ရွှေမန်း

သခွားပင်လယ်လို့ တင်စားရသည့် ဧကသောင်းချီစိုက်ပျိုးသည့် ချောင်းဦးနယ် ပေါက်အင်းဒေသ တွင် တရုတ်နယ်စပ်ဂိတ်များ ကနေ အသီးတင်ပို့မှု အခက်အခဲများနှင့်ဈေးကွက်မသေချာ တာကြောင့် ဈေးကွက် သေချာသည့် ကုလားပဲကိုပြောင်းလဲစိုက်ပျိုး ကြရာ သခွားစိုက်ခင်းဧက ၂၀၀ ခန့်သာ စိုက်ပျိုတော့ကြောင်း တောင်သူများထံ မှသိရသည်။တရုတ်နယ်စပ်ဂိတ် မူဆယ် ကျင်စန့်ကျော့ဂိတ်မှ ဖရဲသခွား အဓိကတင်ပို့နေပြီး မနှစ်က လည်း ကိုဗစ်-၁၉ ရောဂါ စစ်ဆေးမှုများကြောင့် အသီးတင်ပို့ရာတွင် ဆုံးရှုံးမှုများ ကြုံတွေ့ခဲ့ရတာကြောင့် ယခုနှစ် နိုဝင်ဘာ လကုန်ပိုင်း ပေါက်အင်း ဒေသတစ်ခုလုံး သခွားစိုက်ရာသီရောက်လာသော်လည်း စိုက်ပျိုးစရိတ်နည်းပြီး ဈေးကွက်သေချာသည့် ကုလားပဲ (V2)ကို ပြောင်းလဲ စိုက်ပျိုးကြခြင်းဖြစ်သည်။စစ်ကိုင်းတိုင်းဒေသကြီး ချောင်းဦးမြို့နယ် ချင်းတွင်းမြစ်ရေ၀င်ဒေသ ပေါက်အင်းမှာ အလျား ၁၄ မိုင် အနံ ၆ မိုင်ခန့်ကျယ်ဝန်းသည့် ရေ၀င်ရေလဲ ဒေသဖြစ်ရာ နှစ်စဉ် ဖရဲ ၊သခွားစိုက်ပျိုးဖြစ်ထွန်းသည့် အကောင်းဆုံးဒေသ ဖြစ်သည်။ ယင်းဒေသကို မြန်မာနိုင်ငံ၏ သခွား ပင်လယ်ဟု တင်စားခေါ်ဝေါကြရာ စိုက်ပျိုးဧက ၁၂၀၀၀ ကျော် ကို နိုဝင်ဘာ လကုန်ပိုင်းကနေ ဧပြီလကုန်ထိ စိုက်ပျိူးလေ့ရှိရာ ယခုနှစ်တွင် စွန့်စားစိုက်ပျိုးသည့် ဧက ၂၀၀ ကျော်လောက်သာရှိပြီး ကျန်စိုက်ဧက ၁၀၀၀ ကျော်မှာ ကုလားပဲ ကို ပြောင်းလဲ စိုက်ပျိုးကြကြောင်း စစ်ကိုင်း တိုင်းဒေသကြီး ဖရဲ၊သခွား စိုက်ပျိးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း ဥက္ကဌ ဦးစိုးလွင် က ပြောသသည်။“ မနှစ်ကလည်း နယ်စပ်ဂိတ်ကြန့်ကြာမှုတွေကြောင့် ဆုံးရှုံးခဲ့ဖူးပြီ ဒီနှစ်မှာလည်း နယ်စပ်မှာ အသီး တွေ ရောင်းချဖို့ ခက်ခဲမည့်အခြေအနေတွေကတကြောင်း ၊သွင်းအားစုတွေ အဆမတန်ဈေးမြင့်နေတာ က တောင်သူအတွက်အကျိုး အမြတ်ထိခိုက်နိုင်လို့ ပေါက်အင်းဒေသမှာ သခွားစိုက်ပျိုးမှု ကျဆင်းသွားပါတယ်။ မနှစ်က ဧက တစ်သောင်းကျော်ကနေ ဒီနှစ် ဧက ၃၀၀ တောင်မပြည့်ချင်တော့ဘူး။ ကျန်တဲ့စိုက်ဧကတွေ အကုန်လုံးက ကုလားပဲ ပင်လယ်ကြီးဖြစ်သွားတယ်။ ကုလားပဲစိုက်ပျိုးရာမှာ မျိုးဈေး တစ်တင်း ကျပ် ၄၅၀၀၀ လောက်ပေးစိုက်ခဲ့ရတော့ စိုက်ပျိုးစရိတ် ကျပ် ၁၅၀၀၀၀ လောက်ကုန်ကျတယ်။ ကုလားပဲ တင်း ၂၀-၃၀ ကြားထွက်ကြမှာပါ။ သခွားနဲ့တော့ စိုက်ပျိုးစရိတ်ဝင်တွေ စွန့်စားမှုတော့မတူဘူးပေါ့။ သို့သော်လည်း စိုက်စရိတ်နဲ့ လက်ရှိပဲဈေးကွက်ကောင်းတာနဲ့ဆိုရင် တောင်သူအဆင်ပြေပါတယ်။ ” ဟု ၄င်းကပြောသည်။တရုတ်နိုင်ငံသို့ မူဆယ်နယ်စပ်မှ အဓိက၀င်ထွက်နေသည့် ကျင်စန်းကျော့ ဂိတ်ကို ယခုနှစ် ဇူလိုင်လဆန်းပိုင်းမှာ စတင်ကာ ပိတ်လိုက်ပြီး ကုန်သွယ်မှု ၅ လကျော်ကြာရပ်တန့်သွားခဲ့ရာ ယခုနိုဝင်ဘာ ၂၆ ရက်နေ့မှ စတင်ကာ တရုတ်နိုင်ငံ၏ ကျန်းမာရေးဌာနက ထုတ်ပြန်သည့် စည်းကမ်းချက်များ အတိုင်း ပို့ကုန်များကို ဆေးဖြန်းကာ ကွန်တိန်နာ အတွင်း ချိန်းပြောင်းသယ်ယူသည့်စနစ်ကို ပြောင်းလဲ ကျင့်သုံးကာကုန်သွယ်မှု ကို ပြန်လည်စတင်ခဲ့ခြင်းဖြစ်သည်။ အခြား ဆန်၊ပဲ၊ပြောင်းသီးနှံများ အတွက် ကုန်ကျစရိတ် ထက် ဖရဲသီးကားများ အတွက် ကုန်ကျစရိတ်မှာ ဒေသအသီးသီးမှ သယ်ယူစရိတ်များမပါ မူဆယ်အသီးကွင်းမှ တရုတ်နိုင်ငံ ၀မ်တိန်အသီးကွင်းအရောက် ကျပ် ၃၅ သိန်းခန့် ပိုမိုကုန်ကျနိုင် ကြောင်းသိရသည်။မိုးဖရဲရာသီ စတင်စိုက်ပျိုးချိန်ကတည်းက တရုတ်နိုင်ငံသို့တင်ပို့ရန် ဈေးကွက်မသေချာတာကြောင့် တောင်သူအများစုမှာ ဒေသနှင့် ကိုက်ညီဖြစ်ထွန်းသည့် နှမ်း ၊ပဲစင်းငုံနှင့် ကုလားပဲ များကို ပြောင်းလဲစိုက်ပျိုးလာကြကြောင်းသိရသည်။

Leave a Reply

Your email address will not be published.