လမ်းဘေး ညစ်ညမ်းဗီဒီယိုတွင် ပါရှိနေသူ အမျိုးသမီးသည် ပခုက္ကူ NLD မှဖြစ်ပြီး အမျိုးသားသည် ရေစကြို NLD မှဖြစ်သည်ဟုဆိုကာ Facebook တင်ခဲ့သူများကို သက်ဆိုင်ရာ ရဲစခန်းများတွင် အမှုဖွင့်ထားကြောင်း မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့နယ် NLD အလုပ်အမှုဆောင် ဦးမျိုးေမာ်က ပြောပါတယ်။
အလုပ်အမှုဆောင်ထဲမှာပါတဲ့ ကိုတင်ဝင်းက တိုင်ထားတာရှိပါတယ်၊ ကိုကိုအောင်ဆိုတဲ့လူကို တိုင်ထားတာပါ၊ ကိုကိုအောင်က သူ့ရဲ့အကောင့်ကနေပြီး Post တင်ထားတာပေါ့၊ ညစ်ညမ်းဗီဒီယိုဖိုင်ပေါ့ဗျာ၊ သူရေးထားတာက ရေစကြိုအမာခံ NLD ပါတီ ငှက်ထီးနဲ့ငှက်မ လမ်းဘေးတွင် ကျူံးနေသော ဗီဒီယိုဖိုင် စာမျက်နှာပေါ်တွင် တွေ့နေရဆိုပြီး တင်ထားတာပါ၊ ရေးထားတာက ရေစကြိုမြို့နယ် NLD တက်ကြွလှုပ်ရှားသူအမျိုးသားနှင့် ပခုက္ကူမြို့နယ် NLD ပါတီ တက်ကြွလှုပ်ရှာသူ အမျိုးသမီးတစ်ဦးတို့ လမ်းဘေးချုံတောထဲတွင် ချစ်ရည်လူးနေသော ဗီဒီယိုဖိုင်ဆိုပြီး တင်ထားတယ်၊ သူတို့တင်ထားသူတွေက NLD ပါတီဝင်တွေလဲမဟုတ်ပါဘူး၊ လောလောဆယ်တိုင်ထားတဲ့အပိုင်းပဲရှိသေးပါတယ်၊ ၆၆ဃနဲ့စွဲထားပါတယ်လို့ ဦးမျိုးေမာ်က ပြောပါတယ်။
ဖြစ်တာက၃၀ရက်နေ့က သူတို့တင်လိုက်တာပါ၊ သူတင်လိုက်တော့ ကျွန်တော်တို့အဖွဲ့ကလူတွေတော်တော်များက သိတာပေါ့ဗျာ၊သက်သက် NLD ပါတီကို ထိခိုက်အောင်လုပ်တဲ့အတွက် မြို့နယ်အလုပ်အမှုဆောင်အဖွဲ့ရဲ့ ဆုံးဖြတ်ချက်နဲ့ သူ့ကိုအမှုဖွင့်ရတာဖြစ်ကြောင်း ဦးမျိုးေမာ်က ဆက်ပြောပါတယ်။
NLD ပါတီမှဟုဆိုကာ လမ်းဘေး ညစ်ညမ်း ဗီဒီယိုဖိုင်ကို ပုဂ္ဂလိက အကောင့်ဖြင့် Facebook တွင် တင်ခဲ့သလို တဆင့်ပြန်လည် တင်သူများထဲတွင် Excellent News Agency ပါဝင်ခဲ့သည့်အတွက် Excellent news agency၏ အက်ဒမင်ကို ရေစကြိုမြို့နယ် NLD အလုပ်အမှုဆောင် ဦးဝင်းနိုင်က အမှုဖွင့်ထားကြောင်း ရေစကြို့မြို့မရဲစခန်းက သိရပါတယ်။
ဧပြီလ ၃၀ ရက်ည၉နာရီ၄၆ မိနစ်အချိန်တွင် Excellent news agency Facebookအကောင့်ပိုင်ရှင်မှ ရေစကြိုမြို့နယ်NLDတက်ကြွလှုပ်ရှားသူအမျိုးသားတစ်ဦးနှင့် ပခုက္ကူမြို့နယ်NLDတက်ကြွလှုပ်ရှားသူ အမျိုးသမီးတစ်ဦးတို့ လမ်းဘေးချုံတောထဲတွင် ချစ်ရည်လူးနေသည့် ဗွီဒီယိုဖိုင်တစ်ခုနှင့်အတူ NLDပါတီ၏ဂုဏ်သိက္ခာကျဆင်းအောင် စာရေးသားဖော်ပြထားသည်ကို တွေ့ရှိရကြောင်း၊ ၎င်း ဗီဒီယိုဖိုင်တွင်ပါရှိသည့် အမျိုးသားမှာရေစကြိုမြို့နယ်NLDပါတီတွင် တက်ကြွစွာပါဝင်ဆောင်ရွက်နေသူမဟုတ်ကြောင်း၊ Excellent news agency Facebook အကောင့်ပိုင်ရှင်မှ အများပြည်သူများ NLDပါတီနှင့်ပါတီဝင်များအပေါ် အထင်အမြင်သေး ယုံကြည်မှုကင်းမဲ့စေရန်နှင့် ပါတီ၏ဂုဏ်သိက္ခာကျဆင်းအောင် ရေးသားဖော်ပြထားသည်ကို တွေ့ရှိရသဖြင့်ပါတီ၏ဂုဏ်သိက္ခာကျဆင်းအောင် လူမှုကွန်ယက်စာမျက်နှာပေါ်တွင် ရေးသားဖော်ပြသူ Excellent news agency Facebookအကောင့်အား ဥပဒေနှင့် အညီစုံစမ်းဖော်ထုတ်အရေးယူပေးပါရန် ရေစကြိုမြို့မရဲစခန်းသို့ တိုင်ကြားရခြင်းဖြစ်ကြောင်း ဦးဝင်းနိင်က ရှင်းပြပါတယ်။
Page ရဲ့ အက်ဒမင် ၃ ဦးဘဲသိရတာပါ၊ နာမည်ဘယ်သူတွေဆိုတာတော့ ကျွန်တော်တို့ မသိသေးပါဘူး၊ ရဲကတော့စုံစမ်းဖော် ထုတ်မှုတွေလုပ်နေပါပြီ၊ သူတို့စွပ်စွဲထားတဲ့လူကလဲ ပါတီဝင်လဲ မဟုတ်ပါဘူး၊ NLD ပါတီနဲ့ သက်ဆိုင်ခြင်း မရှိပါဘူး၊ အမျိုးသမီးကလဲ NLD ပါတီနဲ့သက်ဆိုင်ခြင်းမရှိဘူး၊ အဲဒါကိုသူက ရေစကြို NLD တက်ကြွ လှုပ်ရှားသူဆိုပြီး သူကရေးထားတာပေါ့၊ အဲလိုရေးထားတော့ရေစကြို NLD ကို လူအထင်အမြင်လွဲမှားစေတာကော၊ ဂုဏ်သိက္ခာကျဆင်းစေတာကော အဲဒါကြောင့် အမှုဖွင့်လိုက်တာပါလို့ ဦးဝင်းနိင်ကဆိုပါတယ်။
ယင်းကိစ္စနှင့် ပတ်သက်ပြီး တရားခံအား ဖမ်းဆီးရမိရေးအတွက် ရေစကြိုမြို့နယ်မြို့မရဲစခန်းမှ ဒုရဲအုပ်ကျော်မင်းလွင်က ဆောင်ရွက်နေကြောင်း သိရပါတယ်။
ရွာသား(မကွေး)
မကွေးဂျာနယ်
FlashNews:
တီဘီရောဂါလက္ခဏာများ
ကြက်သွန်နီအသစ်များ ပေါ်နေပြီဖြစ်၍ ကြက်သွန်ဈေးကွက် အငြိမ်ပိုင်းတွင် ရှိနေ
တရုတ်တင်ပို့ရန်လိုအပ်ချက်များလာတာကြောင့်နှမ်းနက်ဈေးကွက် ဆက်လက် မြင့်တက်လာ
သစ်တောပြုန်းတီးခြင်းနှင့် ကာဗွန်ဒိုင်အောက်ဆိုက်
ဘယ်အရာတွေက ကာဗွန်ဓာတ်ငွေ့တွေ ထုတ်လွှင့်နေသလဲ
ပိုချိုမြတဲ့ရွှေရောင် ပျားအုံသစ်
မြန်မာ့ပြောင်းဆန် ဖိလစ်ပိုင် အများဆုံးဝယ်ယူ
အိမ်အတွင်းစိုက်ပျိုးမြန်မာတို့အကြိုက်ရွှေဖရုံ
ကောက်စိုက်သမတစ်ဦး ရဲ့ တစ်နေ့တာ
ပိုချိုမြတဲ့ရွှေရောင် ပျားအုံသစ်
အိမ်အတွင်းစိုက်ပျိုးမြန်မာတို့အကြိုက်ရွှေဖရုံ
ဆောင်းဖရဲသီးများ တရုတ်နိုင်ငံသို့လွယ်ဂျယ်နှင့် မိုင်းလားနယ်စပ်ဂိတ်ပေါက်များမှ တင်ပို့နေရ
နယ်စုံမှ အသစ်ဝင်မြေပဲဆန်နှင့် နှမ်းမျိုးစုံဈေးကွက် အနည်းငယ်ကျဆင်းနေ ပို့ကုန်မတ်ပဲဈေးငြိမ်
ကောက်စိုက်သမတစ်ဦး ရဲ့ တစ်နေ့တာ
ဘယ်အရာတွေက ကာဗွန်ဓာတ်ငွေ့တွေ ထုတ်လွှင့်နေသလဲ
သစ်တောပြုန်းတီးခြင်းနှင့် ကာဗွန်ဒိုင်အောက်ဆိုက်
သစ်တောပြုန်းတီးခြင်းနှင့် ကာဗွန်ဒိုင်အောက်ဆိုက်
ဘယ်အရာတွေက ကာဗွန်ဓာတ်ငွေ့တွေ ထုတ်လွှင့်နေသလဲ
တစ်ပိုင်တစ်နိုင် အိမ်တွင်းစီးပွားရေးလုပ်ငန်းများကို မြေတောင်မြှောက်ပေးမည့် Grow Together BizPitch အစီအစဥ်ကို နိုဝင်ဘာလ ၁၈ရက်နေ့အထိ လျှောက်ထားနိုင်
သတင်းများ
လမ်းဘေး ညစ်ညမ်း ဗီဒီယိုကို NLD ပါတီဝင်ဟုဆိုကာ Facebook ပေါ်တင်ခဲ့သူများကို အမှုဖွင့်

Leave a Reply