သင်္ကြန်ပိတ်ရက်များ မတိုင် မီ ပဲ၊ နှမ်းဈေးကွက်တစ်ခုလုံး အမြင့်ဈေး များဖြင့် အရောင်းအဝယ်သွက်နေ

ရွှေမန်း

 သင်္ကြန်ပိတ်ရက်များ မတိုင် မီ ပဲ၊ နှမ်းဈေးကွက်အမြင့်ဈေး များဖြင့် အရောင်းအဝယ်သွက်နေ ကြောင်း  ပဲကုန်သည်များထံက သိရသည်။

သင်္ကြန်ကာလမတိုင်မီ ဖြစ် ပေါ်ခဲ့သောအမြင့်ဈေးများအတိုင်း ပိတ်ရက်များအလွန်တွင်လည်း ဆက်လက်ဈေးကောင်းနေနိုင် ကြောင်း ပဲ၊ နှမ်းကုန်သည်များသုံး သပ်ထားသည်။ ယခုသင်္ကြန် အကြိုသီတင်းပတ်အတွင်း ပဲ လှောင်လက်သမားများ အဝယ် ကောင်းနေတာကြောင်း ဈေးကွက် အရောင်း အဝယ်ကောင်းနေခြင်း ဖြစ်သည်။  

ပဲ၊ နှမ်းလောကတွင် ပဲသစ်များကို သင်္ကြန်ကာလ မတိုင်မီ လှောင်လက်သမားများ အဝယ်ကောင်းနေတာကြောင့် ပဲ၊ နှမ်းဈေးကွက်တစ်ခုလုံး အမြင့် ဈေးဖြစ်လာအရောင်းအဝယ် ကောင်းနေပြီး ပို့ကုန်ပဲများနှင့် ဈေးကွက်ကျဆင်းနေသည့် ပြည် တွင်းသုံး ကုလားပဲအုပ်စု ဈေးမြင့် အဝယ်သွက်နေကြောင်း ရွှေစင် သိန်းပွဲရုံပိုင်ရှင် ဦးကျော်သွင်က ပြောသည်။

“ သင်္ကြန်ကာလ ပိတ်ရက် များ မတိုင်မီ  ပဲ၊ နှမ်း ဈေးကွက် အတက်ဈေးတန်းနဲ့ အရောင်း အဝယ်ရပ်နားသွားပါတယ်။  ပို့ ကုန်ပဲတွေ ဈေးတက်သလို ဈေး ကျဆင်းနေတဲ့  ကုလားပဲ အုပ်စုလည်း ဈေးအနိမ့်ဆုံးကနေ လဈေးပြန်တက်လာပါတယ်။ ပြည်တွင်း ငွေလဲနှုန်းမြင့်တက်လာ တာ ရယ် ။ ပဲလှောင်လက်သမား တွေက သင်္ကြန်ကာလာ မတိုင်မီ အပြီး ဝယ်ယူကြတာဖြစ်လို့ ပိတ်ရက်တွေ မတိုင်မီ အရောင်း အဝယ်သွတ်ခဲ့ပါတယ်။ဒါကြောင့် ပြည်တွင်းသုံးကုလားပဲဈေးတွေ ၊ ပဲမာလိုင်းတွေ ဈေးပြန်ကောင်း ခဲ့ပါတယ်။ ပဲဈေးကွက် တစ်ခုလုံး ကတော့ သင်္ကြန်ကာလမတိုင်မီ အမြင့်ဈေးတန်းနဲ့ ဈေးကွက် ပိတ်ခဲ့ပြီး ဈေးကွက် ပြန်စရင် လည်း ဈေးကွက် ဈေးကောင်း မယ့် အခြေအနေတွေ ရှိပါတယ်´´ ဟု ၎င်းကပြော သည်။

ဧပြီ   ၁၀ ရက်တွင် ပို့ကုန် ပဲများ ဈေးကျဆင်းနေရာမှဆက် လက် မြင့်တက်လာရာ  မတ်ပဲ တစ်အိတ်လျှင် ငွေကျပ် ၃၀၀၀၀၀၊ ပဲစင်းငုံတစ်အိတ်လျှင်  ငွေကျပ် ၃၈၀၀၀၀ ပေါက်ဈေး ဖြစ်လာ သည်။ ပဲတီစိမ်းအညာတစ်အိတ် လျှင် ငွေကျပ် ၁၂၅၀၀၀ ပေါက် ဈေးဖြစ်နေသည်။      

 ပြည်တွင်းသုံး ကုလားပဲ အုပ်စုမှာ ဈေးတည်ငြိမ်နေရာ  ဧပြီ ၁၀ ရက်တွင် ကုလားပဲ V2 တစ်အိတ်လျှင် ငွေကျပ် ၂၄၈၀၀၀၊ ကုလားပဲ V7 တစ်အိတ်လျှင် ငွေကျပ် ၂၅၅၀၀၀၊  ထိုင်ဝမ် ကုလားပဲ တစ်အိတ်လျှင် ငွေကျပ် ၂၃၅၀၀၀၊ ၉၂၉ ကုလားပဲတစ် အိတ်လျှင် ငွေကျပ် ၂၄၃၀၀၀ အသီးသီးပေါက်ဈေးရှိနေသည်။

ပြည်တွင်းသုံး ပဲမာလိုင်း များမှာ နယ်စုံမှအသစ်ဝင်ရောက် လျက်ရှိပြီး လှောင်လက်သမား များ အဝယ်ကောင်းနေတာကြောင့် ဈေးတန်းမြင့်တက်လာရာ ပဲကြီး တစ်အိတ်လျှင် ငွေကျပ် ၂၆၅၀၀၀၊ ပဲထောပတ်တစ်အိတ်လျှင် ငွေ ကျပ်  ၃၄၀၀၀၀၊ မြေထောက်ပဲ တစ်အိတ်လျှင် ငွေကျပ် ၃၃၀၀၀၀၊ ကျွန်းစားတော်ပဲ တစ်အိတ်လျှင် ငွေကျပ် ၂၇၀၀၀၀၊ ကနေဒါ စားတော်ပဲတစ်အိတ်လျှင် ငွေကျပ် ၂၆၅၀၀၀ ပေါက်ဈေးရှိနေပြီး မြေပဲ အနီလုံးဆန်(မြင်းမူ) တစ်ပိဿာ လျှင် ငွေကျပ် ၇၆၀၀ အထိ ပေါက်ဈေးရှိနေသည်။
ဧပြီ ၁ဝရက်တွင် နှမ်းမျိုးစုံ အနည်းငယ် ဈေးကျဆင်းသွားရာ နှမ်းဖြူ(ဂျပန်) ၄၅ ပိဿာ တစ် အိတ်လျှင် ငွေကျပ် ၄၀၅၀၀၀၊ နှမ်းညိုတစ်အိတ်လျှင် ငွေကျပ် ၃၀၅၀၀၀၊ နှမ်းနက်စမုန် တစ် အိတ်လျှင် ငွေကျပ် ၄၀၀၀၀၀ အသီးသီးပေါက်ဈေးရှိနေကြောင်း သိရသည်။

Leave a Reply

Your email address will not be published.