ရွှေမန်း

သကြားကုန်ကြမ်းအသုံးပြု သည့် စက်ရုံများလည်ပတ်ခြင်းဖြင့် ဝယ်လိုအား မြင့်တက်လာသော ကြောင့် ပြည်တွင်း သကြားဈေးမြင့်လာရာ လက်ရှိတွင် တစ်ပိဿာ ငွေကျပ်၂၆၀၀ ပေါက်ဈေးရှိကြောင်း မြန်မာနိုင်ငံသကြားနှင့် ကြံထွက် လုပ်ငန်းရှင်များအသင်း ဒုဥက္ကဋ္ဌ ဦးဝင်းဌေးက ပြောသည်။

ပြည်တွင်း၌ သကြားစက် ပေါင်း ၃၀ ခန့်ရှိပြီး ရှမ်းပြည်နယ် (မြောက်ပိုင်း)တွင် သကြားစက် အသစ်နှစ်ခုနှင့် စစ်ကိုင်းတိုင်းဒေသ ကြီးတွင် နှစ်ခု၊ စုစုပေါင်း လေးခု စက်ရုံအသစ် တိုးလာမည်ဖြစ်ရာ သကြားထုတ်လုပ်မှု ပိုမိုလာမည် ဖြစ်သည်။

“ပြည်တွင်းစားသုံးမှုနဲ့ မုန့် ထုတ်လုပ်တဲ့ စက်ရုံတွေလည်ပတ် လာတာနဲ့အမျှ ဝယ်လိုအားကြောင့် သကြားဈေးမြင့်လာတယ်။ ဒီဈေး နဲ့ပဲ တည်တည်ငြိမ်ငြိမ်ရှိသွားမှာပါ။သကြားမှာ သုံးမျိုးရှိပေမယ့် White Sugar နဲ့ Refile Sugar က ဈေးသိပ်မကွာ ဘူး။ White Sugar ပေါက်ဈေးနဲ့ သကြားဈေး တွက်ချက်သတ်မှတ်တယ်´´ ဟု ၎င်းက ပြောသည်။

၂၀၂၂ ခုနှစ် စက်တင်ဘာလက သကြားတစ်ပိသာလျှင် ငွေကျပ် ၂၃၀၀ ဝန်းကျင်ရှိခဲ့ရာ တဖြည်း ဖြည်းဈေးမြင့်တက်လာပြီး လက်ရှိ တွင် ငွေကျပ် ၂၅၅၀-၂၆၀၀ ပေါက်ဈေးရှိလာကြောင်း၊သကြား ဈေး မြင့်တက်လာခြင်းကြောင့် စက်ရုံများ၏ ကြံဝယ်ဈေးမှာလည်း တစ်တန်လျှင် ငွေကျပ် ၈၀၀၀၀ မှ ၉၀၀၀၀ ဝန်းကျင် တိုးမြင့်လာ ကြောင်း သိရသည်။

“ပြည်ပပို့တာက အရင်စာချုပ် ချုပ်ထားတဲ့ ဗီယက်နမ်ကို တင်ပို့ နေတာ တန်ချိန် ၅၀၀၀ လောက် ရှိပြီ။ ပြည်တွင်းစားသုံးမှု လုံ လောက်ဖို့၊ နောက်ထပ် ပြည်ပပို့ဖို့ အစီအစဉ် မရှိသေးဘူး။ ကြံကို ကြိတ်ဝါးတဲ့သကြားစက်တွေလည်း လေးခုလောက် တိုးလာမှာဆိုတော့ ကြံလိုအပ်ချက်များလာမှာဖြစ်သလို စိုက်ဧကလည်း တိုးချဲ့ဖို့လိုပါတယ်´´ဟု ၎င်းက ဆက်လက်ပြောကြား သည်။

ပြည်တွင်းမှ ကြံကို ကြိတ် ဝါး၍ သကြားထုတ်လုပ်သည့်စက်ရုံ များမှ သကြားအဖြစ် အများဆုံး ထုတ်လုပ်ပြီး ကြံသကာအဖြစ် အနည်းငယ် ထုတ်လုပ်ကြောင်း၊ ပြည်ပို့တင်ပို့မှုတွင် ဗီယက်နမ်သို့ သကြားတန်ချိန် ၅၀၀၀၀ ခန့် ရောင်း ချရန်၂၀၂၂ ခုနှစ်က သဘောတူ ထားပြီး တန်ချိန် ၅၀၀၀ ဝန်းကျင် တင်ပို့ပြီးဖြစ်ကြောင်း သိရသည်။

သကြားစက်ရုံများတိုးလာပြီး ဈေးကောင်းရလာသည့်အတွက် သကြားစက်များမှ ကြံတစ်တန် ဝယ်ဈေးကို စက်ရုံအရောက် အမြင့် ဆုံး ငွေကျပ် ၁၀၀၀၀၀ ဝန်းကျင် ရှိပြီး ယခင်၂၀၂၀ ဝန်းကျင်က ကြံ တစ်တန်လျှင် အမြင့်ဆုံး ၆၅၀၀၀ ဝန်းကျင်ရှိ၍ ထိုအချိန်တွင် သကြား တစ်ပိဿာငွေကျပ် ၁၅၀၀ ဝန်းကျင် သာ ပေါက်ဈေးရှိခဲ့သည်ဟု ဆို သည်။

Leave a Reply

Your email address will not be published.