ရွှေမန်း

ပြည်တွင်းစားသုံးသည့် ဆန် ဈေးကွက်တွင် ဆန်စက်များမှ ဆန်ထုတ်လုပ်မှုလျော့နည်းလာ သဖြင့် ပြီးခဲ့သည့် ရက်သတ္တတစ် ပတ်ခန့်ကစ၍ အနည်းငယ်ဈေး လှုပ်ခဲ့ပြီး လက်လီဈေးကွက်၌ ဆန်တစ်ပိုင်းလျှင် ငွေကျပ် ၃၀၀၀ မှ ၅၀၀၀ ဝန်းကျင် ဈေးမြင့်တက် လာကြောင်း သိရသည်။

´`ဆန်စက်တွေက လိုသလောက် ထုတ်မရောင်းနိုင်လို့ ဆန်သစ် ဈေးတက်လာတယ်။ စက်တွေက လျှပ်စစ်ဓာတ်အား လုံလောက်စွာ မရလို့ ဝယ်လိုအားရှိသလောက် စပါးကြိတ်ခွဲတာမလုပ်နိုင်တော့ တာရယ်၊ ပဲပေါ်ချိန်မှာ ဆန်ဈေး ကစားလာတာကြောင့် ဈေးလှုပ်လာ တယ်ထင်တယ်။ လေးရက်ဝန်း ကျင်လောက်မှာ ဆန်ဈေးလှုပ်လာ တာ´´ဟု စိန် ဆန်ပွဲရုံမှ ပြောသည်။

ဆန်ဈေးကွက်တွင် ဆန်သစ် များ ဈေးမြင့်တက်လာသဖြင့် လက် ကျန်ဆန်းဟောင်းများလည်း ဈေး တက်လာခဲ့ရာ ပေါ်ဆန်မွှေးထိပ်စ တစ်ပိုင်းလျှင် ငွေကျပ် ၉၀၀၀၀ ဝန်းကျင်ပေါက်ဈေးရှိပြီး အခြား ဆန်သစ်များမှာ အမျိုးအစား အလိုက် တစ်ပိုင်းလျှင် ငွေကျပ် ၃၀၀၀ ဝန်းကျင်နှင့်အထက် ဈေး တက်လာကြောင်း၊ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလအထိ ဆန်ဈေးကွက် တည်ငြိမ်နေရာက ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ဒုတိယပတ်မှစ၍ ဈေးလှုပ်လာပြီး စပါးဈေးမှာလည်း မြင့်လာကြောင်း သိရသည်။

“ဈေးတက်တာက တစ်ပတ် အတွင်း တက်သွားတာ။ ရွှေဘို ဘက်မှာလည်း လမ်းကြောင်း အခက်အခဲရှိတာရယ်၊ ဒီနှစ်မှာ ဆန်သစ်အထွက်နှုန်းနည်းတာရယ်နဲ့ အခြားအကြောင်းတွေကြောင့်ဖြစ် မယ်။ ပေါ်ဆန်းဘေးကြားဆိုရင် တစ်ပိုင်းကို တစ်သောင်းနီးပါး ဈေးတက်တယ်။ အခြားနယ်တွေ က အဝယ်လိုက်လာလို့ ရွှေဘိုဆန် တွေ ဈေးအတက်ဆုံးပြောရမယ်´´ဟု ကျော်ဆန်ပွဲရုံမှ ပြောသည်။

အလားတူ ပြည်ပတင်ပို့သည့် ဆန်ကြမ်းဈေးများလည်း ရက်ပိုင်း အတွင်း အနည်းငယ်မြင့်တက်လာ သကဲ့သို့ စပါးဈေးမှာလည်း တင်း ၁၀၀လျှင် ငွေကျပ် ၂၀၀၀၀မှ ၅၀၀၀၀ဝန်းကျင် ဈေးတက်လာ ကြောင်း၊ ဘင်္ဂလားဒေ့ရှ်မှ မြန်မာ့ ဆန်ကို G to G ဖြင့် နှစ်စဉ် ဝယ်ယူရန် စာချုပ်အရ ဇန်နဝါရီ ၉ ရက်ထိ ဆန်တန်ချိန် ၁၇၄၀၀၀ ကျော် တင်ပို့ပြီးဖြစ်၍ ဆန်တန်ချိန် ၂၅၀၀၀ကိုလည်း သင်္ဘောတင် နေဆဲဖြစ်ကြောင်း သိရသည်။

Leave a Reply

Your email address will not be published.