ရန်ကုန်-မန္တလေး အမြန်ရထားခရီးစဉ်တွင် ဇူလိုင် ၁ ရက် မှ စတင်၍ ရထားလက် မှတ် ဈေးနှုန်းမြင့်တက်

ရွှေမန်း

မြန်မာ့မီးရထားမှ ပြေးဆွဲနေသော ရန်ကုန်-မန္တလေး အမြန်ရထားခရီးစဉ်တွင် ရထားလက် မှတ် နှုန်းထားများကို ဇူလိုင် ၁ ရက်မှ စတင်၍ဈေးတက်ပြီး နုန်းထား အသစ်ဖြင့် ပြောင်းလဲသက် မှတ်လိုက်ကြောင်းသိရသည်။

ရန်ကုန်-မန္တလေးအမြန်ရထားခရီးစဉ်သာမ က နေပြည်တော်-ရန်ကုန်၊ နေပြည်တော်-မန္တလေး၊ရန်ကုန်-မော်လမြိုင် ၊ရန်ကုန်-ပြည် ရထားခရီးစဉ်နုန်းထားများလည်း ပြင်ဆင်သတ်မှတ်ကြောင်းသိရသည်။

ပြောင်းလဲသတ်မှတ်လိုက်သော ရထားခနှုန်းထားများမှာ ရန်ကုန်-မန္တလေးအမြန်ရထာခရီးစဉ်တွင် အထက်တန်းအိပ်ခန်း လက်မှတ်- ၂၁၂၅၀ ကျပ်၊အထက်တန်းလက်မှတ် ၁၅၄၅၀ ကျပ်၊ရိုးရိုးတန်းလက်မှတ် ၇၇၅၀ ကျပ်ဖြစ်ကြောင်း၊ နေပြည်တော်-မန္တလေးခရီးစဉ်တွင် အထက်တန်းလက်မှတ် ၆၁၀၀ ကျပ်၊ရိုးရိုးတန်းလက်မှတ် ၃၀၅၀ ကျပ်ဖြစ် ကြောင်းသိရသည်။

ယခင် လက်မှတ် နှုန်းထားများမှာ အထက်တန်းအိပ်ခန်းလက်မှတ် ၁၃၀၀၀ ကျပ်၊အထက်တန်းလက်မှတ် ၉၃၀၀ ကျပ် နှင့် ရိုးရိုး တန်းလက်မှတ် ၄၆၅၀ ကျပ် ဖြစ်သည်။

မန္တလေး-ရန်ကုန်၊အမှတ် ၄ အစုန်အမြန်ရထားသည် မန္တလေးမှ ညနေ ၃ နာရီတွင်ထွက်ခွာပြီး၊ရန်ကုန်-မန္တလေး အမှတ် ၃ အဆန်အမြန်ရထားသည် ရန်ကုန်မှ ညနေ ၃ နာရီ၄၅ မိနစ်တွင် ထွက်ခွာကြောင်း၊အထက်တန်းအိပ်ခန်းတွဲ ၁ တွဲ၊ အထက်တန်းတွဲ ၆ တွဲ၊ရိုးရိုးတန်းတွဲ ၁၁ တွဲနှင့် ဘရိတ်တွဲ ၁ တွဲပါဝင်ကြောင်းသိရသည်။

Leave a Reply

Your email address will not be published.