ရခိုင်စစ်ဘေးရှောင်စခန်းနဲ့ ကျောင်းပညာရေး

ချင်းပြည်နယ် ပလက်၀မြို့မှာ ရက္ခိုင့်တပ်မတော်(AA) နဲ့ မြန်မာ့တပ်မတော်တို့ နှစ်ဖက် တိုက်ပွဲတွေ ဖြစ်နေတာကြောင့် ဒေသခံတချို့ဟာ ရန်ကုန်တိုင်း မှော်ဘီမြို့ တပ်ကြီးကုန်းကျေးရွာကို ဒီနှစ် မတ်လ လောက်ကစပြီး ခေတ္တပြောင်းရွှေ့နေထိုင်နေကြရပါတယ်

တပ်ကြီးကုန်းကျေးရွာမှာ နေထိုင်သူအများစုက ချင်းပြည်နယ် မီးလက်၀၊ လောင်းကဒူး၊ သာကျော်၊ ရိက္ခာ၊ မြို့သစ်၊ ပလက်၀၊ ကျောက်တော်၊ ကူတန်ဝ၊ ဆမီး၊ တွီဆီးဝ၊ ကြွေသောင် အစရှိတဲ့ ကျေးရွာတွေကနေ ပြောင်းလာကြတာဖြစ်ပြီး လက်ရှိမှာ အိမ်ထောင်စု (၃၄)စု နဲ့လူဦးရေ (၁၃၀) ကျော်ရှိတယ်လို့ တပ်ကြီးကုန်း စစ်ရှောင်စခန်း တာ၀န်ခံက ပြောပါတယ်

စစ်ရှောင်စခန်း တာ၀န်ခံ အင်တာဗျူး

အခုလိုထွက်ပြေးတိမ်းရှောင်လာရတဲ့အထဲမှာ ကျောင်းတက်ရမယ့်ကျောင်းသားဿိးရေ(၄၉) ရှိရာမှာ အထက်တန်းပညာသင်ကြားရမှာကကိုတန်းကျောင်းသူ(၃)ဦးနဲ့ ဆယ်တန်းတက်ရောက်မယ့် ကျောင်းသူ တက်ရောက်ရမျာဖြစ်ပါတယ်။ ကျောင်းပြောင်းလက်မှတ်တွေမပါခဲ့လို့ ကျောင်းအပ်နှံရေး မှာအခက် အခဲရိှနေပါတယ်။ဆယ်တန်းတက်ရောက်ရမယ့်ကျောင်းသူဆိုရင် သူသင်ကြားရမယ့်အမှန်တကယ်ဘာသာ ရပ် နဲ့ ကွဲလွဲနေလို့ ကျောင်းပညာသင်ယူရာမှာအခက်တွေ့ ခဲ့ရတာပါ။

“မနန်းရွှေ – တပ်ကြီးကုန်းIDP Camp၊မှော်ဘီမြို့နယ်” အင်တာဗျူး

စစ်ရှောင်စခန်းမှာရှိတဲ့ ကျောင်းသား/သူတွေရဲ့ပညာရေးအတွက် ဒေသခံ အုပ်ချုပ်ရေးညှိနှိုင်းတိုင်ပင်ပြီး ပညာရေးကိစ္စရပ်တွေကို အဆင်ပြေစွာ တက်ရောက် သင်ကြားနိုင်ဖို့ ချင်းစစ်ဘေးရှောင်ပြည်သူများ အရေးပေါ်ကူညီရေးနှင့်ပြန်လည်ထူထောင်ရေးကော်မတီ(RRCCI)ကမိုင်နန်းဝေကအခုလိုပဲရှင်းပြပါတယ်။

မိုင်နန်းဝေ အင်တာဗျူး

ချင်းပြည်နယ် ပလက်ဝမှာ ၂၀၁၉ခုနှစ်အတွင်း အေအေ နဲ့ မြန်မာ့တပ်မတော် ကြား ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲပေါင်း (၅၃)ရာခိုင်နှုန်း ရှိခဲ့ပြီး ရှမ်းပြည်နယ် မြောက်ပိုင်းမှာ TNLA နဲ့ မြန်မာ့တပ်မတော် ကြား ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲပေါင်း (၂၈)ရာခိုင်နှုန်း ရှိတယ်လို့ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးဆိုင်ရာ မြန်မာ အင်စတီကျူ့(MIPS) ရဲ့ စစ်တမ်းတွေအရ သိရပါတယ်။

“စစ်တမ်း graphic” ရုပ်ကဒ်

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ရာစုပင်လုံ စတုတ္ထအကြိမ် အစည်းအဝေး ကို ဩဂုတ် (၁၉) ရက်ကနေ(၂၁)ရက်အထိသုံးရက်ကြာကျင်းပမှာဖြစ်ပါတယ်။အစည်းအဝေးမှာတစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA)အကောင်အထည်ဖော်မှုဆိုင်ရာမူဘောင်၊၂၀၂၀ အလွန် ငြိမ်းချမ်း ရေးလုပ်ငန်း စဉ်အဆင့်ဆင့်၊ ဒီမိုကရေစီဖက်ဒရယ်အခြေခံမူများဆိုတဲ့ အပိုင်းသုံးပိုင်းပါဝင်သော ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း ၃ ကိုချုပ်ဆိုမှာဖြစ်ပါတယ်။

FPNCC မှာ ပါဝင် တဲ့ မြောက်ပိုင်း မဟာမိတ် အဖွဲ့တွေကတော့ ကိုဗစ်(၁၉) ရောဂါ ပြန့်ပွားမှု ထိန်းချုပ်ရေး ကာလအတွင်း ခရီးအသွားအလာ ခက်ခဲတဲ့အတွက်ကြောင့် အဆိုပါက အစည်းအဝေးကို မတက်ရောက်တော့ကြောင်း သြဂုတ်လ(၁၃)ရက်နေ့က ထုတ်ပြန်ကြေညာခဲ့ပါတယ်။

Leave a Reply

Your email address will not be published.