သကြား အသစ်ပေါ်ချိန်ကြံရာသီ.ရောက်ရှိတော့မည်ဖြစ်တာကြောင့် ပြည်တွင်းသကြားဈေးတည်ငြိမ်နေ

ရွှေမန်း

ပြည်တွင်းသကြားစက်များမှ ထုတ်လုပ်သည့်သကြားများကို ပြည်ပ သို့တင်ပို့မှုများနှင့် ပြည်တွင်းစားသုံးသူဈေး ကွက်သို့ ရောင်းချလျက်ရှိရာ သကြားအသစ် ပေါ်ချိန် ကြံရာသီ ရာက်ရှိတော့မည်ဖြစ်၍လက်ရှိသကြားဈေးထက် မြင့် တက်လာဖွယ် မရှိကြောင်းမြန်မာနိုင်ငံသကြားနှင့်ကြံထွက်ပစ္စည်းလုပ်ငန်းရှင်များအသင်း တာဝန်ရှိသူ တစ်ဦးက ပြောသည်။

“သကြားဈေးက ပြီးခဲ့တဲ့လတွေက တစ်ပိဿာကို ငွေကျပ်၂၅၀၀ ဝန်းကျင်ရှိခဲ့ရာက အနည်းငယ်ကျ ဆင်းလာ ပြီး တစ်ပိဿာငွေကျပ်၂၄၅၀ ဝန်းကျင်ဖြစ်လာတယ်။ခုဆိုရင် သကြားအသစ်တွေထွက်ပေါ်တော့မှာ ဖြစ်လို့ လက်ရှိဈေးထက် မြင့်တက်မယ့် အခြေအနေမရှိနိုင်ဘူးလို့ သုံးသပ်ပါတယ်”ဟု ၎င်းကပြောသည်။

လက်ရှိသကြားဈေးကွက်တွင် တစ်ပိဿာ ၂၄၅၀ ကျပ်ဖြစ်ပြီး ယင်းဈေးထက် ကျဆင်းလျင်လည်း အနည်းငယ် သာအပြောင်းအလဲရှိနိုင်ပြီး လာမည့်ဒီဇင်ဘာလကုန်တွင် စက်ရုံမှ သကြားအသစ်များထွက်ရှိလာတော့မည်ဖြစ် ကြောင်း၊၂၀၂၂ ခုနှစ် နှစ်ဆန်းပိုင်းတွင် သကြားဈေးမှာတစ်ပိဿာငွေကျပ် ၂၀၀၀ ဝန်းကျင်ရှိခဲ့ရာက လက်ရှိ တွင် ၂၄၅၀ကျပ် ထိဈေးမြင့်ခဲ့ကြောင်းသိရသည်။

“ပြည်တွင်းမှာ သကြားသုံးစွဲမှုနဲ့ စားသုံးမှုတွေတိုးလာပြီး ထုတ်လုပ်မှုပိုင်းမှာလည်း တိုးချဲ့လာကြတယ်။ ဗီယက်နမ်က တရုတ်ထက်ဈေးကောင်းပေးတော့ ဗီယက်နမ်တင်ပို့မှုက များပါတယ်။ဒီနှစ် ဇန်နဝါရီလကနေ အောက်တိုဘာလထိ ဗီယက်နမ်ကို သကြားတန်ချိန် ၉၀၀၀၀ ကျော်တင်ပို့ခဲ့တယ်”ဟု ဆက်လက်ပြောကြား သည်။

မန္တလေးတိုင်းဒေသကြီးတွင် ကြံသီးနှံ တိုးချဲ့စိုက်ပျိုးရန်အတွက် စိုက်ပျိုးရေးဦးစီးဌာနမှ ကြံတောင်သူများအား မျိုးကောင်းမျိုးသန်းများနှင့်နည်းပညာများဖြန့်ဝေပေးခဲ့ကြောင်း၊စက်ရုံများလည်ပတ်မှုတွင်ရက်ပေါင်း၅၀ကျော်မှ ရက်ပေါင်း၉၀ ကျော်လည်ပတ်နိုင်ရန်ဆောင်ရွက်ကြမည်ဖြစ်၍ သကြားအထွက်တိုးလာနိုင်ကြောင်းသိရသည်။

Leave a Reply

Your email address will not be published.