“သတင်းဌာနတွေရဲ့ စုပေါင်းအားကိုသုံးပြီး ပြည်သူ့အကျိုးပြု လှုံ့ဆော်ချက်တွေ ဖြန့်ဝေပါ”

အရင်ဆုံး လူထုအကျိုးပြုလှုံ့ဆော်ချက် (Public Service Announcement- PSA) က ဘာလဲဆိုတာရှင်းပြပါရစေ။

အများပြည်သူအကျိုးရှိစေမယ့်၊ အများပြည်သူ အသက်အိုးအိမ်စည်းစိမ်တွေကို ကြိုတင်ကာကွယ်နိုင်မယ့် အသိပညာ၊ ဗဟုသုတတွေကို ရေးသား၊ ရိုက်ကူး၊ ထုတ်လွှင့်ခြင်းတွေဟာ လူထုအကျိုးပြုလှုံ့ဆော်ချက် Public Service Announcement ပါပဲ။
အဲဒီ Public Service Announcement တွေက အများပြည်သူအတွက် ဘာကြောင့်အရေးပါသလဲဆိုတာကိုလည်း ဆက်ရှင်းပြပါမယ်။
ဥပမာအားဖြင့်ပြောရရင် မိုင်းဘေး၊ စစ်ကျန်လက်နက်ဘေး၊ ငလျင်ဘေး၊ ရေဘေး၊ လေကြောင်းတိုက်ခိုက်မှုအန္တရာယ် စတဲ့ သဘာဝဘေး၊ လူလုပ်ဘေး မျိုးစုံကနေ ကြိုတင်ကာကွယ်နိုင်ကြဖို့ဆိုရင် ကာကွယ်ပုံ၊ ကာကွယ်နည်းလမ်းတွေကို ပြည်သူတွေ သေချာ သိထားဖို့လိုပါတယ်။ အဲဒီလိုသိထားဖို့ဆိုရင် PSA တွေနဲ့ ပြည်သူကို ပညာပေးလှုံ့ဆော်ရပါတယ်။ ဒါမှသာပဲ ထိခိုက်၊ သေဆုံး၊ ဆုံးရှုံးမှုတွေကို လျှော့ချကာကွယ်နိုင်မှာပါ။ အလားတူပဲ အခြားသော အသိပညာ၊ ဗဟုသုတွေကိုလည်း PSA တွေက တဆင့် ထိထိရောက်ရောက် ပေးနိုင်တာဖြစ်ပါတယ်။

အဲဒီလို ပြည်သူတွေရဲ့နေ့စဥ်ဘဝအတွက် အလွန်အရေးပါတဲ့ PSA တွေကို ဆိုရှယ်မီဒီယာ Followers ပေါင်း သန်း ၆၀ ကျော်ရှိပြီး၊ Website ပရိတ်သတ်လစဥ် ၇ သိန်းကျော်ရှိတဲ့ သတင်းဌာနကြီး ၃၀ ကျော်ရဲ့ စုပေါင်းအားနဲ့ တောင်တန်း၊ ပြည်မ မကျန် ဘာသာစကားမျိုးစုံနှင့် အရောက်ဖြန့်ဝေပေးနိုင်ပါပြီ။

သတင်းဌာနကြီးများနဲ့ ပူးပေါင်းပြီး Public Service Announcement များထုတ်လုပ်ခြင်းက ပိုပြီးထိရောက်၊ ပြန့်နှံ့မှုရှိစေသလို တနည်းအားဖြင့်လွတ်လပ်သောသတင်းမီဒီယာများရှင်သန်ရပ်တည်ရေး အတွက် အားဖြည့် ထောက်ပံ့မှုပေးရာလည်းရောက်ပါတယ်။

သတင်းဌာနကြီးများ၏စုပေါင်းအားကိုသုံးပြီး ပြည်သူ့အကျိုးပြု လှုံ့ဆော်ချက်များ ဖြန့်ဝေလိုပါက
PSA Media Task Force ၏ psa.medianetwork@protonmail.com အီးမေးလ်ကိုဆက်သွယ်နိုင်ပါသည်။
https://youtu.be/Wft0r_udOw8

https://fb.watch/l3Fvca3U6i/?mibextid=Nif5oz

Leave a Reply

Your email address will not be published.