လာမည့်ပြောင်းဖူးရာသီတွင် အစေ့ထုတ်ပြောင်းများကို (GACC) တွင် မှတ်ပုံတင်ကာ တရုတ်နိုင်ငံသို့တင်ပို့မည်

ရွှေမန်း

လာမည့်ပြောင်းဖူးရာသီတွင် အစေ့ထုတ်ပြောင်းများကို တရုတ်ပြည်သူ့သမ္မတနိုင်ငံ အကောက်ခွန်အထွေထွေ အုပ်ချုပ်မှုအာဏာပိုင်အဖွဲ့ (GACC) တွင်မှတ်ပုံတင်ကာ နယ်စပ်ကုန်သွယ်ရေးဂိတ်များမှတစ်ဆင့် တရုတ်နိုင်ငံသို့ တင်ပို့မည်ဖြစ်ကြောင်း မြန်မာနိုင်ငံပြောင်းလုပ်ငန်းအသင်း ကသိရသည်။
“လာမယ့်ပြောင်းရာသီက စက်တင်ဘာလဆိုရင်စပါပြီ။ GACC ကတော့မြန်မာနိုင်ငံ ဘက်ကနေ ပထမအသုတ် ၈၆ ကုမ္ပဏီ၊ ဒုတိယအသုတ် ၂၂ ကုမ္ပဏီက Register လုပ်ပြီးသွားပြီ။ သတ်မှတ်ချက် အောင်မြင်တယ်လို့လည်း သိရပါတယ်’’ ဟု တာဝန်ရှိသူတစ်ဦးကပြောသည်။
မြန်မာနိုင်ငံမှ အစေ့ထုတ်ပြောင်းများအား တရုတ်နိုင်ငံ သို့တင်ပို့နိုင်ရန် စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့် GACC တို့သဘောတူညီမှုရရှိ ထားပြီးဖြစ် ကြောင်း သိရသည်။

ပြောင်းဖူးများကို တရုတ်နိုင်ငံသို့ တင်ပို့ရာတွင် တရုတ်နိုင်ငံနှင့် နယ်နိမိတ်ချင်းထိစပ်မှုရှိသော ရှမ်းပြည်နယ်မှ ပြောင်းဖူးများကို တင်ပို့နိုင်ရန် ရည်မှန်းထားကြောင်း သိရသည်။

Leave a Reply

Your email address will not be published.