“ရန်ကုန် သုဝဏ္ဏ COVID-19 ကုသရေးဌာနမှာ ကူညီတာဝန်ထမ်းဆောင်ဖို့အတွက် မကွေးတိုင်းဒေသကြီးမှ ကျန်းမာရေးသူရဲကောင်း သူနာပြု/ အထက်တန်းသူနာပြု (၁၉) ဦးတို့ သွားရောက်”

မကွေး စက်တင်ဘာ ၁၄

“Covid 19ရောဂါပြည်တွင်းကူးစက်မှုမြင့်မားနေချိန် ရန်ကုန် သုဝဏ္ဏ COVID-19 ကုသရေးဌာနမှာ ကပ်ရောဂါဘေး ကာကွယ်ရေးလုပ်ငန်းများတွင် အားဖြည့်ကူညီ တာဝန်ထမ်းဆောင်ဖို့အတွက် မကွေးတိုင်းဒေသကြီး ကျန်းမာရေးသူရဲကောင်း သူနာပြု/ အထက်တန်းသူနာပြု (၁၉) ဦးတို့သည် စက်တင်ဘာလ ၁၄ ရက် ယနေ့ နံနက်ပိုင်းက သွားရောက်နေပါပြီဖြစ်ကြောင်း မကွေးတိုင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာနက သိရပါတယ်။တိုင်းဒေသကြီးကျန်းမာရေးဦးစီးဌာနမှူး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသောင်းလှိုင် ထံက သိရသည်။ရန်ကုန်ကို အားဖြည့် …. “ဒီမနက် ရန်ကုန် သုဝဏ္ဏ COVID-19 ကုသရေးဌာနမှာ ကူညီတာဝန်ထမ်းဆောင်ဖို့ မကွေးတိုင်းဒေသကြီး မကွေး၊ မင်းဘူး၊ ပခုက္ကူ၊ ဂန့်ဂေါ ခရိုင်များမှ ကျန်းမာရေးသူရဲကောင်း သူနာပြု/အထက်တန်းသူနာပြု (၁၉) ဦး သွားရောက်နေပါပြီ၊ နိုင်ငံ့အရေး ကမ္ဘာ့အရေးမို့ အားတင်းပြီး တာဝန်ထမ်းဆောင်ပေးနေကြတဲ့ Health Heroes အားလုံးကို ဦးညွတ်ဂုဏ်ပြုပါတယ်လို့ တိုင်းဒေသကြီးကျန်းမာရေးဦးစီးဌာနမှူး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသောင်းလှိုင် က ပြောပါတယ်။ “ထိုအပြင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက COVID-19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများကို ဆောင်ရွက်နေသည့် ကျန်းမာရေး ဝန်ထမ်းများ ခြေကုန်လက်ပန်းကျပါက ကျန်းမာရေးစနစ်ကြီးတစ်ခုလုံးပြိုလဲသွားနိုင်သည့်အတွက် ဝန်ကြီးဌာနရှိ တက္ကသိုလ် (၁၆) ခုမှ ဆရာ၊ ဆရာမများအား လိုအပ်သလို အလှည့်ကျတာဝန်ချထားခြင်းနှင့် ပံ့ပိုးပေးခြင်းတို့ကို ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာနမှ စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း COVID-19 ကပ်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းဆိုင်ရာ ပုံမှန်ညှိနှိုင်းအစည်းအဝေးတွင် ထည့်သွင်းပြောကြားခဲ့ကြောင်း သိရပါတယ်။ရွာသား(မကွေး)မကွေးဂျာနယ်

Source/ MOHS

Leave a Reply

Your email address will not be published.