ရန်ကုန်မြောက်ပိုင်းခရိုင် ပေါင်းလင်းကြိုးဝိုင်းအတွင်းမှ တရားမဝင်သစ်များဖမ်းဆီးရမိ ဆက်စပ်တရားခံများအား အရေးယူနိုင်ရန် ဆောင်ရွက်လျှက်ရှိ

ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်မြောက်ပိုင်းခရိုင် လှည်းကူးမြို့နယ် သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများသည့် (၂၉-၃-၂၀၂၀)ရက်နေ့က လှည်းကူးမြို့နယ်ပေါင်း လင်းကြိုး ဝိုင်းအတွင်း တရားမဝင်သစ်ဖမ်းဆီးခြင်း ဆောင်ရွက်ရာ (၁၄:၁၅)နာရီအချိန် ပေါင်းလင်းကြိုးဝိုင်း အကွက်မှတ်(၅၇) ခမမပည-97.07’10.350”E 17.34-54.222N တွင်အခြားခွဲသား(သစ်ဆိမ့်၊သဒီ၊
ထောက်ကြန့်)(၂၃)ချောင်း(၄.၁၄၃၆)တန်အားလည်းကောင်း၊(၁၈:၃၀)အချိန်တွင် ပေါင်းလင်းကြိုးဝိုင်း အကွက် အမှတ်(၅၂)တွင် ယာဉ်အမှတ်မပါ GMC အစိမ်းရောင် (၆)ဘီးယာဉ်ပေါ်မှ အခြားခွဲသား(ထောက်ကြန့်၊မျောက် ချော၊သဒီ၊ရုံ၊တောင်သရက်) (၂၉)ချောင်း(၂.၃၅၀၆) တန်အားလည်းကောင်း(၂၁:၁၅)နာရီအချိန် ရေနက်ကြီး ရွာအနီးခမမပည-96.12’17.639E 17.24’51.030”N Fordland(6)ဘီးခေါင်းဝါပေါ်မှ ပျဉ်းကတိုး သဒီ မှတ် ကျောက်(၂၀၂)ချောင်း(၁.၉၃၇၄)တန်အားလည်းကောင်း အသီးသီးဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်တရားခံများအား ဥပဒေအရအရေးယူနိုင်ရန် ဆက်လက်ဆောင်ရွက်ဆဲဖြစ် ကြောင်း မြို့နယ်သစ်တောဦးစီးဌာနမှ ပြောရေးဆိုခွင့် ရှိသူ သစ်တောဦးစီအရာရှိထံမှ သိရှိရသည်။

ဟင်္သာ(တောင်တွင်းကြီး)

Leave a Reply

Your email address will not be published.