လာမည့်သရက်ရာသီတွင် စိန်တလုံးဈေးကွက် ပြည်တွင်းဈေးကွက်သို့သာ ဦးတည်

ရွှေမန်း

မန္တလေးတိုင်းဒေသကြီး အပါအဝင် မြန်မာနိုင်ငံအလယ် ပိုင်းမှ ထွက်ရှိသည့် စိန်တလုံး ဈေးကွက်မှာ ပြည်တွင်းဈေးကွက် တွင်သာ အားထားရောင်းချရမည် ဖြစ်ကြောင်း သရက်စိုက်တောင်သူ များထံက သိရသည်။

လက်ရှိအချိန်တွင် တရုတ် နယ်စပ်သို့ တင်ပို့နိုင်ရန် လမ်းပန်း ဆက်သွယ်မှုအခက်အခဲများနှင့် သယ်ယူပို့ဆောင်စရိတ် ကြီးမြင့် တာကြောင့် ပြည်တွင်းသရက် ခြံအများစုမှာ ကြိုတင်ပြင်ဆင်မှု များ အားနည်းပြီး သွင်းအားစု ထည့်သွင်းမှု၊ ခြံပြုပြင်မှုများကို အများစုမပြုလုပ်နိုင်ဘဲ ရပ်နားထား ကြသည်။

သို့ဖြစ်၍ ထွက်ရှိလာမည့် သရက်သီးများမှာလည်း အရည် အသွေးကျဆင်းမှုများ၊ အထွက် နှုန်းကျဆင်းမှုများရှိလာနိုင်ကြောင်း၊ ပို့ကုန်အရည်အသွေးမီ စိုက်ပျိုး ထုတ်လုပ်မည်ဆိုပါက တစ်နှစ် ပတ်လုံး ခြံပြုပြင်ခြင်းလုပ်ငန်းကို ဆောင်ရွက်ရပြီး ရာသီအလိုက် ရေသွင်းခြင်း၊ အပင်အာဟာရ ကျွေးခြင်းများကို အချိန်ကိုက် ဆောင်ရွက်မှသာ ပို့ကုန်အရည် အသွေးမီ သရက်သီးများ ထွက် ရှိမည်ဖြစ်ကြောင်း သိရသည်။

Leave a Reply

Your email address will not be published.