ဝါဈေးကွက်ရရှိရေးအတွက် တင်ဒါစနစ်ဖြင့် ဝယ်ယူပေးမည်

ရွှေမန်း

 ပြည်တွင်း လက်ကျန်ဝါ များကို ဈေးကွက်ရရှိရေးအတွက်   အဆင့်သတ်မှတ်ချက်များအတိုင်း တင်ဒါစနစ်ဖြင့် ဝယ်ယူသွားမည် ဖြစ်ကြောင်း စက်မှုဝန်ကြီးဌာနမှ သိရသည်။

ထိုသို့ ဝယ်ယူရာတွင် အေ အဆင့် ပိဿာချိန် ၂၉ သိန်းနှင့်  စီအဆင့် ပိဿာချိန် တစ်သိန်း အား စက်မှုဝန်ကြီးဌာန အမှတ် (၃) စက်မှုလုပ်ငန်းလက်အောက် ရှိ  ဝါကြိတ်စက်ရုံများတွင် အသုံး ပြုရန်အတွက် ဝယ်ယူမည်ဖြစ်  သည်။

ထို့ပြင် လာမည့် မိုးဦးဝါ စိုက်ပျိုးရေးအတွက် အထွက်နှုန်း တိုးစေရန် ထွက်ရှိသည့် ဝါပိဿာ ချိန်ပေါ်မူတည်ပြီး  နေရာဒေသ အလိုက် ဝါကြိတ်စက်များ ထားရှိ ရေး စီစဉ်ဆောင်ရွက်သွားမည်ဖြစ်  ကြောင်း တာဝန်ရှိသူများက ပြော သည်။

“ ဝါကြိတ်စက်တွေ လုံလောက် မှုရှိပါတယ်။ အဓိက ဝါဈေးကွက်   မကောင်းချိန် အရန်ဝါဝယ်ပေးတာ တွေ ၊ ပြည်ပ ဝါစပ်မျိုးကို လွယ်  ကူလျင်မြန်စွာ တင်သွင်းခွင့်ရရှိ အောင် ဆောင်ရွက်ပေးသင့်ပါ တယ်။ နယ်စပ်လမ်းကြောင်းများ ခက်ခဲနေချိန်မှာ ရေလမ်းကြောင်း   ကနေ တင်ပို့နိုင်ရေး အဆင်ပြေ အောင်ဆောင်ရွက်ပေးသင့်တယ်´´ ဟု ဝါလုပ်ငန်းရှင်တစ်ဦးက ပြောသည်။

လက်ရှိတွင် ဝါစိုက်ပျိုးရေး အတွက် သွင်းအားစုများ အသုံး ပြုရန် တစ်ဧကလျှင် ငွေကျပ် နှစ်သိန်းနှုန်းဖြင့် ထုတ်ချေးပေး လျက်ရှိသည်။ ၂၀၂၇-၂၈ ဘဏ္ဍာ နှစ်တွင် ဝါစိုက်ဧက ခုနစ်သိန်း ကျော် စိုက်ပျိုးထုတ်လုပ်နိုင်ရေး  ဇုန်အလိုက် တာဝန်ပေးအပ်သွား မည်ဖြစ်သည်။

ပြည်တွင်း၌ ဝါကို မကွေး တိုင်း၊ မန္တလေးတိုင်းနှင့် စစ်ကိုင်း  တို့ရှိ မြို့နယ်များတွင် အများဆုံး စိုက်ပျိုးပြီး ဝါကို အရေးကြီးကုန် အဖြစ် သတ်မှတ်ထားသည်။

ဝါသီးနှံနှင့် ဝါဂွမ်းတို့ကို ဈေးကွက်အတွင်း ဈေးနှုန်းမြှင့် တင်ရောင်းချခြင်း၊ ဖြန့်ဖြူးခြင်း (သို့)ဈေးကစားရန်ရည်ရွယ်ပြီး သိုလှောင်ခြင်းများကို ပြီးခဲ့တဲ့ နှစ်က တားမြစ်ထားသည်။

ပြည်တွင်း၌ ဝါဈေးကွက်  မှာ  နိုဝင်ဘာလမှ ဇန်နဝါရီလ  တွင် စတင်ထွက်ပေါ်ကာ  ဧပြီ လလယ်ထိ ထွက်ပေါ်လေ့ရှိပြီး  တောင်သူအများစုက ဝါကို မိုး နှမ်းနှင့်အတူ မေလနှင့်ဇွန်လတွင် တွဲဖက်စိုက်ပျိုးလေ့ရှိကြောင်း သိရ သည်။

Leave a Reply

Your email address will not be published.