“ရွေးကောက်ပွဲလုံခြုံရေးကို ကူညီဆောင်ရွက်ပေးမည့် အထူးရဲများသင်တန်းဆင်းပွဲပြုလုပ်”

မင်းဘူးအောက်တိုဘာ ၂၈ “

မင်းဘူး/စကုမြို့နယ်အတွင်း ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ (၈) ရက်နေ့မှာ ကျင်းပပြုလုပ်မည့် ပါတီစုဲအထွေထွေရွေးကောက်ပွဲကြီးအတွက် လုံခြုံရေးကူညီဆောင်ရွက်ပေးမည့် အထူးရဲများ သင်တန်းဆင်းပွဲကိုအောက်တိုဘာ (၂၈)ရက်နေ့က‌ မင်းဘူးမြို့ အထက-၁ကျောင်း ဦးဩဘာသခန်းမဆောင်တွင် ကျင်းပခဲ့သည်။ “ရဲတပ်ဖွဲ့ဝင်များအနေနှင့် မဲရုံအတွင်းဝင်ရောက်ခွင့်မရှိတာကြောင့် အထူးရဲများကိုရွေးချယ်ခဲ့ရတာဖြစ်ကြောင်း၊ မင်းဘူး/စကုမြို့နယ်အတွင်း မဲရုံပေါင်း(၁၇၁)ရုံရှိ၍အထူးရဲ(၁၇၁)ဦးကို ရွေးချယ်သင်တန်းပေးခဲ့ခြင်းဖြစ်ကြောင်း၊ သင်တန်းကာလမှာ အောင်တိုဘာ (၁) ရက်ကနေမှ (၂၈) ရက်နေ့အထိဖြစ်ကြောင်း မကွေးတိုင်းရဲတပ်ဖွဲ့မှူး ရဲမှူးကြီးလှိုင်တင့်က ပြောသည်။ “သင်တန်းကာလ (၂၈) ရက်မှာရွေးကောက်ပွဲအတွင်း လုံခြုံရေးဆောင်ရွက်ရပုံများ၊ ဆက်သွယ်သတင်းပေးပို့မှုများ၊ စစ်ရေးပြများကို လေ့ကျင့်သင်ကြားရကြောင်း သိရသည်။ “ပြည်သူတွေအနေနဲ့ မိမိတို့လိုလားတဲ့ အစိုးရကို လွတ်လပ်၊ မျှတစွာရွေးချယ်တင်မြှောက်နိုင်ဖို့၊ ကျွန်တော်တို့ရဲတပ်ဖွဲ့အနေနဲ့ ရွေးကောက်ပွဲကြီးမှာ လုံခြုံရေးကအရေးကြီးတဲ့အတွက် လုံခြုံရေးကို အပြည့်အဝရရှိအောင် ဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်ဟု မကွေးတိုင်းရဲတပ်ဖွဲ့မှူး ရဲမှူးကြီးလှိုင်တင့်က ပြောသည်။

သက်မှူးအိမ်

Leave a Reply

Your email address will not be published.