လွယ်ဂျယ်နှင့် ကန်ပိုင်တီ နယ်စပ်ကုန်သွယ်ရေးစခန်းများမှ မြန်မာ-တရုတ် နှစ်နိုင်ငံ ကုန်သွယ်မှုအခြေအနေ

ရွှေမန်း

     ကချင်ပြည်နယ်တွင် လွယ်ဂျယ်နှင့် ကန်ပိုင်တီ နယ်စပ်ကုန်သွယ်ရေးစခန်းများမှ မြန်မာ-တရုတ် နှစ်နိုင်ငံကုန်သွယ်မှုများရှိခဲ့ရာ ၂၀၂၃ ခုနှစ်၊ မတ်လ ၁၁ ရက်မှ မတ်လ ၁၇ ရက်နေ့များ အတွင်း တင်ပို့ခဲ့သော ပို့ကုန်၏ငွေပမာဏ စုစုပေါင်းတန်ဖိုးမှာ ၁၀၉၅၃၅၇၈.၇၆ ကန်ဒေါ်လာ တင်ပို့မှုရှိခဲ့ပြီး၊ သွင်းကုန်၏ စုစုပေါင်းငွေပမာဏတန်ဖိုးမှာ ၁၆၅၆၁၄၉.၉၇ ကန်ဒေါ်လာ တင်သွင်းမှု ရှိခဲ့ကြောင်း 

မနောမြေကုန်သွယ်မှုဗဟိုဌာန က သိရသည်။

   တင်ပို့ခဲ့သည့် ကုန်ပစ္စည်းများမှာ တစ်သျှူးငှက်ပျော၊ ပဲတီစိမ်း၊ မြေထောက်ပဲ၊ မြေပဲ၊ ပဲယင်း၊‌ ပြောင်း၊ ဖရဲသီး၊ နှမ်းနက်၊ နိုင်လွန်ပဲ၊ ပဲလွန်းဖြူ၊ ရွှေဖရုံသီးနှင့် ငရုတ်သီးများ တင်ပို့ခဲ့ကြောင်း သိရှိရပါသည်။ လွယ်ဂျယ်နယ်စပ်ကုန်သွယ်ရေးစခန်းမှ တရုတ်နိုင်ငံသို့ တင်ပို့ကုန်၏ ငွေပမာဏသည် ၃၅၆၂၃၉၈.၇၆ ကန်ဒေါ်လာဖြစ်ပြီး၊ ကန်ပိုင်တီ နယ်စပ်ကုန်သွယ်‌ရေးစခန်းမှ တရုတ်နိုင်ငံသို့ တင်ပို့ကုန်၏‌ ငွေပမာဏတန်ဖိုးမှာ ၇၃၉၁၁၈၀.၀၀ ဒေါ်လာ တင်ပို့မှုရှိခဲ့သည်။

သွင်းကုန်ပစ္စည်းများမှာ စက်နှင့်စက်ပစ္စည်းများ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ ချည်ထည်များ၊ ကုန်ထုတ်စက္ကူများ၊ လယ်ထွန်စက်များ၊ ဓါတုဗေဒချည်ခင်များ၊ သံနှင့်သံမဏိ ဆောက်လုပ်ရေး ပစ္စည်းများ၊ ပလပ်စတစ်ကုန်ကြမ်းပစ္စည်းများ၊ သံနှင့်သံမဏိပစ္စည်းများ၊ ဆေးဝါးပစ္စည်းများ၊ သံပိုက်၊ မြက်ခင်းတုနှင့် Empty Cargo Containner 45’ Feet များ တင်သွင်းမှုရှိခဲ့ပါသည်။ ကန်ပိုင်တီ နယ်စပ်ကုန်သွယ်ရေးစခန်းမှ မြန်မာနိုင်ငံသို့ အမှန်တင်သွင်းကုန်၏ ငွေပမာဏမှာ ကန်ဒေါ်လာ ၄၂၆၄၀၃.၃၀ တင်သွင်းမှုရှိခဲ့ပြီး၊ လွယ်ဂျယ်နယ်စပ်ကုန်သွယ်ရေးစခန်းမှ မြန်မာနိုင်ငံ သို့ အမှန်တင်သွင်းကုန်၏ ငွေပမာဏတန်ဖိုးမှာ ကန်ဒေါ်လာ ၂၂၄၂၇၀ တင်သွင်းမှုရှိခဲ့ပါသည်။ မြန်မာကျပ်ငွေနှင့် တရုတ်ယွမ်ငွေလဲနှုန်းမှာ မြန်မာငွေကျပ် ၁၀၀ လျှင် တရုတ်ယွမ် ၀.၃၂၇ ယွမ်ဖြစ်ပြီး၊ ၁ ယွမ်လျှင် မြန်မာကျပ်ငွေ ၃၀၅.၈၁ ကျပ်ရှိကြောင်း   မနောမြေကုန်သွယ်မှုဗဟိုဌာန ကထုတ်ပြန်ထားသည်။

Leave a Reply

Your email address will not be published.