လေပြင်းတိုက်ခတ်ပြီး မိုးရွာသွန်း၍ မကွေးမြို့နယ် ယင်းဆိပ်ကျေးရွာအနီး သစ်ပင်ပိ၍ လူ၂ဦးသေဆုံး၊ ၂ဦးထိခိုက်ဒဏ်ရာရ

မေလ၁၁ရက်နေ့ ညနေ ၅နာရီ၃၀မိနစ်အချိန်ခန့် လေပြင်းတိုက်ခတ်ပြီး မိုးရွာသွန်းသဖြင့် မကွေးမြို့နယ် ယင်းဆိပ်ကျေးရွာအနီး မကွေး- တောင်တွင်းလမ်းမပေါ်ရှိ ယာလုပ်သားများတဲတွင် မိုးခိုနေစဥ် သစ်ပင်ပိ၍ လူ၂ဦးသေဆုံး၊ ၂ဦးထိခိုက်ဒဏ်ရာရာရရှိကြောင်း မကွေးမြို့ ရောင်စုံမေတ္တာ လူမှုကူညီရေးအသင်းမှ သိရပါတယ်။
အလုပ်လုပ်နေရင်း မိုးသက်လေပြင်းများကျရောက်လာ၍ အနီးနားရှိ ယာလုပ်သားတဲတွင် ဝင်ရောက်နားခိုနေရာ ၎င်းတို့နားခိုနေသော အဆောက်အဦးပေါ်သို့ သစ်ကိုင်းကျိုးကျပြီး ထန်းပင်ပါ လဲကျပိသွားသဖြင့် (၁) ဦး ဘယ်ခြေကျိုး၊(၁)ဦး ညာ လက်ကျိုး၊( ၁) ဦးမှာ သစ်ပင်အောက်ခန္ဓာကိုယ်တစ်ခုလုံး ရောက်ရှိသွားပြီး နေရာတွင် သေဆုံးပြီး
ကျန်သစ်ပင်ပိနေသော (၁)ဦးမှာလည်း အနီးအနားရှိ ပြည်သူများ ဝိုင်းဝန်းကယ်ထုတ်ခဲ့သော်လည်း သေဆုံးသွားကြောင်း သိရပါတယ်။
ထိခိုက်ဒဏ်ရာ ရရှိသွားသော လူနာ ၂ ဦးကို ရောင်စုံမေတ္တာ အသင်းကားဖြင့် မကွေးတိုင်းပြည်သူ့ဆေးရုံကြီးသို့ အရေးပေါ်ပို့ဆောင်ပေးခဲ့ကြောင်း သိရပါတယ်။
ရွာသား(မကွေး)
မကွေးဂျာနယ်
သတင်းဓါတ်ပုံ ရောင်စုံမေတ္တာအသင်း

Leave a Reply

Your email address will not be published.