈေးကွက်တစ်ခုလုံး ဈေးအေးနေသလိုပြည်တွင်း ဒေါ်လာ ဈေးမှာ အတက်မရှိ ငြိမ်နေတာ ကြောင့် ပို့ကုန်မတ်ပဲ၊ ပဲစင်းငုံပေါက် ဈေးမှာ ခပ်အေးအေးရှိနေရာ အောက်တိုဘာ ၁၃ ရက်တွင် မတ်ပဲတစ်အိတ်လျှင် ငွေကျပ် ၁၈၀ယ၀၀၀၊ ပဲစင်းငုံတစ်အိတ်လျှင် ငွေကျပ် ၁၈၅၀၀၀ သာ ပေါက်ဈေး ရှိနေသည်။ ပဲတီစိမ်း အညာမှာ ထိပ်စ သုံးတင်းဝင်တစ်အိတ် ငွေ ကျပ် ၁၄၅၀၀၀ ပေါက်ဈေးရှိပြီး အရောင်းအဝယ်ပြန်အေးနေသည်။

မြေပဲ

အသစ်ဝင် မြေပဲဆန်များ ဈေး ကွက်တွင်း လှိုင်လှိုင်ဝင်ရောက်လာ သလို ဝင်သလောက် အဝယ်ရှိ နေသော်လည်း စားဆီဈေးကျဆင်းမှု နှင့်အတူ ဈေးကျဆင်းနေရာ ပို့ ကုန်မြေပဲ S၁ လုံးဆန်များမှာ တစ်ပိဿာလျှင် ငွေကျပ် ၅၂၀၀ ၊ အနီလုံးဆန် တစ်ပိဿာလျှင် ငွေကျပ် ၅၂၀၀ အထိ တစ်ပိဿာ ငွေကျပ် ၁၀၀ ခန့် ဆက်လက်ကျ ဆင်းသွားသည်။ မျိုးမြေပဲဆန်ဈေး မှာ တစ်ပိဿာ ငွေကျပ် ၆၀၀၀ ခန့်ပေါက်ဈေးရှိနေသည်။ မြေပဲဆီ တစ်ပိဿာလျှင် ငွေကျပ် ၁၂၀၀၀၊ နှမ်းဆီ တစ်ပိဿာလျှင် ငွေကျပ် ၁၁၀၀၀၊ စားအုန်းဆီ တစ်ပိဿာ လျှင် ငွေကျပ် ၇၀၀၀ အထိ ကျ ဆင်းသွားကြောင်း သိရသည်။

ပြည်တွင်း ဒေါ်လာဈေးတည် ငြိမ်မှုနှင့်အတူ သီတင်းကျွတ် ကာလ ပိတ်ရက်များကြောင့် ပဲ၊ နှမ်းဈေးတစ်ခုလုံး ဈေးအေးနေပြီး ပဲမျိုးစေ့ဈေးကွက် ဈေးကောင်း နေရာ အောက်တိုဘာ ၁၃ ရက် တွင် ကုလားပဲ V2 တစ်အိတ်လျှင် ငွေကျပ် ၁၉၀၀၀၀၊ ပဲကြီး တစ် အိတ်လျှင် ငွေကျပ် ၂၄၀၀၀၀၊ ပဲထောပတ်တစ်အိတ်လျှင် ငွေကျပ် ၁၆၀၀၀၀၊ စွန်တာပြာ တစ်အိတ် လျှင် ငွေကျပ် ၁၄၅၀၀၀၊ မြေ ထောက်ပဲတစ်အိတ်လျှင် ငွေကျပ် ၂၄၀၀၀၀၊ ကျွန်းစားတော်ပဲတစ် အိတ်လျှင် ငွေကျပ် ၃၈၀၀၀၀ ပေါက်ဈေးဖြစ်နေသည်။

Leave a Reply

Your email address will not be published.